Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်ကျော်လာတဲ့ ရုရှားဒရုန်းကို ရိုမေးနီးယား တိုက်လေယာဉ် ပစ်ချ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၂ ရက် မနက်အစောပိုင်းက ယူကရိန်းနိုင်ငံ တောင်ပိုင်းမှာ ရုရှားက တိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာ အိမ်နီးချင်း ရိုမေးနီးယား ပိုင်နက်ထဲထိ ရုရှားဒရုန်းတစ်စီး ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ဒရုန်းဟာ ဒနူဘီ မြစ်ရိုးနားမှာ ရိုမေးနီးယား လေပိုင်နက်ထဲ မိနစ် ၂၀ လောက်ကြာအောင် တရစ်ဝဲဝဲ ရှိနေတဲ့နောက် ရိုမေးနီးယား လေတပ်ရဲ့ F-16 တိုက်လေယာဉ် နှစ်စီးဟာ လေပိုင်နက်ကို ကာကွယ်ဖို့ အရေးပေါ် ပျံတက်ခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ F-16 တစ်စီးဟာ ရုရှားဒရုန်းကို ပစ်ချခဲ့တာကြောင့် နိုင်ငံပိုင်နက်ထဲက ရေပြင်တစ်နေရာကို ကျဆင်းသွားခဲ့တယ်ုလိ့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရိုမေးနီးယားဟာ လေပိုင်နက်ထဲ ရုရှားဒရုန်းတွေ ဝင်ရောက်လာတဲ့ ဖြစ်စဉ်တွေကို မကြာခဏ ကြုံနေရပါတယ်။ ဇူလိုင် ၂၄ ကနေ ၂၆ ရက်အတွင်း ရိုမေးနီးယား လေကြောင်းကာကွယ်ရေး စနစ်တွေဟာ လေပိုင်နက် ကျူးကျော်လာတဲ့ ရုရှားဒရုန်း ၃ စီးကို ပစ်ချခဲ့ပါတယ်။

မေလ ၂၉ ရက်နေ့တုန်းကတော့ ရုရှားဒရုန်း တစ်စီးဟာ ဂါလာတေးမြို့ထဲက လူနေတိုက်ခန်းပေါ် ပျက်ကျလို့ လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အစောပိုင်း ဖြစ်စဉ်တွေမှာ ကြားဖြတ်ပစ်ချခဲ့တဲ့ ရုရှားဒရုန်းတွေကတော့ Shahed အမျိုးအစားတွေ ဖြစ်တယ်လို့ ယုံကြည်ရကြောင်း ရိုမေးနီးယား သမ္မတ နစ်ကာဆာ ဒန်က မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေကို ယူကရိန်း စစ်ပွဲမှာ ရုရှားက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားဆီက လေပိုင်နက် ကျူးကျော်ထိပါးမှုတွေ မကြာခဏ ကြုံလာတဲ့နောက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရိုမေးနီးယား အစိုးရဟာ နိုင်ငံရဲ့ အချုပ်အခြာ လေပိုင်နက်ထဲ ခွင့်ပြုချက် မရှိဘဲ ဝင်လာတဲ့ အရာတွေကို ပစ်ချခွင့်ပြုမယ့် ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။

ရိုမေးနီးယားဟာ NATO စစ်မဟာမိတ် အဖွဲ့နဲ့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ယူကရိန်းနဲ့ ကီလိုမီတာ ၆၀၀ လောက် ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ယူကရိန်းကို ပစ်ခတ်တဲ့ ရုရှားဒုံးကျည်တစ်စင်းဟာ NATO အဖွဲ့ဝင် ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့ပြီး အဲဒီဖြစ်ရပ်အတွက် ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။