Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမှာ စစ်တပ် လက်နက်ကြီးပစ်လို့ ကလေး ၁ ဦးနဲ့ အမွှာပူးကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင်အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ကလေး ၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

(ဘီးလင်းမြို့နယ်မှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ဇွန်-၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင်အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ကလေး ၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်လ ၂၂ရက်က စစ်တပ်ရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၃) တပ်ရင်းက ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ၁လုံး ကျရောက်လို့ အသက် ၄၁နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း သတင်းရင်မြစ်က ပြောပါတယ်။ သေဆုံးသူဟာ အမွှာပူး သမီး ၂ဦးလွယ်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန် ၇လ ရှိပြီလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကျေးရွာအတွင်း နောက်ထပ်လက်နက်ကြီး ၁လုံးထပ်မံ ကျရောက်မှုကြောင့် အမျိုးသား ၁ဦး ဒဏ်ရာရခဲ့သလို သူ့ရဲ့ အသက် ၁၁နှစ်အရွယ် သမီးငယ် လက်နက်ကြီး ကျည်ထိမှန်သေဆုံးကာ ၅နှစ်သမီးငယ် ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ အခုလို လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အိမ်မွေးတိရိစ္ဆာန်တွေ ပျက်စီးတာ နေအိမ်မီးလောင်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

အခု တိုက်ခိုက်ခံရတဲ့ ပဏ္ဍိကုန်းရွာဟာ KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်ထဲမှာ ရှိတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေတွေကို လေကြောင်း၊ လက်နက်ကြီး ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပြီး ဒီလို လုပ်ဆောင်ရာမှာ အရပ်သားနေထိုင်ရာနေရာတွေကိုပါပစ်မှတ်ထား တိုက်ခိုက်နေလို့ ပြည်သူသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook