Connect with us

Hi, what are you looking for?

ကဗျာ

“အိုးထိန်းတွင်း ဒိုင်ယာရီ”

စာသင်ခန်းမှာ လွယ်အိတ်လေးချန်ပြီး

ကျနော် အိမ်ကို ပြန်လာခဲ့ပါတယ် အမေ။

◾ချမ်းငြိမ်း

စာသင်ခန်းမှာ လွယ်အိတ်လေးချန်ပြီး

ကျနော် အိမ်ကို ပြန်လာခဲ့ပါတယ် အမေ။

အော်သံ၊ ငိုသံ ဆူညံနေတော့

Public Service Announcement

Public Service Announcement

ကျနော့် ခေါ်သံကို အမေ မကြားလို့လား

ကျနော့်ကို မကြည့်ဘဲ

ကျောင်းဘက်ဆီကို အမေပြေးသွားနေတယ်။

အစတုန်းက

ကောင်းကင်က ဝေါကနဲ အသံကြောင့်

အားလုံး ပုန်းစရာရှာကြသေးတယ်

မြန်လိုက်တာ အမေရယ်

ကျနော် ခြေအလှမ်းမှာပဲ

ဝုန်းကနဲအသံက ရောက်လာတယ်။

မျက်လုံးတွေ အမှောင်ပိကျ

အမေရေလို ကျနော် တ လိုက်မိသေးရဲ့

ပြန်သတိရတော့ လမ်းပေါ်မှာ

ကျနော် အိမ်ကို ပြန်ပြေးနေတာပါပဲ။

မီးခိုးတွေ၊ ဖုံမှုန်တွေကြား

ကျနော့်ခြေထောက်တွေ လွတ်လပ်ပေါ့ပါးနေတယ်

အနီးအနားက အော်သံတွေ

တဖြည်းဖြည်း ဝေးသွားသလိုပဲ

ကြားရ၊ မြင်ရ

ဘာမှ ဖမ်းဆုပ်လို့ မရတော့ဘူး အမေ။

အမေ့အသံနောက် ကျနော်ပြန်လိုက်လာတော့

အမေက

ကလေးတယောက်ကို ပိုက်ပွေ့

ကျနော့် နာမည်ကို အော်ခေါ်နေတာ တွေ့တယ်

ကျနော် ဒီမှာ အမေ

စာသင်ခန်းမှာ လွယ်အိတ်လေးချန်ပြီး

အမေဆီ ကျနော် ပြန်လာပြီလေ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ချမ်းငြိမ်း’

ရေးဖွဲ့တဲ့ “​အိုးထိန်းတွင်း ဒိုင်ယာရီ” ကဗျာကို

People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ