Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်္ဂလန် အလိုအပ်ဆုံးအချိန်မှာ ဂိုး​တွေသွင်းခဲ့တဲ့ ဟယ်ရီကိန်း

နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာကွန်ဂိုနဲ့ပွဲစဉ်မှာ အဖွင့်ဂိုးပေးပြီး ရုန်းကန်ခဲ့ရပေမယ့် အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဓါတ်ပုံ-Getty Images

ဇူလိုင်-၂၊၂၀၂၆။People’s Spring

နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာကွန်ဂိုနဲ့ပွဲစဉ်မှာ အဖွင့်ဂိုးပေးပြီး ရုန်းကန်ခဲ့ရပေမယ့် အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အင်္ဂလန်က လူစုံတက်စုံနဲ့ ပွဲထွက်လာပြီး အာဖရိက အသင်းအပေါ် အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ကွန်ဂိုဖက်က ထိုးဖောက်မှု တချို့ကလည်း အင်္ဂလန်ကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ကွန်ဂိုဖက်မှာလည်း အင်္ဂလန် ပရီးမီးယားလိဂ် အခြေစိုက် ကစားသမားတွေဖြစ်တဲ့ ယိုအန်နေးဝစ္စာ၊ အေရွန် ဝမ်ဘစ်ဆာကာ၊ အေဆယ်လ် တွမ်ဇီဘီတို့ ပါဝင်ကစားခဲ့ပါတယ်။

အခုပွဲ အစပိုင်းမှာ နည်းနည်း ထိုင်းမှိုင်းနေတဲ့ ဒဏ်ကို အင်္ဂလန်အသင်း ခံစားခဲ့ရပြီး ပွဲချိန် ၇ မိနစ်မှာတင် ဂိုးပေးခဲ့ရပါတယ်။ အဲဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ထိုးဖောက်လာတဲ့ ဘရိုင်ယန် ကင်ဘမ်ဘီ စီပန်ဂါက သူ့ရဲ့ လက်ရွေးစင် အသင်းအတွက် ဗွေဆော်ဦး ဂိုးအဖြစ် အနီးတိုင် ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂိုးပေးလိုက်ရတဲ့နောက် အင်္ဂလန်က တိုက်စစ်ကို ပိုဖွင့်ကစားလာပြီး တစ်ဖက်မှာလည်း ကွန်ဂိုက ဂိုးထပ်ရလုနီးပါး အခြေအနေတွေ ရှိခဲ့ပါတယ်။ဒါပေမဲ့ပထမပိုင်းပြီးဆုံးတဲ့ထိအင်္ဂလန်က ချေပဂိုး မရခဲ့ဘဲ ကွန်ဂိုကပဲ ဦးဆောင်နေခဲ့ပါတယ်။

အင်္ဂလန်အတွက်ချေပဂိုးကိုတော့ပွဲချိန် ၇၅ မိနစ်မှာ အန်တိုနီဂေါ်ဒွန် ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဧရိယာထဲကနေ အပိုင်ခေါင်းတိုက်ပြီး ကိန်းက ရယူပေးခဲ့ပါတယ်။ နောက်ထပ် ၁၀ မိနစ်လောက် အကြာမှာ ဂေါ်ဒွန်ပဲ ဖန်တီးပေးတာကို ကိန်းက ကန်ချက်ပြင်းပြင်းနဲ့ ဂိုးရယူပြီး အင်္ဂလန်အတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကိုရှာဖွေပေးသွားခဲ့ပါတယ်။အင်္ဂလန် အသင်းရဲ့ အစောပိုင်း ပွဲစဉ်တွေမှာ ထင်သလောက် ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံခဲ့ရတဲ့ တောင်ပံတိုက်စစ်မှူး ဂေါ်ဒွန်ဟာ အခုပွဲမှာတော့ အရန်ခုံကနေ ထလာပြီး ကိန်းရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးသွားနိုင်ခဲ့တာပါ။

ကိန်းကအခုသွင်းဂိုး ၂ ဂိုး​ကြောင့် ​စုစု​ပေါင်း သွင်းဂိုး ၅ ဂိုးရှိလာပါတယ် ။ဒါ​ကြောင့်ရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲမှာ မက်ဆီ ၊မက်ဘီ ၆ ဂိုး စီ​​​နောက်မှာ ၊ ကိန်းက ဟာလန် တို့က ၅ ဂိုးစီ နဲ့ဖိအား​ပေးနိုင်လာတာပါ ။အဂ်လန်အလိုအပ်ဆုံးအချိန်မှာ အသင်း​ခေါင်း​ဆောင်ကဂိုး​တွေသွင်း​ပေးနိုင်ခဲ့တာဖြစ်ပါတယ် ။

အခုပွဲစဉ်မှာ အနိုင်ရခဲ့တဲ့နောက် အင်္ဂလန်ဟာ လက်ရှိပြိုင်ပွဲမှာအထူးခြေစွမ်းပြနေပြီးပွဲတိုင်းနိုင်၊ ပေးဂိုး လုံးဝမရှိသေးတဲ့ ပူးတွဲအိမ်ရှင် မက္ကဆီကို အသင်းနဲ့ ၁၆ သင်းရှုံးထွက် အဆင့်မှာ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။

ကိုးကား FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိ ကွန်ဂိုမှာ ကြုံတွေ့နေရတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေဟာ နိုင်ငံသမိုင်းတလျှောက် ကြုံဖူးသမျှ ကူးစက်မှုတွေထဲမှာ မြန်နှုန်း အမြင့်ဆုံး ဖြစ်လာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ လီဗာပူး အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း ကီဗင်ကီးဂန်းဟာ အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Facebook