Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘော့စ်နီးယား သားသတ်သမားလို့ နာမည်ကျော်တဲ့ ဆာ့ဘ်စစ်ဗိုလ်ချုပ်ဟောင်း ထောင်ထဲမှာ သေဆုံး

ဘော့စ်နီးယား သားသတ်သမားလို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူ ဆာ့ဘ်အနွယ် ဘော့စနီးယား စစ်ဗိုလ်ချုပ်ဟောင်း ရတ်ကို မလာဒစ်ဟာ အသက် ၈၄ နှစ် အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဘော့စ်နီးယား သားသတ်သမားလို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူ ဆာ့ဘ်အနွယ် ဘော့စနီးယား စစ်ဗိုလ်ချုပ်ဟောင်း ရတ်ကို မလာဒစ်ဟာ အသက် ၈၄ နှစ် အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။

သူဟာ ယူဂိုဆလားဗီးယားစစ်ပွဲ၊ ဆက်စပ်ဖြစ်ပွားတဲ့ ဘော့စ်နီးယား စစ်ပွဲတွေအတွင်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဆရီဘရန်နီကာ လူသတ်ပွဲနဲ့ ဆာရာယေဗိုမြို့ကို စစ်တပ်က ဝန်းရံပိတ်ဆို့ထားမှုတွေကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေတုန်းက ဘော့စ်နီးယားမှာ ဆာ့ဘ်အနွယ် မဟုတ်တဲ့ ပြည်သူတွေအပေါ် လူမျိုးရေး သုတ်သင် ရှင်းလင်းမှုတွေ ကျူးလွန်ခဲ့တာကြောင့် သူ့ကို ဘော့စ်နီးယား သားသတ်သမားလို့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

ဘော့စ်နီးယား စစ်ပွဲအပြီး ၁၉၉၅ ခုနှစ်မှာ ကုလသမဂ္ဂ (UN)က ဖွဲ့စည်းပေးတဲ့ ယူဂိုဆလားဗီးယား စစ်ပွဲဆိုင်ရာ ရာဇဝတ်ခံရုံး (ICTY)က မလာဒစ်ကို လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ လူသတ်မှု၊ အကြမ်းဖက်မှု၊ အရပ်သားတွေကို တိုက်ခိုက်မှုစတဲ့ စွဲချက်တွေအတွက် ဝရမ်းထုတ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ သူ့ကို ဆာဘီးယား နိုင်ငံထဲမှာ ဖမ်းမိခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ICTYက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သလို ပြစ်ဒဏ်အပေါ် အယူခံဝင်မှုကိုလည်း နောက်ဆက်တွဲ ပယ်ချခဲ့ပါတယ်။ သူဟာ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့က UNရဲ့ ထိန်းသိမ်းရေး အကျဉ်းစခန်းတစ်ခုမှာ ဩဂုတ် ၂၇ ရက်နေ့က သေဆုံးသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကြောင့် အကျဉ်းကျခံရမှုကနေ လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တချို့က တောင်းဆိုခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မလာဒစ်ဟာ ၁၉၉၂ ကနေ ၁၉၉၅ ခုနှစ် ကြာမြင့်ခဲ့တဲ့ ဘော့စ်နီးယား စစ်ပွဲကာလမှာ ဘော့စ်နီးယား ဆာ့ဘ် စစ်တပ် (VRS)ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီတုန်းက ဆာရာယေဗိုမြို့ကို သူ့ရဲ့တပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီးအရပ်သားတွေ ကြောက်လန့်စေဖို့ လက်ဖြောင့် စနိုက်ပါတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ ကာလတွေတုန်းက ဆာ့ဘ်စစ်သားတွေဟာ အရပ်သားတွေကို အပျော်သဘော လက်တည့်စမ်း ပစ်ခတ်ခဲ့တဲ့ စက်ဆုပ်စရာ လုပ်ရပ်တွေကိုပါကျူးလွန်ခဲ့ပါတယ်။

ဆရီဘရန်နီကာလူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အဲဒီစစ်ပွဲမှာ အညစ်ထေးဆုံး လုပ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ UNက လုံခြုံရေးဇုန်လို့ သတ်မှတ်ထားတဲ့ နေရာကို မလာဒစ်ရဲ့ တပ်တွေက သိမ်းယူပြီးတဲ့နောက် မွတ်ဆလင် အမျိုးသားတွေ၊ ယောက်ျားလေးတွေ ၇၀၀၀ ကျော်ကိုရည်ရွယ်ချက်ရှိရှိစနစ်တကျ သုတ်

သင်သတ်ဖြတ်ခဲ့ပါတယ်။အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း ဆရီဘရန်နီကာကနေ မောင်းထုတ်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်ကို နောက်ပိုင်းမှာUNကလူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ်သတ်မှတ်ခဲ့ပါတယ်။

မလာဒစ်ရဲ့ တပ်တွေဟာ ဘော့စ်နီးယားအနှံ့က မွတ်ဆလင်နဲ့ ခရိုအက် အနွယ်ဝင်တွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ အဓမ္မ ရွှေ့ပြောင်းစေတာမျိုးတွေကို ကျူးလွန်ခဲ့ပါတယ်။ ဖမ်းဆီးနှိပ်စက်မှုတွေမှာလည်း ကိုယ်လက်အင်္ဂါဖြတ်တောက်တာမျိုးတွေထိ ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြောင်းတရားရုံးမှတ်တမ်းတွေကဖော်ပြထားပါတယ်။ဒါကြောင့်လည်းသူဟာဘော့စ်နီးယား သားသတ်သမားဆိုတဲ့ဆိုးရွားတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာပါ။

ICTYမှာ မလာဒစ်အတွက် စီရင်ချက်ချဖို့ နောက်ဆုံး လျှောက်လဲမှုတွေမှာတော့ အစိုးရရှေ့နေ အလန်တိုင်ဂါက တရားခံ ဖြစ်သူဟာ လူ့အသက်တွေကို အစိုးရပြီး သေခြင်းကို စီရင်ပိုင်ခွင့်ရှိတဲ့ အာဏာရှင်တစ်ယောက်လို ပြုမူခဲ့ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

မလာဒစ်ကတော့ တရားစီရင်စစ်ဆေးမှု တလျှောက်လုံးမှာနောင်တရတဲ့အရိပ်အယောင်မျိုး လုံးဝ မပြခဲ့သလို အပြစ်ရှိကြောင်းလည်း ဝန်မခံခဲ့ပါဘူး။ အဲဒီဆိုးရွားတဲ့ လုပ်ရပ်တွေဟာ သူ့အမိန့်နဲ့ မဟုတ်ဘဲလက်အောက်ငယ်သားတွေက ကျူးလွန်တာသာ ဖြစ်တယ်လို့ မလာဒစ်က ငြင်းဆိုခဲ့ပေမယ့် ICTYကတော့ သူ့ကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး အခုအခါထောင်ထဲမှာပဲသေဆုံးသွားတာဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘော့စ်နီးယား ဟာဇီဂိုးဗီးနား အသင်းကို တစ်ယောက်လျော့ အနေအထားမှာ အနိုင်ယူပြီး အမေရိကန်က ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။ ရှေ့ပွဲစဉ်တွေမှာ ကနေဒါနဲ့ မက္ကဆီကိုတို့လည်း အသီးသီး နောက်တစ်ဆင့် တက်ထားပြီ ဖြစ်တာကြောင့် ပူးတွဲအိမ်ရှင် သုံးသင်းစလုံး ၁၆ သင်း ရှုံးထွက်အဆင့်ကို...