Connect with us

Hi, what are you looking for?

အတွေးအမြင်

“နွားများသည် ဒီမိုကရေစီကို မစားသုံးပါ”

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ…ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

(သရုပ်​ဖော်ပုံကို AI အသုံးပြု ပုံ​ဖော်ထားခြင်းဖြစ်ပါသည်)

-ခါကာဘို ​ရေးသားသည်။

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ…ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ပါးစပ်က အများဆုံးထွက်တဲ့ စကားလုံးက ဘယ်လို စကားလုံးဖြစ်ပါသလဲ။ စာကို ဒီမေးခွန်းနဲ့ စလိုက်ချင်ပါတယ်။

အဖြေကတော့ “မဲမသမာမှု”နဲ့ “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးတွေပဲဖြစ်ပြီး သမ္မတစလွယ်ကို မဖွယ်မရာလွယ်သိုင်းပြီးချိန်မှာတော့ “မဲမသမာမှု” ဆိုတဲ့ စကားထက် “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို ပိုပြီးတွင်တွင်ကျယ်ကျယ်သုံးလာတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကြက်ပြေးသမ္မတရာထူးအတွက် ကြက်ပြေးလွှတ်တော်မှာ ကျမ်းကျိန်ပြီးနောက်ပြောခဲ့တဲ့မိန့်ခွန်းဆိုတာထဲမှာ “ဒီမို ကရေစီ” ဆိုတဲ့စကားလုံးကို (၁၅) ကြိမ်တိုင်တိုင်ထည့်သွင်းပြောဆိုသွားပါတယ်။ ကြက်ပြေးသမ္မတရာထူးကို ရယူ ပြီးပြီးချင်း သူရွေးခန့်တဲ့ ကြက်ပြေးအစိုးရအဖွဲ့နဲ့တွေ့ဆုံချိန် ပြောတဲ့မိန့်ခွန်းဆိုတာထဲမှာလည်း “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို(၈)ကြိမ်တိုင်ထည့်ပြောပါတယ်။

နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားထဲမှာလည်း “ဒီမိုကရေစီ”စကားလုံး ကျန်မနေခဲ့ပါဘူး။ (၅)ကြိမ်ထက်မနည်း ထည့် သုံးသွားသလို

သူတင်မြှောက်ရွေးချယ်ထားတဲ့ဝန်ကြီးဆိုသူတွေနဲ့တွေ့ဆုံတဲ့ အစည်းအဝေးတိုင်း “ဒီမိုကရေစီ” ဆို တာကို မဖြစ်မနေထည့်ပြောတာ တွေ့ရပါတယ်။ အစည်းအဝေးတစ်ခုမှာဆို (၁၇) ကြိမ်တိုင်ထည့်ပြောသွားတာ မျိုး တွေ့ရပြီး ကာလုံအစည်းအဝေးမှာလည်း “ဒီမိုကရေစီ”ကို လေးကြိမ်တိုင်ထည့်သုံးခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ တရုတ်ကလာတော့လည်း “ဒီမိုကရေစီ”ပါတယ်။ တရုတ်သွားတော့လည်း “ဒီမိုကရေစီ” ပါတယ်။ ရုရှားကလာတော့လည်း “ဒီမိုကရေစီ”ပါတယ်။ ရုရှားသွားတော့လည်း “ဒီမိုကရေစီ”ပါတယ်။ အိန္ဒိယ သွားတော့လည်း “ဒီမိုကရေစီ”ပါတာပါပဲ။ အိန္ဒိယသတင်းဌာနနဲ့ အင်တာဗျူးရာမှာလည်း “ဒီမိုကရေစီ” မကျန်ရစ် သလို တရုတ်သတင်းဌာနနဲ့တွေ့တော့လည်း “ဒီမိုကရေစီ”ဆိုတဲ့စကား သုံးလိုက်ပြန်တာပါပဲ။

နောက်ဆုံးလူရည် ချွန်မောင်မယ်ကလေးငယ်တွေနဲ့ တွေ့တဲ့အခါမှာလည်း “ဒီမိုကရေစီ” ဆိုတဲ့စကားပြောဖြစ်အောင် ပြောလိုက်ပါ သေးတယ်။

အတွင်းသတင်းတွေအရ သူ့အနားကဖြတ်လျှောက်သွားသူတွေကိုတောင် လက်တို့ပြီး “ဒီမိုကရေစီ” “ဒီမိုကရေစီ” ဆိုပြီး လိုက်ပြောပါသတဲ့။ စကားပြောတိုင်း “အာ့ကျကျ” “အာ့ကျကျ”လို့ ထည့်ထည့်ပြောတတ်တဲ့ သူ့တပည့်ကြီး ဇော်မဲလုံးကိုတောင် သတိရသွားစေပါတယ်။ ဒီမိုကရေစီဘိုးအေ၊ ဘွားအေနိုင်ငံကြီးတွေက အကြီးအကဲတွေတောင် သူ့လောက် “ဒီမိုကရေစီ” မယ်မထင်ပါဘူး။

နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးပါရစေ။ ဒီလောက် “ဒီမိုကရေစီ”ဆိုတာကို ထည်လဲသုံး၊ အားတိုင်းသုံး၊ကြုံတိုင်းသုံးနေတဲ့ အာဏာ

သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဲဒီ “ဒီမိုကရေစီ”ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို အမှန်တကယ်သိရှိမယ်လို့ထင်ပါသလား။ အဖြေကို စကားတစ်လုံးတည်းနဲ့ဖြေရမယ်ဆိုရင် “နိုး”ပါ။

Ethic လား၊ Ethnic လား။ ဒီစကားနှစ်ရပ်ကြား ဗျာများသွားခဲ့ရတဲ့ မင်းအောင်လှိုင်ဟာ “ဒီမိုကရေစီ” ဆိုတဲ့ အဓိပ္ပာယ်ကိုသိဖို့က ဟိုး…အဝေးကြီးမှာလို့သာ ပြောချင်ပါတယ်။ ဒါဟာ အမှန်တရားပါ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးအပြင် ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ဒီမိုကရေစီရဲ့စံနှုန်းတွေကို သိဖို့ဆိုရင်တော့ ဝေလာဝေးဆိုတဲ့စကားကို သုံးရပါလိမ့်မယ်။ ဒီမိုကရေစီရဲ့အဓိပ္ပာယ်နဲ့ အနှစ်သာရကို အမှန်တကယ်မသိလို့သာ အခုလို တွင်တွင်သုံးနေတာလို့ ကောက်ချက်ချလို့ရပါတယ်။

ဒီချုပ်အစိုးရလက်ထက် ကိုဗစ်ကာလ ကိုယ့်အသက်ကိုယ်ဂရုမစိုက်နိုင်ပဲ ဒီမိုကရေစီအတွက်လူထုဟာသူတို့ရဲ့ဆန္ဒမဲတစ်ပြားကို တန်ဖိုးထားလို့ မဲရုံတွေမှာ တန်းစီရင်းကြိတ်ကြိတ်တိုးမဲပေးခဲ့ကြပါတယ်။ ဒါဟာ လူထုက ဒီမိုက ရေစီကို ဖော်ဆောင်တာဖြစ်ပြီး အဲဒီရဲ့ဆန့်ကျင်ဘက်ကတော့ အာဏာသိမ်းတာပါပဲ။

ပြည်သူလူထုက တကူးတက ပေးခဲ့တဲ့မဲရလဒ်တွေကို ဖျက်ဆီးလိုက်တဲ့ အာဏာသိမ်းခြင်းက ဒီမိုကရေစီကို ခြေထိုးခံတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလို လူတွေက “ဒီမိုကရေစီ”ဆိုတဲ့စကား ပါးစပ်ကမချတာဟာ “ဒီမိုကရေစီ”ဆိုတာကိုအမှန်မသိလို့သာဖြစ်ပါလိမ့်မယ်။

ခပ်ရိုင်းရိုင်းနှိုင်းရရင်ခွေးပါးစပ်က နတ်စကားထွက်ဆိုသလိုပဲ “ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ခဲ့တဲ့အစိုးရ”လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပါးစပ်က ပြောထွက်ရအောင် မဲပေးခွင့်ရှိသူပြည်သူတွေထဲက ဘယ် နှဦးကများမဲထွက်ပေးခဲ့သလဲဆိုတာကို စာရင်းဇယားနဲ့ ပွင့်လင်းမြင်သာ ချပြရဲသလားဆိုတဲ့ မေးခွန်းထပ်မေးချင်ပါ တယ်။ လက်တစ်ဆုပ်စာလူတစ်စုရဲ့မဲနဲ့တော့ ဒီမိုကရေစီအစိုးရလို့ အသံကောင်းဟစ်၊ အမည်ခံခြင်းဟာ အကျည်း တန်လွန်းလှပါတယ်။

အခုတစ်ခါတော့ ပါးစပ်က “ဒီမိုကရေစီ…ဒီမိုကရေစီ…ဒီမိုကရေစီ”ဆိုပြီး ကရားရေလွှတ်တတွတ်တွတ်ပြောနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေဘက်လှည့်ပြီး မေးခွန်းတချို့မေးကြည့်ချင်ပါတယ်။ ပန်းရောင်းလို့၊ ပန်းပန်လို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ 81 နံပါတ်အင်္ကျီဝတ်ပြီး လမ်းလျှောက်မိလို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ လေးစားချစ်ခင်ရတဲ့သူတစ်ယောက်ရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲကျင်းပတဲ့အပေါ် ဖမ်းဆီးတာ ကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ ဘုရားမှာပန်းကပ်ပူဇော်ခြင်းကို တားမြစ်တာ၊ ဘုရားစင်မှာ နှင်းဆီ ပန်းကပ်လှူလို့ ဖမ်းဆီးတာကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ အသက်အန္တရာယ်ကြောင့် စစ်ဘေးကနေ တိမ်းရှောင်ဖို့ ကြိုးစားတဲ့ ပြည်သူကို ရှောင်တိမ်းခွင့် မပြုတာကရော ဒီမိုကရေစီလား။ အခုပြောခဲ့တာတွေဟာ လတ်တလော ပူပူနွေးနွေးဖြစ်စဉ်တွေထဲက တချို့ကိုထုတ်ပြီးမေးထားတာပါ။

နေရာစုံမှာ မီးလိုက်ရှို့နေတာ ဒီမိုကရေစီလား။ နေရာအနှံ့ဗုံးလိုက်ကျဲနေတာဒီမိုကရေစီလား။ မတရားအကျဉ်းချခံ ထားရသူရဲ့နေရာကို လျှို့ဝှက်ထားတာ ဒီမိုကရေစီလား။ ဘာလက်နက်ခဲယမ်းမှကိုင်ဆောင်ထားခြင်းမရှိတဲ့ အမျိုး သမီးတစ်ယောက်ကို ကြောက်ရွံ့ပြီး မတရားသဖြင့် ဖိနှိပ်ချုပ်နှောင်ထားတာကရော ဒီမိုကရေစီလား။ “ဒီမိုကရေစီ”ကို ပါးစပ်ကမချသူတွေအတွက် မေးခွန်းပေါင်းများစွာမေးဖို့ ကျန်နေပါသေးတယ်။

ဒီစာအစမှာ ပြောခဲ့သလိုပဲနွားကို ပလာတာကျွေးတဲ့အလုပ် ကျွန်တော် ဘယ်တော့မှမလုပ်ပါ။ ဒီလိုပဲ နဖားကြိုးထိုးဖို့လည်း စိတ်ကူးမရှိပါ။ နကန်တစ်ချောင်းနဲ့သာ ခပ်ဆတ်ဆတ်လေးရိုက်ပေးချင်မိရုံပါ။

စာကိုအနှစ်ချုပ်ရရင် နွားများသည်ပလာတာကို မစားသုံးပါ။ ထို့အတူ အာဏာရူး စစ်ဗိုလ်ချုပ်များသည်လည်း ဒီမိုကရေစီကို မစားသုံးပါ။ရွှေစလွယ်လွယ်ကောင်းရုံအသံကောင်းဟစ်ပြနေခြင်းသာဖြစ်သည်ဟု တထစ်ချ မှတ်ယူကြပါကုန်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။