Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဇနီးနဲ့ ကလေးတွေကို ၁၂ နှစ်ကြာ ချုပ်နှောင်ပြီး နှိပ်စက်နေတဲ့ အမျိုးသားကို ပါကစ္စတန် ရဲတပ်ဖွဲ့ ဖမ်းဆီး

ဇနီးဖြစ်သူနဲ့ ကလေးတွေကို ၁၂ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ထားပြီး ညှင်းပန်း နှိပ်စက်နေခဲ့တဲ့ အမျိုးသား တစ်ဦးကို ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဓာတ်ပုံ - X

ဇနီးဖြစ်သူနဲ့ ကလေးတွေကို ၁၂ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ထားပြီး ညှင်းပန်း နှိပ်စက်နေခဲ့တဲ့ အမျိုးသား တစ်ဦးကို ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အခုအခါ လွတ်မြောက်လာတဲ့ ပြင်သစ် အမျိုးသမီး ဆယ်လ်ဗီ ယက်စ်မီနာက သူဟာ ခင်ပွန်းဖြစ်သူရဲ့ ဖမ်းဆီးချုပ်နှောင်ပြီး ရန်လို အကြမ်းဖက်မှုတွေကို ဆယ်စုနှစ် တစ်ခုကျော်ကြာ ခံစားခဲ့ရတယ်လို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ သူ့ခင်ပွန်းဟာ အရမ်း ရက်စက်ပြီး သူ့အပေါ် ကိုယ်ရောစိတ်ပါ ညှင်းပန်း နှိပ်စက်ခဲ့ကြောင်းလည်း ယက်စ်မီနာက ပြောပါတယ်။

ယက်စ်မီနာဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကစပြီး ချုပ်နှောင်ခံထားရ၊ ညှင်းပန်းနှိပ်စက် ခံနေရခဲ့ရတာ ဖြစ်ပါတယ်။ သူတို့လင်မယားမှာ ကလေး ၅ ဦးရှိပြီး ကလေးတွေကလည်း မိခင်နဲ့အတူ ချုပ်နှောင်ခံခဲ့ရတာပါ။

နောက်တော့ ယက်စ်မီနာရဲ့ သားတစ်ယောက်ဟာ အပြင်ကို ခိုးထွက်သွားပြီး ရဲစခန်းကို သွားအကြောင်းကြားခဲ့ရာက ဒုက္ခရောက်နေတဲ့ သားအမိတွေကို ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသ တစ်ခုဖြစ်တဲ့ ခိုင်ဘာ ပက်တွန်ခဝါ ပြည်နယ်ထဲက ဝေးလံသီခေါင်တဲ့ ဘာရာမြို့လေးထဲက နေအိမ်ကို ရဲတွေက ဇွန်လ ၁၈ ရက်နေ့မှာ ဝင်ရောက် စစ်ဆေးတဲ့အခါ အရမ်း ဆိုးဆိုးရွားရွား ရှုပ်ပွပြီး ပျက်စီးနေတဲ့ အခန်းငယ်လေးမှာ ပိတ်လှောင်ခံထားရတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ရှာတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့အားလုံးရဲ့ ခန္ဓာကိုယ်အနှံ့မှာလည်း အညိုအမည်း ဒဏ်ရာတွေကို တွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ အခုအခါ ခင်ပွန်းဖြစ်သူကို ရဲတွေက ဖမ်းဆီးထားပြီး အသက် ၅၄ နှစ်အရွယ် ယက်စ်မီနာနဲ့ ကလေးတွေကိုတော့ ပက်ရှာဝါမှာရှိတဲ့ အမျိုးသမီး စောင့်ရှောက်ရေး ဂေဟာတစ်ခုဆီ ပို့ဆောင်ထားပါတယ်။ သူတို့ကို ပြင်သစ်နိုင်ငံဆီ ပြန်ပို့ပေးနိုင်ဖို့လည်း အာဏာပိုင်တွေက စီစဉ်နေပါတယ်။

သူတို့ မိသားစုဟာ ၂၀၁၄ ခုနှစ်မှာ ဩစတြေးလျကနေ ပြောင်းရွှေ့ခဲ့တဲ့နောက်ပိုင်း သူဟာ ပါကစ္စတန်မှာ လုံးဝဥဿုံ ထောင်ကျသလို ဖြစ်သွားခဲ့ကြောင်း ယက်စ်မီနာက ပြောပါတယ်။ ယက်စ်မီနာကို ခင်ပွန်းသည်က ဘယ်သူနဲ့မှ တွေ့ခွင့်မပေးသလို ကလေးအကြီး ၂ ယောက်ကိုလည်း ပါကစ္စတန် ရောက်ကတည်းက ကျောင်းမထားတော့ပါဘူး။ ကလေး အငယ် ၃ ယောက်ကို ပါကစ္စတန်မှာ မွေးခဲ့ပြီး ဘယ်တုန်းကမှ ကျောင်းတက်ခွင့် မရခဲ့ကြဘူးလို့ သိရပါတယ်။

ပါကစ္စတန် ရဲတပ်ဖွဲ့ကတော့ ယက်စ်မီနာရဲ့ ခင်ပွန်းနာမည်ကို တရားဝင် မထုတ်ပြန်သေးပါဘူး။ သူဟာ ပါကစ္စတန် နိုင်ငံသား တစ်ဦးဖြစ်ပြီး ဩစတြေးလျမှာ တရားမဝင် သွားရောက် အလုပ်လုပ်နေချိန် သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။ နှစ်ဦးသား ၂၀၀၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီးတဲ့နောက် ကလေးအကြီး ၂ ယောက်နဲ့အတူ ၂၀၁၄ ခုနှစ်မှာ ပါကစ္စတန်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ အဲဒီ အချိန်ကစလို့ ယက်စ်မီနာနဲ့ ကလေးတွေအတွက် ဆိုးရွားတဲ့ ကာလတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်ကို ရောက်လာပြီးနောက်ပိုင်း သူ့ခင်ပွန်းဟာ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့၊ ကလေးတွေရဲ့ ဖခင်အနေနဲ့ မိသားစုအပေါ် စောင့်ရှောက်တာမျိုး မရှိတော့ကြောင်း၊ နေ့စဉ်လိုလို သူတို့ကို နှိပ်စက်နေ၊ ရိုက်နှိက်နေခဲ့ကြောင်း ယက်စ်မီနာက ပြောကြားခဲ့ပါတယ်။

ပိတ်လှောင်ခံထားရတဲ့ တလျှောက်လုံး သူနဲ့ ကလေးတွေရဲ့ အနာဂတ်ဟာ လုံးဝဥဿုံ ပျက်စီးသွားပြီဆိုတဲ့ အတွေးမျိုး ဝင်မိခဲ့ကြောင်းလည်း ယက်စ်မီနာက ရဲတွေကို ပြောပြသွားခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ယက်စ်မီနာရဲ့ ခင်ပွန်းဟာ အိမ်တွင်း အကြမ်းဖက်မှု၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ ရန်လို အကြမ်းဖက်မှု၊ မိသားစုဝင်တွေကို အငတ်ထားမှုစတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင်အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ကလေး ၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဥရောပ အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ဗြိတိန်၊ ပြင်သစ်နဲ့ စပိန်တို့မှာလည်း သမိုင်းတလျှောက် အပူဆုံး စံချိန်တွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူ‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

ပြည်တွင်း ဘောလုံးကလပ်ရဲ့ ဥရောပ ချန်ပီယံဆု ဆွတ်ခူးမှုကို လွန်လွန်ကဲကဲ အောင်ပွဲခံကြရာက ပြင်သစ်နိုင်ငံမှာ လူပေါင်း ၄၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

Facebook