Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ် နေရာအများအပြားမှာ တိုက်ပွဲဖြစ်၊ စစ်တပ်က ကန်ပက်လက်နဲ့ မင်းတပ်မြို့ ဗုံးထပ်ကြဲ

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

(စစ်တပ်ဗုံးကြဲမှုကြောင့် မင်းတပ်မြို့ရှိ နေအိမ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - The Mindat Post)

ဇွန် ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

မေလ ကုန်ပိုင်းကစတင်ထိုးစစ်ဆင်လာလို့ မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) မဟာမိတ်ပူးပေါင်းတပ်က ခုခံလျက်ရှိရာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ရှိနေတာဖြစ်ပါတယ်။

” မင်းတပ် အရှေ့ခြမ်း တောင်ဘက်၊ မြောက်ဘက် အလယ် အကုန်ပဲ ၊ မြို့အဝင်တော့ မရောက်သေးပါဘူး။ ကျောက်ထုနဲ့ မင်းတပ်ကြား မင်းတပ်ဘက်မှာပါ”လို့ ဒေသခံကမင်းတပ်မြို့နယ်အတွင်း လတ်တလော တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ စစ်တပ် အထိနာလို့ စစ်ကြောင်းအချို့ဆုတ်ခွာတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာ စစ်ရေး သတင်းဖြစ်လို့ သေချာမသိရဟု ပြောပါတယ်။

စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ထိုးစစ်ကို လေကြောင်း ပစ်ကူအပြင်းအထန် သုံးတိုက်ခိုက်နေတာပါ။

တိုက်ပွဲတလျှောက် တိုက်လေယာဉ် Y12လေယာဉ်တွေနဲ့ အကြိမ်ရေ ရာနဲ့ချီ ဗုံးအလုံးပေါင်းမှားစွာနဲ့ နေ့စဉ် တိုက်ခိုက်လျက်ရှိရာ ဒီကနေ့ ဇွန် ၂၅ရက် မနက်မှာလည်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒေသခံရဲ့ အသိပေးချက်အရ မင်းတပ်မြို့ အရှေ့ခြမ်းနေရာကို ဒီမနက်အစောမှာ တိုက်လေယာဉ်နဲ့ ၃ကြိမ် ဗုံးကြဲခဲ့သလို Y12နဲ့ ၇ ကြိမ် ဗုံးအလုံး ၂၀ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကန်ပက်လက်အရှေ့ခြမ်း တနေရာကိုလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို Y12နဲ့ ၈ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့ကို စစ်အင်အားထောင်ချီ အသုံးပြုထိုးစစ်ဆင်နေသလို ချင်းပြည်သူ့အစည်းအရုံးကလည်း ထိန်းချုပ်နယ်မြေတွေ စစ်တပ်လက်အောက် မကျရေး ခုခံသွားမယ်လို့ အသိပေးထားပြီး စစ်ရေးအခြေအနေ အသေးစိတ်ကိုတော့ ထုတ်ပြန်တာတွေ မပြုလုပ်ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။