Connect with us

Hi, what are you looking for?

သရော်စာ

“​ဒယ်မီမိုးရဲ့သောက”

လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု… ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

နေမင်းသစ်/People’s Spring

လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု… ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

ဘာလဲဆိုတော့ သူ အသက် ၃၁ နှစ်အရွယ်က ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ နာမည်ကျော် Indecent Proposal ဇာတ်ကားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်မှာ အတော်လေး လူပြောများနေတာကြောင့်ပါ။

မြန်မာနိုင်ငံမှာ လက်ရှိ ရုံတင်နေတဲ့ အချစ်စျေးဆိုတဲ့ဇာတ်ကားဟာ ၁၉၉၃ မှာသူရိုက်ကူးခဲ့တဲ့ Indecent Proposal ဇာတ်ကားနဲ့ ချွတ်စွပ်တူနေတာပါတဲ့။ အဲဒီဇာတ်ကားဟာ သန်းနဲ့ချီတဲ့ ငွေကြေးသုံးပြီး ဇနီးမယားကို တစ်ညတာ ငှားလိုက်တဲ့ အဲဒီဇာတ်ကားဟာ လူ့ကျင့်ဝတ်၊ မေတ္တာတရား နဲ့ ငွေကြေးရဲ့ တန်ဖိုးကို ချိန်ထိုးပြသွားခဲ့တဲ့ ဂန္ထဝင်လက်ရာတစ်ခုပေါ့။

Public Service Announcement

Public Service Announcement

ခု အချစ်စျေးဇာတ်ကားရဲ့ ဇာတ်လမ်းဇာတ်ညွှန်း မိုးနီလွင်ဆိုသူကတော့ သူငယ်ငယ်ငယ်က ကြည့်ဖူးတဲ့ နိုင်ငံခြားကားကို Inspire ယူတယ်ပဲ ဖြေထားတယ်။ ဒါပေမဲ့ တစ်ကားလုံးတူတယ်ပဲ ပြော​နေကြတာ။ ထားပါတော့။ အရင်ကလည်း ဒယ်မီမိုးရဲ့ နာမည်ကျော် Ghost ဇာတ်ကားကို မင်းသား ရန်အောင်က ဗွီဒီယိုပြန်ရိုက်ဖူးသေးတာပဲ။ မြန်မာမှာက ကော်ပီပြန်ရိုက်တာ ဆန်းမှမဆန်းတာ။

ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ဇာတ်ကားထဲက ဒယ်မီမိုးနေရာ သရုပ်ဆောင်တဲ့ ရုပ်ရှင်မင်းသမီး ဝတ်မှုံရွေရည်က တအားတော်တာပဲဆိုတဲ့ ချီးမွမ်းသံတွေပါ။အဲဒီဇာတ်ကားရိုက်တဲ့ ဒါရိုက်တာကဆို ဒီနေရာမှာ ဝတ်မှုံရွှေရည်လို သရုပ်ဆောင်နိုင်မယ့်သူ မရှိသလောက်ရှားတယ်လို့ ဖြေထားတာတွေ့တော့ ဒယ်မီမိုး ဘုရားတသွားမိတယ်။

​ဒီဇာတ်ကားမှာ ဒယ်မီမိုး သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် “ဒိုင်ယာနာမာဖီ ဟာငွေအကျပ်အတည်းကြောင့် ကိုယ်ကျင့်တရားနဲ့ အချစ်ရေးကို ချိန်ထိုးရတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချရတဲ့သူ ဖြစ်ပါတယ်။ ဒီအခန်းတွေကို သဘာဝကျကျ သရုပ်ဆောင်နိုင်ဖို့ ဒယ်မီမိုးဟာဇာတ်ကောင်ရဲ့ဖိစီးမှု၊ခင်ပွန်းဖြစ်သူပေါ် ထားရှိတဲ့မေတ္တာနဲ့ ကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာ ကျဆင်းသွားရတဲ့ ခံစားချက်တွေကို အပြည့်အဝ ခံစားပြီး သရုပ်ဆောင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာကလည်း စစ်တပ်အာဏာသိမ်းပြီး တိုက်ပွဲတွေဖြစ်၊ လူတွေသေကြေပျက်စီးနေပေမဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကတော့ အရှိန်ကောင်းကောင်းလုပ်နေတာကို တွေ့မြင်နေရတယ်။

အခု ဒီဇာတ်ကားမှာ ဒယ်မီမိုးနေရာ သရုပ်ဆောင်တဲ့ ဝတ်မှုံရွှေရည်ဟာ အာဏာသိမ်းကာလအစောပိုင်းတုန်းကတော့ နိုင်ငံခြားကနေတောင် တကူးတကပြန်လာပြီး ဆန္ဒပြခဲ့သေးတာမှတ်မိတယ်။နောက်တော့ ယောကျာ်းယူတယ်။ သူယူတဲ့ယောကျာ်းက စစ်တပ်​​ထောက်တိုင် ခရိုနီလက်သစ်တဲ့။

ဒီမင်းသမီးက ဇာတ်ကားထဲမှာ ငွေကြေးအကျပ်အတည်းကြောင့် ဇနီးမယားကို ဈေးဆစ်တာ ခံရတယ်ဆိုပေမဲ့, တကယ့်လက်တွေ့ဘဝမှာတော့ အာဏာသိမ်းခေါင်းဆောင်ရဲ့ သမီး ခင်သီရိသက်မွန် နဲ့ စီးပွားဖက် ခရိုနီ နိုင်ဖြိုး​​ကျော်ရဲ့ တရားဝင်ကတော် ဖြစ်နေတာပဲ။ ဘယ်သူကမှ သူ့ကို လေလံဆွဲလို့ မရဘူး၊ သူတို့ကိုယ်တိုင်က တိုင်းပြည်တစ်ခုလုံးကို လေလံတင်နေကြတာလို့ သိရတယ်။

စစ်တပ်နဲ့ပတ်သက်တဲ့ရုပ်ရှင်မင်းသမီးရဲ့ဇာတ်ကား အာဏာသိမ်းထားတဲ့နိုင်ငံမှာ အောင်မြင်နေတာကိုတော့ ဒယ်မီမိုးတစ်ယောက် နားမလည်ပါဘူး။ နောက်ထပ် နားမလည်တာက မူရင်း သူ့ထက်တောင် ကောင်းနေတ​ယ်ဆိုတဲ့ ဝတ်မှုံရွှေရည်ရဲ့ အိုက်တင်တွေ။ သူကြည့်ဖူးချင်လိုက်တာ။ သူပညာယူချင်လိုက်တာ။

ဒါနဲ့ ဒယ်မီမိုးဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာ မန်နေဂျာကို ချက်ချင်းပဲ ဖုန်းခေါ်လိုက်ပါတော့တယ်။

​”ဟယ်လို… ဂျိန်းစ်! ငါ့အတွက် ဇာတ်ညွှန်းအသစ် ရှာပေးစမ်းပါဦး။ မြန်မာနိုင်ငံမှာ ငါ့ဇာတ်ကားပြန်ရိုက်တဲ့ မင်းသမီးက ငါ့ထက်တောင်ကောင်းနေတယ်တဲ့။ ငါ အနုပညာလောကမှ ဆက်ပြီး ရပ်တည်လို့မှ ရပါတော့မလားဟယ်” လို့ ညည်းတွားရင်း ဒယ်မီမိုးတစ်ယောက် သူမရဲ့ ရွှေရောင် ဆိုဖာပေါ်မှာ ခွေခွေလေး လဲကျသွားပါတော့တယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

ဆောင်းပါး

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

Facebook