Connect with us

Hi, what are you looking for?

ကဗျာ

“ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်မှာ”

▪️SWN

ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်

ဘာကျန်ခဲ့ပါသလဲ။

မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့

Public Service Announcement

Public Service Announcement

ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့

ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။

ကျနော် မြန်မာပါခင်မျာ . . .

နေစရာနေရာလည်း မရှိ၊

စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်

ကျွေးကြပါ၊

ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာ

ထမင်းလေးရေလေး ပေးသနားကြပါခမျာ

မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊

နဖူးအမာရွတ်ရှိ၊

ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့ အမှတ်အသားတွေပါ။

အိမ်ကိုသာ မီးရှို့လို့ရမယ်။

ကျမတို့ စိတ်ကို မီးရှို့လို့မရဘူး။

လက်သုံးချောင်းတော့ထောင်နိုင်သေးတယ်ဆိုတဲ့

အညာသူကြီးရဲ့ စကားသံတွေ

*ကြိုးစားနေတယ်* ဆိုတဲ့ အသိနဲ့တင်

ကိုယ့်ကိုယ်ကို ကျေနပ်ပစ်လိုက်ရတာပါပဲ။

‘သမုဒယသစ္စာမှာ

ပြီးပြည့်စုံတယ်လို့မှ မရှိတာ’ လို့ ရေးသွားတဲ့

ကျနော့်အသိ ကိုဇင်ယော်

(ဒုတပ်ရင်းမှူး – ရွှေဘိုခရိုင်တပ်ရင်း ၉) ရဲ့

စကားသံတွေ၊

သူ့နာရေးမှာသုံးဖို့ ကျနော်ရိုက်ထားတဲ့

သူ့ဓာတ်ပုံတွေ ပြန်ရှာပို့ပေးရတဲ့ အခိုက်အတန့်တွေ၊

ဒါတွေဟာ ဒီကာလမှာ

ကိုယ့်ကို တိုက်ရိုက်တိုက်ခိုက်လာတဲ့

ခံစားချက်တွေပါပဲ။

ကျနော်တို့ ဆက်သွားရပါလိမ့်မယ်။

ကျနော်တို့ ဆက်သွားဖို့ လိုပါလိမ့်မယ်။

စစ်မိစ္ဆာတွေ ပပျောက်ဖို့၊

ကိုယ့်ခြေထောက်ပေါ် ကိုယ် မားမားရပ်တည်နိုင်ဖို့၊

မတရားတဲ့ကမ္ဘာကြီးကို ငါတို့ဟာ ဒီလို ရုန်းကန်ခဲ့ပြီး

ဒီလိုအနိုင်ရခဲ့ကြတယ်ကွလို့ ပြောနိုင်ဖို့

ဆက်သွားရပါလိမ့်မယ်။

ကျနော်တို့ မနိုင်ရင်

ဒီတခါ တကယ်ပွဲပြီးသွားပါလိမ့်မယ်။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘SWN’ ရဲ့ “ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်မှာ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

Short Story

ကင်မရာမီးပွင့်တွေ တဖျပ်ဖျပ်က သူ့အပေါ်ကို ရမ်းရမ်းကားကား ကျရောက်နေသည်။ မီး‌ခိုးငွေ့လို တိမ်မျှင်တစလို ဒီနေရာကနေ လွင့်မျော ပျောက်ကွယ်သွားလိုက်ချင်သည်။ ဘာတွေမေးနေမှန်း ဘာတွေပြောနေမှန်းမသိလောက် အောင် ရင်တခုလုံး နာကျင်ဆူဝေနေသည်။

ကဗျာ

မေရီသော် မျက်မှောင်ကြီးကြုံ့ပြီး မကြည့်စမ်းပါနဲ့လို့ အားလုံးက ဝိုင်းပြောကြတယ် ဒါဆိုမျက်လုံးတွေကို စုံမှိတ်ထားမှသာရမှာဖြစ်ပြီး Public Service Announcement အဲ့ဒါက ရွေးချယ်စရာ မဟုတ်ခဲ့ဘူး‌ကွယ် နောက်ခံသီချင်းသံလည်း တိတ်ဆိတ်သွားတာ ကြာပြီ ပြတ်သွားတဲ့ဂစ်တာကြိုးလေး သွားရှာဝယ်တဲ့ လူကြုံကလည်း ပြန်မရောက်သေးလို့ နိုင်ငံအနှံ့အပြားက သင်းကွဲတွေ၊ သူရူးတွေ နဲ့...

Short Story

ခပ်တုံးတုံး ကောင်လေးတယောက်ရဲ့ ဘဝထဲကို လက်ကလေးတဘက်လည်း ရောက်မလာရဘူးလို့ ကန့်သတ်ထားတာမျိုးမရှိတော့ ကျနော့်လက်ထဲက ခေါက်ဆွဲခြောက်ဘူးလေးကို ယူပြီး ရေနွေးပူတွေ ငှဲ့ပေးသွားတဲ့ လက်ကလေးပေါ့။ သူ့လက်ထဲမှာလည်း ကော်ဖီခွက်ကလေးနဲ့။

ကဗျာ

ဂနိုက် တကယ်သတ်ဖို့ပြင်ဆင်ပြီးရင် ရှေ့တိုးခဲ့တော့ မင်းတို့သေနတ်ကကျည်ဆံဟာ ငါတို့ကိုမသတ်နိုင်ဘူး ငါတို့ဉီးခေါင်းခွံတွေအောက်မှာ ချစ်ခြင်းမေတ္တာတွေရှိတယ် Public Service Announcement မင်းတို့ပစ်ရင် မင်းတို့သေမယ် ငါတို့ကနောက်ဆုတ်မှာမဟုတ်။ ခုတ်လို့မပြတ်တဲ့ကြိုးဟာ ငါတို့ခေါင်းပဲ ခပ်လို့မကုန်တဲ့ရေဟာ ငါတို့နှလုံးသား မင်းတို့သေရဲလားလို့မေးပြီးပြီ ငါတို့မှာတကယ်မသေတဲ့ခေါင်းတွေရှိတယ် မသတ်ရဲရင် နောက်ကိုရဲရဲဆုတ်လိုက် ငါတို့ဟာ စစ်ချီတေးကို သံပြိုင်အော်ပြီး...