Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရပ်ဖက် ရေယာဉ်တွေကို အီရန်နဲ့ အမေရိကန် အပြန်အလှန် တိုက်ခိုက်

အီရန်နဲ့ အမေရိကန်တို့ဟာ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထားပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြသလို နှစ်ဖက်ကြား စစ်ရေးအရ တင်းမာမှုတွေဟာ ဆက်တိုက် ပြန်လည် မြင့်တက်လာနေပါတယ်။

ဓာတ်ပုံ - US Central Command

အီရန်နဲ့ အမေရိကန်တို့ဟာ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထားပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြသလို နှစ်ဖက်ကြား စစ်ရေးအရ တင်းမာမှုတွေဟာ ဆက်တိုက် ပြန်လည် မြင့်တက်လာနေပါတယ်။

စက်တင်ဘာ ၅ ရက်နေ့မှာ အီရန်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ရေနံတင် သင်္ဘောနှစ်စီးကို ဆက်ပြီး မောင်းနှင်လို့ မရတော့တဲ့ အခြေအနေထိ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက တစ်စီးဟာ အီရန်ရဲ့ မဟာဗျူဟာအရ အချက်အခြာကျတဲ့ ခါ့ဂ်ကျွန်းနားမှာ ရှိနေခဲ့တာပါ။ ဒါ့အပြင် အိုမန်ပင်လယ်ကွေ့မှာ ရှိနေတဲ့ နောက်ထပ် အီရန် ရေယာဉ် တစ်စီးကိုတော့ လုံးဝဥဿုံ ချေမှုန်း ဖျက်ဆီးပစ်ခဲ့တယ်လို့ အမေရိကန်က ဆိုပါတယ်။

အီရန် အစိုးရ မီဒီယာကလည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး အမေရိကန်နဲ့ အဆက်အစပ်ရှိတဲ့ အရပ်ဖက် ရေယာဉ် ၃ စီးကို လက်တုံ့ပြန် ပစ်ခတ်ခဲ့သလို အီရန်က ခွင့်ပြုချက် မပေးဘဲ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ရေနံတင် သင်္ဘော ၃ စီးကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ တစ်လလောက်ကြာအောင် တိုက်ပွဲတွေ ရပ်နေခဲ့ရာက အခုလဆန်းပိုင်းလောက်ကစပြီး နေ့စဉ် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိလာခဲ့တာပါ။

Public Service Announcement

Public Service Announcement

အခုနောက်ဆုံး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဘာမှတ်ချက်မှ မပေးသေးပေမယ့် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ အဓိပ္ပါယ်က ရိုးရိုးလေးဖြစ်ကြောင်း၊ အီရန်က အမေရိကန် သင်္ဘောတွေကို ပစ်ခတ်ရင် အီရန်ရဲ့ ရေနံတင် သင်္ဘောတွေကို အမေရိကန်က ဖျက်ဆီး နှစ်မြှုပ်မှာ ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

အီရန်က စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)ကတော့ အမေရိကန်က အီရန်နဲ့ ပတ်သက်တဲ့ ရေနံတင် သင်္ဘောတွေကို မတိုက်ခိုက်ခင် ဒေသတွင်း ရေပြင်မှာ ရှိနေတဲ့ အမေရိကန် စစ်သင်္ဘော နှစ်စီးကို အီရန်က စတင်ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းမှာ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့မှုတွေကို အမေရိကန် စစ်သင်္ဘောတွေက အောင်အောင်မြင်မြင် တိမ်းရှောင်နိုင်ခဲ့တယ်လို့လည်း CENTCOMက ဆိုပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောတစ်စီးနဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော တစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်သလို အမေရိကန် ရေတပ်သားတွေအားလုံး အထိအခိုက် မရှိခဲ့ဘူးလို့ CENTCOM ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ CENTCOMဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်ရဲ့ နိုင်ငံရပ်ခြား စစ်ဆင်ရေး ကဏ္ဍတွေကို ကွပ်ကဲနေတဲ့ စစ်ဌာနချုပ် ဖြစ်ပါတယ်။

အီရန်စစ်ပွဲက ၆ လကျော်လာတဲ့ထိ မပြီးဆုံးသေးသလို ဟောမုဇ် ရေလက်ကြားလည်း အပိတ်ခံထားရဆဲ ဖြစ်တဲ့အတွက် နိုင်ငံတကာ ရေနံစျေးတွေက ဆက်လက် မြင့်တက်နေဆဲပါ။ ရေနံစျေးနဲ့ လောင်စာစျေးတွေ တက်လို့ ကုန်စျေးနှုန်းတွေပါ လိုက်တက်နေခြင်းကြောင့် ထရမ့်ဟာလည်း အမေရိကန် ပြည်သူတွေဆီက ဖိအားပေး ဝေဖန်မှုတွေနဲ့ ကြုံနေရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ MQ-9A တိုက်ခိုက်ရေး ဒရုန်းတွေကို ဆုံးရှုံးမှု မြင့်တက်လာတဲ့နောက် အမေရိကန် လေတပ်ဟာ စျေးပိုသက်သာတဲ့ မျိုးဆက်သစ် ဒရုန်းတစ်မျိုးကို အစားထိုးနိုင်ရေး ပိုပြီး အရှိန်မြှင့် အားထုတ်လာနေပါတယ်။

နိုင်ငံတကာ

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အီရန်က မင်္ဂလာဆောင် တစ်ခုကို အမေရိကန်ဒုံးကျည် ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။