Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေကြီးမှုအပြီး ၁၀ ရက်လောက် ပိတ်မိနေသူ နီပေါ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို ကယ်ဆယ်

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

သူတို့နှစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်ရရှိခဲ့တာဟာ တကယ့် အံ့ဖွယ်သရဲ ကိစ္စမျိုးလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောကြားခဲ့ပါတယ်။ ရွှံ့နွံတွေ ပေပွနေတဲ့ ကျင်းပေါက်တစ်ခုထဲကနေ ပထမဆုံး အမျိုးသားကို ခေါ်ထုတ်နိုင်ချိန်မှာ ကယ်ဆယ်ရေး အဖွဲ့တွေက ဝမ်းသာအားရ ကောင်းချီးပေးပြီး လက်ခုပ်တီး ဂုဏ်ပြုခဲ့ပါတယ်။ ဒုတိယ တစ်ယောက်ကတော့ ကျန်းမာရေး ပိုပြီး ဆိုးရွားနေဟန်ရှိပြီး သူ့ကို ဆွဲထုတ်ကတည်းက ထမ်းစင်ပေါ် တင်ထားရတာကို တွေ့ရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက အဲဒီ ရေအားလျှပ်စစ် စက်ရုံ ဝန်ထမ်းနှစ်ဦးကို ကယ်ထုတ်နေပုံ ဗီဒီယိုကို နီပေါ စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန် ပြသခဲ့ပါတယ်။

သတင်းကြားကြားချင်း ပြောမပြတတ်အောင် ဝမ်းသာမိတယ်လို့ အသက်ရှင် လွတ်မြောက်လာသူ အသက် ၄၅ နှစ်အရွယ် ကာဘာ မဟာဂျန်ရဲ့ ညီဖြစ်သူ အေမာ မဟာဂျန်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်အားပေးစက်ရုံ အလုပ်သမားနှစ်ယောက်ကို ရေကြီးပြီး ၁၀ ရက်လောက် အကြာမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်တယ်ဆိုတဲ့ သတင်းဟာ ဟိမဝန္တာ တောင်ခြေက နီပေါ ရေအားလျှပ်စစ် စက်ရုံတွေရဲ့ ရေအောက် ဥမင်တွေထဲ ပိတ်မိပျောက်ဆုံးနေသူ ဝန်ထမ်း ရာဂဏန်းအတွက် မျှော်လင့်ချက် အလင်းစလေးလည်း ဖြစ်လာပါတယ်။

ကယ်ဆယ်ရရှိသူတွေဟာ စက်မှုကြီးကြပ် အရာရှိ မဟာဂျန်နဲ့ အသက် ၃၀ အရွယ် အလုပ်သမားခေါင်း ဆန်ဂျေးရှားတို့ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီး ဆူဒန် ဂူရွန်းက ပြောကြားခဲ့ပါတယ်။ နီပေါ စစ်တပ်ကတော့ လူနှစ်ယောက်ကို ကယ်ထုတ်ပြီးတာနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ချက်ချင်း ပြန်စခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သူတို့နှစ်ဦးကို ရှာတွေ့ခဲ့တဲ့ ထရီရှူလီမြစ် ရေအားလျှပ်စစ် စက်ရုံရဲ့ ဥမင်အမှတ် 3Aမှာ နောက်ထပ် ပျောက်ဆုံးနေသူတွေ ရှိနေဆဲလို့ စွမ်းအင်ဝန်ကြီး ဘီရက်ဂျ် ဘက်ခ်တာက ဆိုပါတယ်။ အဲဒီ စက်ရုံဝန်ထမ်းတွေကို လိုက်ရှာတဲ့ မစ်ရှင်မှာတော့ နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေကို အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယားတို့ရဲ့ ကျွမ်းကျင်သူတွေက အကူအညီ ပေးနေပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဝန်ထမ်းတွေ ပိတ်မိနေတယ်လို့ ယူဆရတဲ့ ဥမင်တွေကို တွင်းတူးပြီး ရှာဖွေခဲ့ပေမယ့် အပျက်အစီးတွေကြောင့် ပိတ်ဆို့နေတဲ့ နေရာတွေကိုပဲ ခဏခဏ ဝင်တိုးမိနေခဲ့ပါတယ်။

ထရီရှူလီ 3A ဥမင်တဝိုက်မှာ ကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့ဟာ စက်တင်ဘာ ၄ ရက် မနက်အစောပိုင်းတုန်းက ဥမင်အတွင်းပိုင်းကနေ တိုးဖျော့ဖျော့ တုံ့ပြန်သံကို ကြားခဲ့ရပါတယ်။ အဲဒီနောက် စိတ်မလျှော့ဖို့နဲ့ လာကယ်ဖို့ ကြိုးစားနေတဲ့အကြောင်း အတွင်းထဲကို လှမ်းအသိပေးပြီး ဝင်ရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ တစ်နာရီလောက် အကြာမှာတင် မဟာဂျန်နဲ့ ရှားတို့ကို ရှာတွေ့ပြီး နှစ်ဦးစလုံးကို အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တာပါ။

ရေခဲမြစ်တစ်ခု ကျိုးပျက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရုတ်တရက် ရေကြီးမှုကြောင့် နီပေါနဲ့ တိဘက်မှာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးပြီး ၅၀၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးပြီး ရေကြီးနစ်မြုပ်မှုကြုံတွေ့နေတဲ့ ရေကြည်မြို့မှာ မိချောင်းတစ်ကောင် တွေ့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ဖမ်းဆီးနိုင်ရေးကြိုးပမ်းနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်စပ်ဒေသမှာ လူပေါင်းထောင်ချီ သေကြေ ပျောက်ဆုံးခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအပြီး နီပေါ အစိုးရဟာ နိုင်ငံကြီး သုံးခုဆီကနေ နစ်နာကြေး တောင်းဆိုဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။