Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လေကြောင်းရန်ကြောင့် အိမ်တိုင်း ပုန်းခိုကျင်းတွေ တူးဖို့၊ လေကြောင်းသတင်းရရင် ပုန်းခိုကျင်းမှာ နေရာယူဖို့ ကန်ပက်လက် ပအဖ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

(၂၀၂၆ ဇွန်လ ၁၂ရက်မှာ စစ်တပ်က မင်းတပ်မြို့လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ဇွန်-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်တပ်က ဇွန်လ ၁၉ရက် ည သန်းခေါင်မှာ လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သား ၅ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ဟု အသိပေး ဖော်ပြပြီး လေကြောင်းရန်သတိပြုလိုက်နာဖို့ အခုလို ထုတ်ပြန်ထားတာပါ။

ကျင်ဒွေးမြို့ မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က စစ်ဘေးရှောင် အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာလို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

” အကြမ်းဖက်စကမမှ ကန်ပက်လက်မြို့သို့လည်း စစ်ကြောင်းထိုး လျက်ရှိနေပြီး အရပ်သားပစ်မှတ်များပါမကျန်အောင် လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်နေပါသောကြောင့် မိဘပြည်သူများအနေဖြင့် အိမ်တိုင်းအိမ်တိုင်း ပုန်းခိုကျင်းများ တူးခြင်း၊ လေကြောင်းသတင်းရရှိပါက ပုန်းခိုကျင်းများတွင်နေရာယူခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ကြပါရန် ထပ်မံ၍ ထုတ်ပြန်အပ်ပါသည်” ဟု ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ ပြန်ရဖို့ မေလ တတိယပတ်က စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁လကျော်ကြာမြင့်ပြီဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ မနေ့က ဇွန် ၂၁ ရက်မှာ ကန်ပက်လက်အရှေ့ခြမ်း တနေရာကို တိုက်လေယာသ်နဲ့ ၂ကြိမ် ဗုံးကြဲခဲ့သလို ဇွန်လ ၂၀ရက်မှာလည်း လေကြောင်း တိုက်ခိုက်မှု ၈ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ဟာ ကန်ပက်လက်နဲ့ ဆက်စပ်နေတဲ့ မင်းတပ်မြို့ကိုလည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေကာ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။