Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို စစ်ဆေးခွင့်ရမယ်လို့ IAEA အကြီးအကဲပြော

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဝင်ရောက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဝင်ရောက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက အတည်ပြုခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ရဲ့ ကနဦး ငြိမ်းချမ်းရေး ညှိနှိုင်းမှု သဘောတူညီချက်တွေအရ IAEAရဲ့ အေးဂျင့်တွေ ဝင်ရောက်စစ်ဆေးမှုကို အီရန်က လက်ခံထားကြောင်း ရာဖေးလ် ဂရော့ဆီက ပြောပါတယ်။ IAEAရဲ့ ညွှန်ကြားရေးမှူးချုပ်ဟာ လောလောဆယ် ဂျပန်နိုင်ငံကို ရောက်ရှိနေပါတယ်။

အီရန်နိုင်ငံမှာရှိတဲ့ ဘယ်အဆောက်အအုံတွေကို IAEAက စစ်ဆေးမှာလဲ၊ ကွင်းဆင်းစစ်ဆေးမှု ကာလက ဘယ်တော့လဲ ဆိုတာတွေကို နောက်ပိုင်းမှာ သီးခြား ထုတ်ပြန်သွားမယ်လို့လည်း သူက ဆိုပါတယ်။

အီရန်နဲ့ အမေရိကန် သဘောတူ လက်မှတ်ရေးထိုးမှုအရ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယမ်တွေရဲ့ အာနိသင်ကို ပြန်လည် လျှော့ချတဲ့ လုပ်ငန်းစဉ်ကို IAEAရဲ့ ကြီးကြပ်မှုအောက်မှာ အကောင်အထည် ဖော်ရမယ်လို့ တိတိကျကျ သတ်မှတ်ထားကြောင်း ဂရော့ဆီက အတည်ပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တစ်ဖက်မှာတော့ အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက စစ်ဒဏ်ကြောင့် ပျက်စီးနေတဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဝင်ရောက်စစ်ဆေးဖို့၊ နျူကလီးယားနဲ့ ဆက်စပ်တဲ့ ဓာတ်ပစ္စည်းတွေကို စစ်ဆေးဖို့ ကိစ္စတွေကို အီရန်-အမေရိကန် နောက်ဆုံးအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု အချက်အလက်တွေ အတည်ပြုပြီးမှသာ လက်ခံ ခွင့်ပြုမယ်လို့ ပြောကြားထားပါတယ်။

လက်ရှိမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုဟာ အီရန်နဲ့ ညှိနှိုင်းမှု အခြေအနေတွေအကြောင်း ဒေသတွင်း မဟာမိတ် နိုင်ငံတွေဆီ ရှင်းပြဖို့အတွက် အရှေ့အလယ်ပိုင်းကို ရောက်ရှိနေပါတယ်။ သူက အီရန်နဲ့ သဘောတူညီမှု စာချုပ်မှာ အမေရိကန် မဟာမိတ်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ထိခိုက်စေမယ့် ဘယ်လို အချက်အလက်မျိုးမှ ပါမလာစေရဘူးလို့လည်း အာမခံခဲ့ပါတယ်။

လောလောဆယ်မှာတော့ အီရန်ဟာ ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားမှုတွေ ပြန်လည် ဖယ်ရှားပေးထားပြီး သင်္ဘော အသွားအလာတွေ ထူထပ်လာနေပါတယ်။ ကမ္ဘာ့စွမ်းအင် တင်ပို့မှု ကဏ္ဍမှာ အဓိက အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ပြန်ပွင့်လာတာကြောင့် စစ်ပွဲနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ရေနံစျေးဟာ တစ်စည်ကို ၇၅ ဒေါ်လာအောက် ပြန်လည် ကျဆင်းလာပါတယ်။

ကုလသမဂ္ဂ (UN)က စစ်ပွဲ ကာလအတွင်း ဟောမုဇ် တဝိုက်မှာ လတွေနဲ့ချီ ပိတ်မိနေတဲ့ ရေယာဉ်တွေနဲ့ သင်္ဘောသားတွေကို ဒေသတွင်း နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ရွှေ့ပြောင်းပေးတဲ့ အစီအစဉ် စတင်နေပြီလို့ ကြေညာထားပါတယ်။

အီရန်ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်လုနီးပါး သန့်စင်ထားတဲ့ ယူရေနီယမ် ဓာတ်သတ္တုတွေ ပိုင်ဆိုင်နေပြီလို့ စွပ်စွဲပြီး အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာကြောင့် အီရန်စစ်ပွဲ စတင်လာခဲ့တာပါ။ အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က အီရန်မှာ နျူကလီးယားလက်နက် ဘယ်တော့မှ မပိုင်ဆိုင်စေရဘူးလို့ ကြုံးဝါးထားပြီး လက်ရှိမှာတော့ အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စနဲ့ ပတ်သက်လို့ သဘောတူညီမှု တစ်ခုခု ထွက်ပေါ်မလာသေးဘဲ နှစ်ဖက် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။