Connect with us

Hi, what are you looking for?

ကဗျာ

ရာသီဆိုးတဲ့ ကောင်းကင်”

လူတွေဟာ
အချစ်နဲ့တွေ့ရင် နုပျိုသွားတတ်ကြပြီး
စစ်နဲ့တွေ့ရင်တော့ ရင့်ရော်သွားတတ်ကြပါတယ်
အမြဲတမ်းညို့ဆိုင်းနေတတ်တဲ့ ရာသီမှာ
အပြာရောင်ကောင်းကင်ထဲက ကြယ်ဖြူလေးကို
မက်မက်မောမော ရှာဖွေကြည့်မိတာ
အပြစ်ဆိုစရာ မဟုတ်ကြောင်းပါ မေရီဆိုင်းနွယ်။

 မင်းသွင်

လူတွေဟာ
အချစ်နဲ့တွေ့ရင် နုပျိုသွားတတ်ကြပြီး
စစ်နဲ့တွေ့ရင်တော့ ရင့်ရော်သွားတတ်ကြပါတယ်
အမြဲတမ်းညို့ဆိုင်းနေတတ်တဲ့ ရာသီမှာ
အပြာရောင်ကောင်းကင်ထဲက ကြယ်ဖြူလေးကို
မက်မက်မောမော ရှာဖွေကြည့်မိတာ
အပြစ်ဆိုစရာ မဟုတ်ကြောင်းပါ မေရီဆိုင်းနွယ်။

ပြန်လာဖို့ မသေချာတဲ့ခရီးမှာ
ပြန်လာမယ်လို့ ကတိပေးခဲ့တာ အမှားမဟုတ်တဲ့အကြောင်း
မေရီဆိုင်းနွယ် သိစေချင်ပါတယ်
ရာထူး အာဏာတွေကြား သာယာနေသူတွေကို
မေရီဆိုင်းနွယ်ရဲ့ ခြေဖဝါးက မြေမှုန်လေးလောက်
မကြောက်တတ်ခဲ့ပါဘူး
အာဏာရူးတွေကြားမှာ မေတ္တာရူးခဲ့ရသူမို့
တော်လှန်သူတို့ ရပ်ဝန်းမှာ
ကျနော်တို့ဟာ ပြည်သူရဲ့မေတ္တာကို ရခဲ့ပါတယ်။

သေရဲလို့လား မေးခဲ့တုန်းက
သေရဲတာပေါ့လို့ ပေါ့ပေါ့ပါးပါး ဖြေခဲ့ပေမဲ့
ပြန်မတွေ့ကြတော့မှာကိုတော့
သေမလောက် ကြောက်တတ်ခဲ့ပါပြီ
လေယာဉ်တွေ ခဏခဏလာတဲ့အခါ
ကိုယ်စီးစရာ ခရီးစဉ်မပါတဲ့အကြောင်း သိခဲ့ပြီး
ဥမင်လှိုင်းခေါင်းဟာ ခဏတာခိုနားစရာဆိုပေမဲ့
မေရီဆိုင်းနွယ် ရင်ခွင်ဟာ တဘဝစာ ခိုလှုံရာ။

Public Service Announcement

Public Service Announcement

ပိုးဖလံတွေလို မီးတောက်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခြင်းဟာ
ကိုယ့်လွတ်မြောက်မှုနဲ့ကိုယ်ပါ
ရေပေါ် ဆီတွေရဲ့ အလိုက်သင့် မျောလွင့်ခြင်းမှာ
ကျနော်ဟာ ဆားတပွင့်သာပဲ ဖြစ်ချင်ခဲ့ပါတယ်
မီးပုံထဲက ရုန်းထွက်ပျံတက်လာတဲ့
ဖီးနစ်ငှက်ရဲ့ လွတ်လပ်ခြင်းမျိုးကို
နံဘေးကရပ်ကြည့်နေသူတွေ မသိနိုင်ပါဘူး။

တောင်းတဲ့ဆုတွေ ပြည့်ကြစတမ်းဆိုရင်
တိုင်းပြည်ကြီး ငြိမ်းချမ်းချင်တယ်
မေရီဆိုင်းနွယ် လက်ကိုဆွဲပြီး ခရီးထွက်ချင်တယ်
စစ်အတွင်းမှာ ပင်ပန်းခဲ့သမျှ
ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ
ရင်ခွင်တခုထဲ အမှီပြုချင်တယ်
စစ်နဲ့တွေ့ခဲ့ပြီး ရင့်ရော်ခဲ့သမျှ
အချစ်နဲ့တွေ့ပြီး နုပျိုချင်တယ်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မင်းသွင်’
ရေးဖွဲ့တဲ့ “ရာသီဆိုးတဲ့ ကောင်းကင်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

တလမ်းလုံး စကားတခွန်းမှမပြောပဲ မှိုင်လာတဲ့ ကိုလင်း။ အဖွဲ့စည်းကိစ္စတွေ ခေါင်းထဲမရှိ။ သူပြောပြောလာတာ “ငါ ပြန်အဆင်ပြေပါ့မလားကွာ”တဲ့။

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ရသစာတမ်းငယ်

စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ■ ထွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း” (အနန္တသူရိယ- မျက်ဖြေလင်္ကာ) Public Service Announcement ‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင်...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

Facebook