Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံခြားသား ကျောင်းသားတွေကို ဗီဇာပိုတင်းကျပ်ဖို့ အမေရိကန် အစိုးရ စီစဉ်

နိုင်ငံခြားသား ကျောင်းသားတွေအတွက် ဗီဇာစည်းမျဉ်းတွေကို ပိုမိုတင်းကျပ်ဖို့ အမေရိကန် အစိုးရက စီစဉ်နေပါတယ်။

ဓာတ်ပုံ - Getty

နိုင်ငံခြားသား ကျောင်းသားတွေအတွက် ဗီဇာစည်းမျဉ်းတွေကို ပိုမိုတင်းကျပ်ဖို့ အမေရိကန် အစိုးရက စီစဉ်နေပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ နိုင်ငံခြားသား ကျောင်းသားတွေအပေါ် ပိုပြီး တင်းကျပ်တဲ့ ဗီဇာ စည်းမျဉ်းတွေ တင်းကျပ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ နောက်ဆုံး အသိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး ဖက်ဒရယ် အစိုးရဆီက ခွင့်ပြုချက် မရရင် အမေရိကန်မှာ နိုင်ငံခြားသား ကျောင်းသားတွေဟာ ၄ နှစ်ထက် ပိုနေခွင့် မရှိဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ပါဝင်လာပါတယ်။

ပြီးတော့ နိုင်ငံခြားသား ကျောင်းသားတွေ အနေနဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ကျောင်းအပြောင်းအရွှေ့ လုပ်နိုင်ခွင့်တွေလည်း ပိုမို ကန့်သတ် ခံလာရမှာပါ။ လက်ရှိ အခြေအနေ အထိတော့ အဆင့်မြင့် ပညာရေးဆိုင်ရာ ဌာနတွေဟာ ဗီဇာ သက်တမ်း တိုးမြှင့်ပေးမှု လုပ်ကိုင်ခွင့်ကို ပိုင်ဆိုင်ထားပါတယ်။

စက်တင်ဘာလမှာ စတင် အသက်ဝင်လာမယ့် မူဝါဒဟာ ဗီဇာအလွဲသုံးစားမှုတွေ ဆိုးရွားလာတာကို တွန်းလှန်ဖို့၊ ပုံမှန် စောင့်ကြည့် စစ်ဆေးမှုတွေကနေ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး စံနှုန်းတွေကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အပြည်ပြည်ဆိုင်ရာ ပညာရပ် ဆရာများအသင်းကတော့ အခုမူဝါဒဟာ လမ်းလွဲနေပြီး လိုလည်းမလိုအပ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

အရင်က အမေရိကန်မှာ ပညာသင်ဖို့နဲ့ ယဉ်ကျေးမှု ဖလှယ်ရေးလို အစီအမံတွေအတွက် F-1နဲ့ J-1 ဗီဇာတွေ ကိုင်ဆောင်ပြီး ရောက်ရှိလာတဲ့ ကျောင်းသားတွေဟာ သူတို့ရဲ့ သင်ယူမှုတွေ ပြီးမြောက်တဲ့ထိ အမေရိကန်မှာ နေထိုင်ခွင့် ရှိပါတယ်။ စည်းမျဉ်း အသစ်အရတော့ သတ်မှတ်ထားတဲ့ ကာလတစ်ခုပဲ ကြာအောင် အမေရိကန်မှာ ဆက်နေခွင့် ရကြမှာ ဖြစ်ပါတယ်။

ပြည်တွင်း လုံခြုံရေးဝန်ကြီး မတ်ခ်ဝိန်းမူလင်းကတော့ နိုင်ငံခြားသား ကျောင်းသားတွေဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာအောင် အမေရိကန်ကို အကန့်အသတ်မရှိ ဝင်ရောက်ခဲ့ကြောင်း၊ အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး စနစ်တွေကို အကြိမ်ပေါင်း ထောင်ချီ အလွဲသုံးစားမှုတွေ ရှိခဲ့သလို အမေရိကန်ကနေ မပြန်ချင်လို့ ရည်ရွယ်ချက်ရှိရှိ ကျောင်းအပ်တာတွေ ဖြစ်ပေါ်ခဲ့ကြောင်း ဝေဖန် ပြောကြားသွားပါတယ်။

အမေရိကန်မှာတော့ ဘွဲ့ကြို သင်ရိုးအများစုဟာ ၄ နှစ် ကျောင်းတက်ဖို့ လိုအပ်ပြီး အဲဒီထက် အဆင့်မြင့်တဲ့ ဘွဲ့ဒီဂရီတွေ ရရှိနိုင်ဖို့ဆိုရင် ပိုပြီး အချိန်ကြာကြာ ကျောင်းတက်ဖို့ လိုပါတယ်။ အမေရိကန်မှာ နိုင်ငံခြားသား ကျောင်းသား အများစုဟာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အပါအဝင် ဘွဲ့ဒီဂရီ သင်တန်းတွေအတွက် ကျောင်းတက်ကြပြီး အချိန်အားဖြင့် ၄ နှစ်ထက်ပိုပြီး လိုအပ်ကြပါတယ်။

စည်းမျဉ်းသစ်မှာတော့ နိုင်ငံခြားသား ကျောင်းသားတွေဟာ ဘွဲ့ရပြီးတဲ့ အခါမှာဖြစ်စေ၊ ပညာရေးကနေ တခြားဗီဇာ တစ်ခုကို ပြောင်းလဲ လျှောက်ထားတဲ့ အခါမှာဖြစ်စေ၊ အမေရိကန်ကနေ ရက်ပေါင်း ၃၀ အတွင်း ထွက်ခွာရမှာပါ။ အရင်က အဲဒီကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပါတယ်။

အမေရိကန်မှာ ထရမ့်က ဒုတိယအကြိမ် သမ္မတ ဖြစ်လာချိန် ကတည်းက ရွှေ့ပြောင်းအခြေချသူတွေအပေါ် ပစ်မှတ်ထား ဖိနှိပ်လာသလို နိုင်ငံခြားသား ကျောင်းသား အရေအတွက်ကို လျှော့ချဖို့လည်း နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးလာနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ထိပ်တန်း တက္ကသိုလ် ကောလိပ်တချို့မှာ နိုင်ငံခြားသား ကျောင်းသား လက်ခံပိုင်ခွင့် အရေအတွက်ကို ကန့်သတ်ဖို့နဲ့ ကျောင်းသားတွေဆီက ဗီဇာရုပ်သိမ်းနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျော်ဒန်နိုင်ငံ ပိုင်နက်ထဲ အီရန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၂ ဦးသေပြီး ၁ ဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)ရဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ဖြန့်ကျက်ထားတဲ့ ရေတပ်တွေကို အချိန်ပြည့် စောင့်ကြည့်နေပြီး လက်တွေ့ တိုက်ခိုက်မယ့် အချိန်ကာလက တရွေ့ရွေ့ နီးကပ်လာနေပြီလို့ အီရန်က သတိပေးခဲ့ပါတယ်။

Facebook