Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားက ဒုံးကျည် ၁၀ စင်းထက်မနည်း စမ်းသပ်

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေချိန်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက တာတို ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေချိန်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက တာတို ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယား သမ္မတရုံးက ဩဂုတ် ၂၀ ရက်နေ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို ရှုတ်ချကြောင်း ကြေညာခဲ့သလို လက်ရှိ စစ်ရေးလေ့ကျင့်မှု ကာလအတွင်း ကာကွယ်ရေး အစီအမံတွေကို အသင့်ပြင်ထားဖို့လည်း တောင်ကိုရီးယား စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားက ပြုံယမ်းမြို့တော်နားကနေ ကိုရီးယားကျွန်းဆွယ် အရှေ့ဖက် ပင်လယ်ပြင်ဆီ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တဲ့နောက် တောင်ကိုရီးယား အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ စစ်ဘက် အရာရှိကြီးတွေ တက်ရောက်တဲ့ အရေးပေါ် လုံခြုံရေး အစည်းအဝေး တစ်ရပ်ကိုလည်း ခေါ်ယူခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သတ်မှတ်ချက်တွေကို အကြီးအကျယ် ချိုးဖောက်လိုက်တာ ဖြစ်ကြောင်း တောင်ကိုရီးယားက ထုတ်ပြန်ပြီး မြောက်ကိုရီးယားရဲ့ အဲဒီ လုပ်ရပ်မျိုးတွေ ချက်ချင်းရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ လောက်ထိ ပျံသန်းပြီး ပင်လယ်ပြင်ထဲ ကျဆင်းသွားခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ပါတယ်။ ဂျပန် အစိုးရနဲ့ ကမ်းခြေစောင့်တပ်ကလည်း မြောက်ကိုရီးယား ဒုံးကျည်တွေဟာ ပင်လယ်ထဲ ကျဆင်းသွားခဲ့ပြီး ဖြစ်သလို ဂျပန်ရေပိုင်နက်အလွန်မှာ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ ရေပြင်ထဲထိ ဝင်မလာခဲ့ကြောင်း ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နှစ်စဉ် ပူးပေါင်း အကောင်အထည်ဖော်တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို မူလက ၁၁ ရက် ပြုလုပ်ဖို့ လျာထားခဲ့ပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ညွှန်ကြားချက်ကြောင့် ၅ ရက်တည်းနဲ့ အပြီးသတ်မှာဖြစ်ပြီး ဩဂုတ် ၂၁ ရက်နေ့မှာ ပြီးဆုံးပါမယ်။ ထရမ့်က အဲဒီ စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားအပေါ် မသင့်မတော် ရန်လိုသလို ဖြစ်နေတယ်လို့လည်း ပြောပြီး လေ့ကျင့်မှုရဲ့ အတိုင်းအတာ ပမာဏရော၊ ကြာမြင့်ချိန်ကိုပါ လျှော့ချဖို့ အမေရိကန် စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကတော့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်က လျှော့ချလိုက်ပေမယ့် ဆက်လက် လုပ်ဆောင်နေတာကို ကြည့်ရင် မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားဆဲဆိုတာ မြင်သာကြောင်း ဝေဖန် ပြောဆိုသွားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတိုင်းကို မြောက်ကိုရီးယားက ခါးခါးသီးသီး ကန့်ကွက်လေ့ရှိပြီး ကျူးကျော်စစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေလို့လည်း စွပ်စွဲလေ့ ရှိပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ သမိုင်းတလျှောက် ကြုံဖူးသမျှ အပြင်းထန်ဆုံး ဖြစ်လာစေမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

အခုနှစ်ကုန်ပိုင်းလောက်ကျရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖြစ်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။