Connect with us

Hi, what are you looking for?

ကဗျာ

‘ရှေ့တန်းတနေရာက တခန်းရပ် ပန်း ပြဇာတ်’

◼️ယောနသံ

သူက ‘ပန်း’ ပါတဲ့
မကြွေရဲရင် အစကတည်းက
ဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့
ပြတ်ပြတ် သားသား။

ဆူးပါတဲ့နှင်းဆီလည်း
ကြွေတတ်တာပဲ‌နော် ဆိုတော့
*”ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။

လူ့စည်း ဘီးလူ့စည်း
အသဲစားရဲမှ သားရဲဖြစ်မှာ
ပန်းမှာလည်း
ပန်းရဲ့စည်းတော့ ရှိရမပေါ့။

Public Service Announcement

Public Service Announcement

ဒါဟာ စစ်ပွဲတစ်ခုပဲလေ။

ကိုယ်က ဘီလူး ပါ
ဘီလူးတော့ ဘီလူး ဒါပေမယ့်
သာမန် သားသတ်လွတ်သမား
ပန်းစားဘီလူး။

ပန်းက မင်းဖြစ်နေတာတော့
တို့ကြမ္မာပေါ့..

အို…..တဲ့

အသံ‌လေးက ကြားရတယ်ဆိုရုံ
လေထဲ တိုးတိုးလေး

မလုံ့တလုံ ဖုံးအုပ်ထားတဲ့
ခန်းဆီးစ ပုဝါ ပါးလွှာလွာလေး
မပွင့်တပွင့် အပြုံးဖူးဖူးလေး
လေအဝေ့မှာ လှလိုက်တာ…

မိုးလင်းသွားရင်
လွမ်းခန်းနဲ့ သိမ်းရမယ့်ဇာတ်ဆိုတာ
တစ်ယောက်နဲ့ တစ်ယောက်က
ကြုံဖူးပြီးသား

မတော်တဆ
ပြန်‌‌တွေ့လို့ ဆုံမိကြရင်လည်း
လွမ်းတာကို လွမ်းတယ်လို့မပြောပဲ
သတိရတယ်လို့ပဲ ဖွပြီးပြောကြေး။

ဒီစစ်ထဲ
ဗိုလ်လုပ်ချင်တဲ့ကောင် ဆိုရင်
ကိုယ်တိုင်တိုက်ခိုက် သိမ်းပိုက်ထားနိုင်တဲ့
နှလုံးသားတောင်ကုန်းလေး တစ်ခုတော့
အပိုင် ရှိထားသင့်တာပေါ့။

နှလုံးသားကိုဖောက်ဝင်မယ့်
ကျည်ဆံဟာ စိုင်လန့်ဆာတပ်ပြီး
တိတ်တိတ်လေး လာနေတယ်
ရဲဘော်…။

၅/၃/၂၀၂၅
(* မောင်ချောနွယ်)

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ယောနသံ’ ရဲ့ “ရှေ့တန်းတနေရာက တခန်းရပ် ပန်း ပြဇာတ်” ကဗျာကို People’s Springက ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

တလမ်းလုံး စကားတခွန်းမှမပြောပဲ မှိုင်လာတဲ့ ကိုလင်း။ အဖွဲ့စည်းကိစ္စတွေ ခေါင်းထဲမရှိ။ သူပြောပြောလာတာ “ငါ ပြန်အဆင်ပြေပါ့မလားကွာ”တဲ့။

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ရသစာတမ်းငယ်

စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ■ ထွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း” (အနန္တသူရိယ- မျက်ဖြေလင်္ကာ) Public Service Announcement ‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင်...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

Facebook