Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

အမုန်းနဲ့ အချစ်ကြား

▪︎ဘဘဝ

တလရမိတ်ဆွေ တယောက် သတင်းပါးတယ်။ ကိုဘိုရေ “လူတွေ ၅ ယောက်ကျ ၊ ၈ ယောက် ဆေးရုံမှာ ၊ ဖြတ်တောက်ရမှာ ၂ ယောက် …

Safety SOP မလိုက်နာလို့ Spark ထွက်ပြီး ထကွဲတာ …”

ဆုံးရှုံးလိုက်ရတဲ့ရဲဘော်တွေအသက်က နှစ်ဆယ်ကျော် ဝန်းကျင်တွေ။စစ်မိစ္ဆာကို အဆုံးအရှုံးများစွာဖြင့်တော်လှန်နေရတာ။ကိုယ်ကတော့ ပိုကူညီအားဖြည့်ထောက်ပို့ လုပ်ပေးဖို့ မိတ်ဆွေကို အားပေးရတယ်။ သူ့တပ်သားတွေ အဆုံးအရှုံး (မရှိသလောက် ) နည်းတာ သိနေခဲ့တာကို။ ခုတကြိမ်မှာတော့မိတ်ဆွေခေါင်းဆောင်ဖြစ်သူ သူ့ရင် မချိအောင် နာနေလေရဲ့။

Public Service Announcement

Public Service Announcement

မနေ့ကဘဲ သူ လှမ်းပို့တဲ့ မောင်လစ် ၊ ဒေါ့စ်၊ plug X တို့ရဲ့podcast ကိုနားထောင်ဖြစ်တယ်။ မိနစ်လေးဆယ်စာလောက်ရှည်တယ်။နည်းမျိုးစုံနဲ့ ဒီလူငယ်တွေ တော်လှန်ရေးဆင်နွှဲတာ ထင်ရှားတယ်။အသိညာဏ်ပညာ ဆိုင်ရာတော်လှန်ရေးထိ ရောက်တယ်။

သူတို့ကြွေခဲ့ရတဲ့ သူတို့ကဗျာအိုင်ဒေါကြီးတွေ၊ သူ့တို့ တလရခရီး မှာ မီးပြတိုက် မဖြစ်တော့လို့သူတို့ လမ်းခွဲ ရတာကို ပေါ့ပေါ့ပါးပြောသွားတာ။ မိုက်တယ်။

ဘောမတဲ့လက်နဲ့ ရိုင်ဖယ်ကိုင်တဲ့ လက်တွေ ဘယ်တော့မှ မဆုံကြတော့ဘူးဆိုတဲ့ အထိ။အသိပညာလမ်းခွဲကိစ္စ။ ဒီစနစ်ပြိုကျ ဖယ်ရှားဘို့ ရိုင်ဖယ်ကိုင်တဲ့ လက်တွေ ၊ ကလောင်ကိုင်တွေလက်တွေ ပိုအားစိုက်ဖို့ဘဲ။တတ်အားသမျှ ကူနေကြတဲ့ ပြည်သူရယ်၊တမိုးအောက်မှာ မှန်တဲ့ဘက်ရပ်တဲ့ တူမီးကနေ ရိုင်ဖယ်ကိုင် ရဲဘော်အပေါင်းရယ်၊ မြေကြီးထဲရောက်သွားကြပြီဖြစ်တဲ့ ခက်သီ၊ ကေဇဝင်းတို့မှသည် သူရဲကောင်းများအတွက်တက်တူးထိုးအလေးပြုရုံမှတပါးအခြားမရှိ၊

ခက်သီတို့ အတွက် ဘာသာပြန် ကဗျာရေးပို့လိုက်တယ်၊ တမလွန်က ဖတ်ပါလေဘရို၊

အမုန်းနဲ့အချစ်ကြား

____________

စစ်ပွဲစနေပြီဆိုတော့ ပိုလွယ်တယ်။

-ကာထရီနာ ကလိုက်သ် (Kateryna Kalythe)

အမုန်းနဲ့အချစ်ကြား

တစ်ချိန်က သစ်တောကြီးတစ်တော မိုးထိမြင့်မား ထူထပ်၊ အိမ်တွေ၊ အိမ်တွေ။

အခုတော့ သစ်ပင်တွေမရှိတော့။ မီးတွေ၊ မီးတွေ၊ အဆောက်အအုံတွေမရှိ။

အချစ်နဲ့အမုန်းကြား ကျွန်တော်တို့ကို ကြည့်ပါဦး။ ကျွန်တော်တို့ ကိုယ်ကိုမတ်မတ်ထားပြီး လမ်းလျှောက်နေ။

ရှင်းလင်းပြတ်သားမှုက ကြည်စင်လွန်းအားကြီးလို့ ဘယ်သူကမှ မျက်လုံးတွေ မှိတ်လိုက်ဖို့ သတိမရကြဘူး။

တချို့လည်း မမြင်မကန်းနဲ့ လှဲချလိုက်ကြတယ်၊ မြို့ဆင်ခြေဖုံးက ပန်းခြံတွေထဲမှာ။ ချန်နေရစ်သူတွေကလည်း ပျားရည်နဲ့ ချိတ်ပိတ်ထားသလို သူတို့နှုတ်ခမ်းတွေက အချစ်နဲ့အမုန်းစကားလုံးတွေကိုပဲ ထပ်ကြော့ဆိုနေကြရဲ့။

ဟုတ်ခဲ့၊

ကျွန်တော်တို့က ပြားတဲ့ကမ္ဘာတစ်ခုရဲ့ သံတမန်တွေ၊ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ဝေါဟာရက ဆန့်ကျင်ဘက်စကားလုံး။

ကျွန်တော်တို့ဆီကနေ သိမ်မွေ့တဲ့ကွဲပြားချက်ကို စောင့်နေသူတွေ၊ ကာလာဓာတ်ပုံရိုက်ဖို့ ဒီကိုရောက်လာသူတွေက ကျွန်တော်တို့ကို မေ့သွားလေရဲ့။

ခင်ဗျားတို့အားထုတ်မှုတွေ

ကျွန်တော်တို့ရဲ့ ကျောက်တုံးတွေ စုစည်းထားမှုလို၊ စတိတ်စင်က မီးနဲ့လင်းနေတဲ့ ခပ်နိမ့်နိမ့်စားပွဲက ကျွန်တော်တို့ရဲ့ ပြည်သူဆိုင်ရာအထူးအဖွဲ့တွေလိုပဲ အလဟဿဖြစ်ကုန်မယ်။ ခွင့်လွှတ်ပါလေ။ ဒါက ကျွန်တော်တို့ရဲ့ ဓာတ်မှန်ရိုက်ထားတဲ့

အရိုးနဲ့အရေ။ ဒီအချိန်မှာ ကျွန်တော်တို့ ဘာမှ မသယ်ဆောင်ထားခဲ့ကြဘူး။

ဘဘဝ

အိုစတက်ပ် ဆီဗင်းစကီး(Ostap Slyvynsky)

Katie Farris and Ilya Kaminsky က ယူကရိန်းမှ အင်္ဂလိပ်ဘာသာပြန်သည်။

စေတနာ့ဝန်ထမ်းတစ်ဦး

_______________

ကြောင်ကလွဲလို့ သူ့အိမ်မှာ ဘယ်သူမှမရှိတော့ဘူး…ကြောင်နှစ်ကောင် သုံးလေးကောင်၊ဆယ်ကောင်လောက်သာ၊ မကြာသေးမီရက်သတ်ပတ်များမှာအိမ်နည်းချင်းတွေလည်းမြို့ကိုစွန့်ခွါပြီးတနေတကျေးထွက်ပြေးကုန်ကြပြီပဲ။သူမ ခင်ပွန်းနှင့်သားဖြစ်သူက မြို့ကိုကာကွယ်နေကြ။

တပတ်လောက်က ကပ်ကြေးဒဏ်ကြောင့်သွေးထွက်သံယို နာကျင်ခဲ့ရတဲ့ သူမရဲ့လက်ချောင်းတွေဟာ စစ်မဖြစ်မီက ကြိုးများကိုသာထိခတ်နေတဲ့ လက်ချောင်းတွေ။ ပိုက်ကွန်လုပ်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပဲ့တင်သံတွေကို မကြားရတော့ဘဲ နာကျင်ခံစားရတဲ့အခါ သူမအသက်ရှင်နေတယ်ဆိုတာ သိပါတယ်။ ကံကြမ္မာကို ယက်တဲ့ပုံစံနဲ့ ပိုက်ကွန်ကို ယက်ပေးတယ်။ အဲဒါကြောင့် ကြောင်တစ်ကောင်ချင်းစီအတွက် ပိုက်ကွန်တခုစီယက်မယ်။ ဆယ်ကောင်ထိပေါ့။

သူ့ခင်ပွန်းနှင့်သားဖြစ်သူတို့မြို့ကိုခုခံကာကွယ်နေစဉ် နာကျင်မှုကသူ့ကို Moira အဖြစ်ပြောင်းလဲခဲ့ပြီပဲ။

●မှတ်ချက်

Moira သည် Overwatch ဗီဒီယိုဂိမ်းဖြစ်ဇာတ်ကောင်၊ရန်သူများကို ပျက်စီးစေအောင် တိုက်ခိုက်သူ သူကိုယ်သူ ပြန်အားဖြည့်စွမ်းသူ

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ဘဘဝ’ ရေးဖွဲ့တဲ့ “​​အမုန်းနဲ့ အချစ်ကြား”ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...