Connect with us

Hi, what are you looking for?

ကဗျာ

‘လမ်း’

လူစိတ်ပျောက်လောက်အောင်

တစ်ပတ်လုံးမိုးရွာနေတာတောင်

မိုးကာခြုံထားတဲ့ဘဝတွေ ရွေ့နေတုန်းပဲ

◼️အောင်ဖြိုးဝေ

လူစိတ်ပျောက်လောက်အောင်

တစ်ပတ်လုံးမိုးရွာနေတာတောင်

မိုးကာခြုံထားတဲ့ဘဝတွေ ရွေ့နေတုန်းပဲ

Public Service Announcement

Public Service Announcement

တစ်နေ့တစ်နေ့ အညာဒေသလို ရွေ့ရင်း

ရန်ကုန်ကို မျှော်ကြည့်လိုက်ရင်

မီးခိုးမြူတွေနဲ့

လူငယ်နံ့တွေ

နေရောင်ကို မြင်ရတာလို

အဓိပ္ပါယ်အပြည့်နဲ့ သတင်းတွေ

ပေါင်ငါးရာဗုံးတွေရဲ့ လားရာလမ်းကြောင်းဟာ

ငါတို့နေ့စဥ်ဘဝဆိုလည်း

အေးအေးဆေးဆေး ငါတို့ ဘန်ကာတူးမှာ

ငါတို့အရှေ့မြောက်ဘက်မှာ

ခွေးတွေနွားလို ပြေးနေတာ ရုရှားလုပ်တွေနဲ့

ဘားမားသားသတ်သမား စောက်ခွက်ကို

အခုထိ မြင်နေရတုန်းပဲ

ပါရီတွေကိုင်ပြီး သွားနေတဲ့ တိုက်ပွဲဆီက

အလင်းရောင်၊ မျှော်လင့်ချက် ၊ အနာဂတ်

သုံးခုပေါင်းထားတဲ့

သတင်းတစ်ခုအဖြစ် ပြန်လာဖို့

ချစ်ဦးရဲ့ ပြန်မတွေ့နိူင်တော့တဲ့

အချစ်ဦးလေးအတွက်

ငါတို့ပေးနိူင်တာလည်း

မျက်ရည်ကျနေတဲ့ ရီအက်ရှင်ကလေးနဲ့

တိတ်ဆိတ်​​​ခြင်းနဲ့ သစ္စာရှိမှုပါပဲ

တစ်တပ်လုံးစာ

ငါချက်ထားတဲ့ စားစရာတွေဟာ

အဝေးကို ရောက်သွား

သူတို့ခွဲတမ်းများအတွက်

အမြဲလွမ်းဆွတ်တယ်

ကြံရည်ဖန်ရည်တွေသောက်တိုင်း

တစ်ယောက်နဲ့တစ်ယောက်

ပြင်ပေးရတဲ့ ပုံစံတွေအကြောင်း

သတိရရင်း

တောင်တွေဟာ တဖြည်းဖြည်း မမြင့်တော့ဘူး

တောတွေဟာ တဖြည်းဖြည်း မနက်တော့ဘူး

လမ်းတွေဟာ တဖြည်းဖြည်း ဖြောင့်ဖြူးလာတယ်

မိုင်ဆန်းတစ်ကောင်ပြီးတော့

နောက်တစ်ကောင် ရောက်လာသလိုမျိုး

ငါတို့နားလည်ခဲ့ပြီးသား ဒုက္ခဆင်းရဲတွေဟာ

ငါတို့တောင်ယာဆီရောက်ရင် မရှိတော့ဘူး ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​​​အောင်ဖြိုး​ဝေ’ရေးဖွဲ့တဲ့ “လမ်း” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...