Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေနံတင်သင်္ဘောကို အီရန် တိုက်ခိုက်ခဲ့ကြောင်း ဆော်ဒီစွပ်စွဲ၊ သင်္ဘောသား နှစ်ဦးသေဆုံး

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက်နေ့တုန်းက ဆော်ဒီပိုင် Supertankerအဆင့် ရေနံတင် သင်္ဘောကြီး တစ်စီးကို အီရန်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆော်ဒီ ရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Bahriက Sidr ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို စက်တင်ဘာ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သင်္ဘောဟာ ဟောမုဇ်ရေလက်ကြားနားမှာ ရှိနေချိန် တိုက်ခိုက်ခံရပြီး ဖိလစ်ပိုင် နိုင်ငံသား အမှုထမ်း ၂ ဦး သေဆုံးကြောင်း ကုမ္ပဏီက ဆိုပါတယ်။ တောင်ကိုရီးယားပိုင် supertanker နောက်တစ်စီး ဖြစ်တဲ့ Senegal Prosperityဟာလည်း တူညီတဲ့ အချိန်လောက်မှာပဲ အဲဒီဒေသမှာ တိုက်ခိုက် ခံခဲ့ရပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာပဲ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း Sidr ရေနံတင် သင်္ဘောကို ပစ်ခတ်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆော်ဒီ ရေနံတင် သင်္ဘောကို အီရန်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဆော်ဒီဖက်က စွပ်စွဲချက်အပေါ် အီရန်က ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ အစောပိုင်းတုန်းကတော့ ဟောမုဇ်နားမှာ ခွင့်ပြုချက် မရဘဲ ဖြတ်သန်းခုတ်မောင်းလာတဲ့ supertanker နှစ်စီးကို တိုက်ခိုက်ခဲ့လို့ မီးလောင်ကုန်ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ကြေညာထားပါတယ်။

တစ်ချိန်တည်းမှာပဲ တစ်လလောက်ကြာအောင် ရပ်ဆိုင်းနေခဲ့တဲ့ အီရန်-အမေရိကန် တိုက်ခိုက်မှုတွေဟာလည်း အခုသီတင်းပတ်ထဲမှာ ပြန်လည် စတင်လာပါတယ်။ အမေရိကန်ရဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲမှုတွေအတွင်း အီရန်မှာ ၁၈ ဦးသေပြီး ၁၀၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အီရန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားရဲ့ နာမည်ကို သူ့နာမည် ပြောင်းသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးငယ် အပါအဝင် အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အမေရိကန် တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေး ဝန်ကြီးနဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် အမေရိကန် ကြည်းတပ် ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။