Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေနံတင်သင်္ဘောကို အီရန် တိုက်ခိုက်ခဲ့ကြောင်း ဆော်ဒီစွပ်စွဲ၊ သင်္ဘောသား နှစ်ဦးသေဆုံး

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက်နေ့တုန်းက ဆော်ဒီပိုင် Supertankerအဆင့် ရေနံတင် သင်္ဘောကြီး တစ်စီးကို အီရန်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆော်ဒီ ရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Bahriက Sidr ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို စက်တင်ဘာ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သင်္ဘောဟာ ဟောမုဇ်ရေလက်ကြားနားမှာ ရှိနေချိန် တိုက်ခိုက်ခံရပြီး ဖိလစ်ပိုင် နိုင်ငံသား အမှုထမ်း ၂ ဦး သေဆုံးကြောင်း ကုမ္ပဏီက ဆိုပါတယ်။ တောင်ကိုရီးယားပိုင် supertanker နောက်တစ်စီး ဖြစ်တဲ့ Senegal Prosperityဟာလည်း တူညီတဲ့ အချိန်လောက်မှာပဲ အဲဒီဒေသမှာ တိုက်ခိုက် ခံခဲ့ရပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာပဲ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း Sidr ရေနံတင် သင်္ဘောကို ပစ်ခတ်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆော်ဒီ ရေနံတင် သင်္ဘောကို အီရန်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဆော်ဒီဖက်က စွပ်စွဲချက်အပေါ် အီရန်က ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ အစောပိုင်းတုန်းကတော့ ဟောမုဇ်နားမှာ ခွင့်ပြုချက် မရဘဲ ဖြတ်သန်းခုတ်မောင်းလာတဲ့ supertanker နှစ်စီးကို တိုက်ခိုက်ခဲ့လို့ မီးလောင်ကုန်ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ကြေညာထားပါတယ်။

တစ်ချိန်တည်းမှာပဲ တစ်လလောက်ကြာအောင် ရပ်ဆိုင်းနေခဲ့တဲ့ အီရန်-အမေရိကန် တိုက်ခိုက်မှုတွေဟာလည်း အခုသီတင်းပတ်ထဲမှာ ပြန်လည် စတင်လာပါတယ်။ အမေရိကန်ရဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲမှုတွေအတွင်း အီရန်မှာ ၁၈ ဦးသေပြီး ၁၀၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အီရန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေက စမတ် လက်ပတ်နာရီတွေ ဝတ်ဆင်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေးစည်း ကျိုးပေါက်နိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံက ဖဲဖို့ဒ်လေတပ်စခန်းမှာ ဖြန့်ကျက်ထားတဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ အားလုံးကို အမေရိကန်က ပြန်လည် ရုပ်သိမ်းထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပင်လယ်နီ ရေလမ်းကြောင်းကို ပြန်ဖွင့်ဖို့အတွက် ဆော်ဒီအာရေးဘီးယားဟာ ဟိုသီ ပြောက်ကျားတွေအပေါ် အကြီးစား ထိုးစစ်တစ်ခု ဆင်နွှဲဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Trending

Facebook