Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုန်သွယ်ဖက်တွေအပေါ် သွင်းကုန်အခွန် စည်းကြပ်မှု အစီအစဉ်အသစ်ကို အမေရိကန် ကြေညာ

ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ အစုအဖွဲ့တွေ စုစုပေါင်း ၆၀ လောက်ကို အမေရိကန်က သွင်းကုန်အခွန်အခ စည်းကြပ်မှု အသစ်တွေ သတ်မှတ် ပြဋ္ဌာန်းလိုက်ပါတယ်။

ဓာတ်ပုံ - AP

ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ အစုအဖွဲ့တွေ စုစုပေါင်း ၆၀ လောက်ကို အမေရိကန်က သွင်းကုန်အခွန်အခ စည်းကြပ်မှု အသစ်တွေ သတ်မှတ် ပြဋ္ဌာန်းလိုက်ပါတယ်။

အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်စည်တွေကို အကြောင်းအမျိုးမျိုးပြပြီး အခွန်တင်းကျပ်တာဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရက မိတ်ဖက်တွေရော၊ ပြိုင်ဘက်တွေ အပေါ်မှာပါ နိုင်ငံရေး အသာစီးယူဖို့ အဓိက ကျင့်သုံးနေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာတော့ ပစ်မှတ်ထား အခွန်တိုးမြှင့်ခံရတဲ့ နိုင်ငံတွေဟာ အဓမ္မ ခိုင်းစေမှုတွေကို ထိထိရောက်ရောက် တားဆီးဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခွန်တိုးလိုက်တာ ဖြစ်ပါတယ်။ သတ်မှတ်ချက် အသစ်အရ ကုန်သွယ်ဖက် နိုင်ငံတွေဟာ အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်စည်တွေရဲ့ တန်ဖိုးအပေါ် အခြေခံပြီး ၁၀ ရာခိုင်နှုန်းကနေ ၁၂.၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာပါ။

အဲဒီထဲမှာတော့ ဗြိတိန်၊ တရုတ်၊ ဥရောပ သမဂ္ဂ (EU)၊ ဂျပန်နဲ့ အိန္ဒိယတို့လည်း ပါဝင်နေပါတယ်။ နှစ်ဆန်းပိုင်းတုန်းက အမေရိကန်က သတ်မှတ်ခဲ့တဲ့ နိုင်ငံခြား ကုန်စည်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံရေး ယာယီ အမိန့် သက်တမ်း ကုန်ဆုံးချိန်မှာပဲ အခုအမိန့်သစ်က ဇူလိုင် ၂၄ ရက်နေ့မှာ စတင် အသက်ဝင်လာမှာပါ။

Public Service Announcement

Public Service Announcement

မနှစ်တုန်းက အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်ရှိလာချိန် ကတည်းက အစပျိုးခဲ့တဲ့ နိုင်ငံတကာ ကုန်သွယ်ရေး အားပြိုင်မှု ဂယက်ဟာ အခုအမိန့်ကြောင့် နောက်တစ်ကြိမ် ဆွေးနွေး ငြင်းခုံစရာတွေ ဖြစ်လာနိုင်ပါတယ်။

နှစ်ဆန်းပိုင်းမှာတော့ အမေရိကန် တရားရုံးချုပ်က သမ္မတ ထရမ့်အနေနဲ့ အရေးပေါ် အမိန့်တွေကို အသုံးပြုပြီး နိုင်ငံတကာ ကုန်သွယ်ခွန်တွေ တိုးမြှင့် ကောက်ခံခဲ့တဲ့ လုပ်ရပ် အများစုဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထရမ့်ဟာ အရေးပေါ် အမိန့်တွေကို သုံးမယ့်အစား တခြား အကြောင်းပြချက်တွေ တစ်ခုပြီးတစ်ခုပေးပြီး သူ့ရဲ့ အခွန်မူဝါဒတွေကို သက်တမ်း ဆွဲဆန့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လမှာတော့ ပြည်တွင်းက အဓမ္မ ခိုင်းစေမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတချို့ကို ကုန်သွယ်ခွန် ၁၀ ကနေ ၁၂.၅ ရာခိုင်နှုန်း တိုးကောက်သင့်တယ် ဆိုတာကို အိမ်ဖြူတော်က စတင် အဆိုပြုလာခဲ့ပါတယ်။ အဲဒီတုန်းက အဆိုပြုထားတဲ့ အခွန်နှုန်းထားတွေက အခုအခါ စတင် အသက်ဝင်လာတော့မယ်လို့ ထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ် ဂျေမီဆန် ဂရီရာက ဇူလိုင် ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း ထရမ့်ရဲ့ အစိုးရဟာ ၁၉၃၀ ခုနှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ အခွန်စည်းကြပ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၈ ကို အသုံးပြုပြီး ကနေဒါကနေ တင်သွင်းလာတဲ့ ကုန်စည်အမျိုးအစား တချို့ကို အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ကြေညာခဲ့ပါတယ်။

အခုနောက်ဆုံး သတ်မှတ်တဲ့ အခွန်စည်းမျဉ်းသစ်ကတော့ အမေရိကန်ရဲ့ ထိပ်တန်း ကုန်သွယ်ဖက် ၆၀ စလုံးကို အကျုံးဝင်စေမှာ ဖြစ်ပါတယ်။ အမေရိကန်ဆီ ဝင်ရောက်လာသမျှ ပြည်ပပို့ကုန် အားလုံးရဲ့ ၉၉.၄ ရာခိုင်နှုန်းလောက်ဟာ အဲဒီ ကုန်သွယ်ဖက်တွေဆီကနေ ရောက်ရှိလာကြတာပါ။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ ရေယာဉ်တစ်စီးကို အီရန်က ရန်ပြုတိုက်ခိုက်တိုင်း အီရန်ရဲ့ တံတားတစ်စင်း၊ ဒါမှမဟုတ် ဓာတ်အားပေး စက်ရုံတစ်ခုလည်း ဖျက်ဆီးခံရစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား အစိုးရတွေဟာ နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။