Connect with us

Hi, what are you looking for?

ကဗျာ

“ကျုံးထောင့်က မမနီ”

■ ​နေကြာ

(၁)
မောင်ရေ…
တော်လှန်ရေးသမားတယောက်ရဲ့
ခြေထောက်တွေက အသုံးမဝင်ဘူးလို့
ဘယ်သူပြောရဲလဲ။
အဲ့ဒီခြေထောက်တွေကြောင့်ပဲ
မောင်ဟာ
မီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။
ရွာပျက်တွေကို ဖြတ်ခဲ့တာ။
လူတချို့ရဲ့ မျှော်လင့်ချက်ကို
ပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။
မောင့်ခြေထောက်တွေဟာ
အိမ်ပြန်လမ်းကို မေ့မထားတဲ့
သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။

(၂)
မောင်က
စိတ်ညစ်စရာရှိတိုင်း
မမနီကို တိုင်ပင်ချင်တယ်ဆိုတော့
မမနီလည်း ဒီလိုပါပဲ မောင်။
ညဘက်တွေမှာ
ဖုန်းသံလေးတချက်ကို စောင့်ရင်း
“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့
စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။
မောင်တို့ခေတ်က
အချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။
ဒါပေမယ့်
မောင်အသက်ရှင်နေသရွေ့
မမနီရဲ့ နှလုံးသားထဲမှာ
အိမ်တလုံးစာ နွေးထွေးမှုတော့
အမြဲရှိနေမယ်။

(၃)
မောင်ရေ…
တနေ့နေ့တော့
မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။
သေနတ်သံတွေ ငြိမ်သွားမယ်။
ညမထွက်ရအမိန့်တွေ ပျောက်သွားမယ်။
အဲ့ဒီနေ့ကျရင်
မမနီနဲ့ မောင်
ဘုရားစေတီတွေ အတူဖူးကြမယ်။
မီးမလောင်သေးတဲ့ စေတီတွေ ရှိဦးမယ်။
ခေါင်းလောင်းသံတွေ ရှိဦးမယ်။
ဆုတောင်းသံတွေ ရှိဦးမယ်။
ပြီးတော့
တိုင်းပြည်ကြီးလည်း
နည်းနည်းတော့ ပြန်ပြုံးတတ်လာလိမ့်မယ်။
မောင် ခုချိန်ကြည့်ရင်
မမနီကို မြူတွေနဲ့ မမြင်နိုင်တော့ဘူး မထင်ပါနဲ့
မောင်ဆိုတဲ့နေမင်း ထွက်လာရင် မြူတွေကင်းသွားပါလိမ့်မယ်။

Public Service Announcement

Public Service Announcement

(၄)
အခုတော့
မမနီက ကျုံးထောင့်မှာ
စောင့်နေပါ့မယ် မောင်။
လက်ဖက်ရည်အေးသွားတဲ့အထိ
ညနေခင်းကို ငေးရင်း
လူအုပ်တွေကြား
မောင့်မျက်နှာကိုပဲ ရှာနေမိမယ်။
မောင်ပြန်လာရင်
တော်လှန်ရေးအကြောင်း မပြောနဲ့ဦး။
နိုင်ငံရေးအကြောင်း မပြောနဲ့ဦး။
မမနီက
မောင့်ပခုံးပေါ်က ဖုန်တွေကိုပဲ
အရင်ခါချင်တယ်။

(၅)
အနမ်းတွေက
နှစ်သန်းပေါင်းများစွာ ရှင်သန်ခဲ့တယ်ဆိုရင်
မောင်နဲ့ မမနီရဲ့အချစ်ကလည်း
ဒီစစ်ပွဲတွေထက် ပိုရှည်ကြာလိမ့်မယ်။
တနေ့နေ့
ကျုံးထောင့်လေးမှာ
မမနီပြုံးနေတာကို
မောင်ထိုင်ကြည့်နေတဲ့အချိန်ရောက်ရင်
အဲ့ဒါဟာ
နိုင်ငံတနိုင်ငံ ပြန်အသက်ရှင်လာတဲ့
အသံတိတ်အောင်ပွဲပဲ ဖြစ်လိမ့်မယ်။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​နေကြာ’​ ရေးဖွဲ့တဲ့ “ကျုံးထောင့်က မမနီ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ■ ထွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း” (အနန္တသူရိယ- မျက်ဖြေလင်္ကာ) Public Service Announcement ‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင်...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ရသစာတမ်းငယ်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ Public Service Announcement (The Call...

Facebook