Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ဒုတိယ သမ္မတအတွက် ဇနီးသည်က စတုတ္ထမြောက် ရင်သွေးလေး မွေးဖွားပေး

ဇနီးသည်က သားလေးတစ်ဦး မွေးဖွားပေးခဲ့ကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က အတည်ပြု ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဇနီးသည်က သားလေးတစ်ဦး မွေးဖွားပေးခဲ့ကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က အတည်ပြု ကြေညာခဲ့ပါတယ်။

ဒါဟာ ဗန့်စ်နဲ့ ဇနီးဖြစ်သူ အာရှာဗန့်စ်တို့ရဲ့ စတုတ္ထမြောက် ရင်သွေးလေးလည်း ဖြစ်ပါတယ်။ အဲလက်နီးလ်ဗန့်စ်လို့ နာမည်ပေးထားတဲ့ အထွေးဆုံး သားလေးကို ဇူလိုင် ၁၉ ရက် မနက်ပိုင်းတုန်းက မွေးဖွားခဲ့တာဖြစ်ကြောင်း ဗန့်စ်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

မိခင်ရော ကလေးပါ ကျန်းမာကြောင်း၊ ကလေးတွေ အားလုံးကလည်း သူတို့ရဲ့ ညီလေး၊ မောင်လေးကို မြင်ရလို့ စိတ်လှုပ်ရှား ပျော်ရွှင်နေကြောင်း ဗန့်စ်က ဆိုပါတယ်။

ကလေးကို ချောချောမောမော ဖွားမြင်နိုင်အောင် ကူညီပေးခဲ့တဲ့ ဝေါ်လ်တာရိဒ် ဆေးရုံက ဝန်ထမ်းတွေ၊ စစ်ဆရာဝန်တွေကိုလည်း ဗန့်စ်က ကျေးဇူးတင်ကြောင်း ပြောထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမိုင်းမှာတော့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယ သမ္မတ တစ်ဦးက ကလေးမွေးဖွားတာဟာ နှစ်ပေါင်း ၁၅၀ ကျော်အတွင်း ပထမဆုံးဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဗန့်စ်တို့ ဇနီးမောင်နှံမှာ သားနှစ်ယောက်နဲ့ သမီးတစ်ဦးလည်း ရှိပါသေးတယ်။ သူတို့တွေကတော့ ၉ နှစ်အရွယ် အီဝမ်ဗန့်စ်၊ ၆ နှစ်အရွယ် ဗီဗက်ခ်ဗန့်စ်နဲ့ ၄ နှစ်အရွယ် မီရာဘဲလ်ဗန့်စ်တို့ ဖြစ်ကြပါတယ်။

ဗန့်စ်ရဲ့ ဇနီးဖြစ်သူ အာရှာက အိန္ဒိယအနွယ်တစ်ဦး ဖြစ်ပါတယ်။ အာရှာရဲ့ မိဘတွေဟာ အိန္ဒိယ နိုင်ငံသား စက်မှုအင်ဂျင်နီယာနဲ့ မော်လီကျူး ဇီဝဗေဒ ပညာရှင်တွေ ဖြစ်ကြပြီး အမေရိကန်မှာ ပြောင်းရွှေ့ အခြေချခဲ့ကြတာပါ။ အာရှာဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့မှာ ကြီးပြင်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တုန်းက ယေးလ်တက္ကသိုလ်မှာ ဗန့်စ်နဲ့ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ဟာ အမေရိကန်မှာ ကလေးမွေးဖွားနှုန်း တိုးတက်သင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ သဘောဆန္ဒကို အတက်ကြွဆုံး ထောက်ခံသူ တစ်ဦး ဖြစ်ပါတယ်။

မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ စာအုပ်တစ်အုပ်ထဲမှာတော့ ဗန့်စ်က သူ့ဇနီးဟာ နောက်ထပ် ကလေးထပ်ယူဖို့ တွန့်ဆုတ်နေခဲ့ပေမယ့်လည်း ထရမ့်ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ် စည်းရုံးရေးမှူး ချာလီကာ့ခ် မနှစ်က လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အာရှာလည်း စိတ်ပြောင်းသွားပြီး ကလေးထပ်ယူဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

သူ့မိတ်ဆွေကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရပြီး သိပ်မကြာခင်မှာပဲ အာရှာလည်း စတုတ္ထ ကလေးအတွက် ကိုယ်ဝန်ရှိလာကြောင်း၊ အဲဒီကလေးက ယောက်ျားလေး တစ်ဦးဖြစ်ကြောင်း၊ ဘဝတစ်ခုကို သူတို့ဆီကနေ ခိုးယူသွားတာ ခံခဲ့ရပေမယ့် နောက်ထပ် ဘဝသစ်တစ်ခုကိုတော့ အစားပြန်ရလာကြောင်း ဗန့်စ်က ရေးသားထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။