Connect with us

Hi, what are you looking for?

ကဗျာ

‘ငယ်ဘဝဆီ သွားကြစို့’

◼️မောင်တင်သစ်
ဟောဒီကန်သင်းရိုးကလေးအတိုင်း လျှောက်ရင်
မင်းငယ်ဘဝဆီ ရောက်လိမ့်မယ်

ခြေသံကြားတာနဲ့
လယ်ပုဇွန်လုံးတွေက
မြေကျစ်စာတွင်းထဲ ဆင်းပြေးကြမှာပေါ့

ရေစပ်စပ်မှာ
ငါးရှဥ့်တကောင်တလေ
ရွှံ့လူးနေတာ တွေ့ဦးမယ်

တနှစ်သား
တလင်းပြင်ထဲ စပါးနယ်နေတုန်း
မင်းကို လည်ပြန်ခတ်တဲ့ ကျွဲဂျိုကား
မှတ်မိသေးလား

Public Service Announcement

Public Service Announcement

သူရှိသေးရင်
ခုအချိန်
သူလည်း ရွှံလူးနေမှာပေါ့

ကတွတ်ပေါက်မှာ မြုံးထောင်ရင်
ငါးမြွေထိုး အကြီးအသေး
တထွေးကြီးလည်း ရတတ်တယ်

ငရုတ်စပ်စပ်နဲ့
ပင်စိမ်းအုပ်ပြီး လွေးရုံပဲ

ပျိုးခင်းလောက် လှတဲ့အစိမ်းရောင်
ဒီတသက် မတွေ့ဖူးဘူး
ဆိုတော့
သွားကြစို့
ကန်သင်းရိုးကလေးအတိုင်း
ငယ်ဘဝဆီ သွားကြစို့

၁၆၊ ဇွန်၊ ၂၀၂၅

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘​မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ငယ်ဘဝဆီ သွားကြစို့” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

နွံဆိုင် ၁၊တံခါးအပြင်က အတုယောင်ဘဝများတကယ်ဆို ဒီကလေးတွေဟာ ဆော့နေခဲ့သင့်တာ။ ၂၊စာနာစိတ်အကြောင်းပြောတဲ့ ပါးစပ်တွေကကလေးတယောက်ရှေ့မှာ ပြုံးပြရင်းသက်သေပြချင်နေကြတယ်ချိုသောမေတ္တာတိုင်း အခါးဓာတ်ကင်းမဲ့မနေပါ။ ၃၊လက္ဘက်ရည်ဆိုင်တွေကို ပြန်လိုချင်တယ်ခွက်ထဲမှာ အမှတ်တရတွေ ပါကောင်းပါနိုင်တယ်ငယ်ငယ်ကဆို အဖေဘာလို့ပေါ့ဆိမ့်မှာလဲ နားမလည်ခဲ့။ Public Service Announcement ၄၊တွေ့ရာလူနဲ့ နားလည်မှုရှိဖို့ဆိုတာတယောက်ဒဏ်ရာ တယောက်မြင်တာမျိုးဖြစ်မယ်တခါတလေ ပြောစရာစကားမရှာတာလည်းအဆုံးစွန် ကိုယ်ချင်းစာတရားဖြစ်နေတတ်သေးတယ်။ ၅၊လိပ်ပြာတွေနောက်မှာ...

Short Story

အထက်ပါ ခေါင်းစဥ်ကတော့ ပုသိမ်မောင်စိမ်းသူရေးပြီး မင်းမင်းလတ်ဆိုထားတဲ့ သီချင်းတပုဒ်ရဲ့အမည်ပါ။ ဒီသီချင်းကို ကျ​နော်အရင်က သေသေချာချာ မသိခဲ့ဖူးဘူး။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကမှ တရင်းတနှီးရှိလာတာ။ ဘယ်လိုဖြစ်လို့ ရင်းနှီးမိသလဲဆိုတော့ ပန်းချီကိုထိန်လင်း ရေးတဲ့ လူကက်ဆက်ထဲကနေ အဲဒီသီချင်းအကြောင်းဖတ်မိလို့လို့ ​ပြောရမှာပဲ။

ကဗျာ

ယောနသံ ကျွန်‌တော်ကငလျင်လှုပ်တဲ့ အထဲလည်းမပါတိုက်ပိတဲ့ အထဲလည်းမပါပဲပျောက်နေခဲ့တာ။ စစ်ကြီး စဖြစ်ကတည်းကကျွန်တော့်ကို မတွေ့ရတော့တာပဲ။ ကျွန်တော့်ကို မတွေ့ဖူးတဲ့လူတွေကြားကျွန်တော့်ကို တွေ့မိကြလားလို့ဘယ်လိုမေးလို့ ရမှာလဲ။ Public Service Announcement ကျွန်တော့်ကို မြင်ဖူးသူတွေကစစ်ကြီးထဲမှာ အကုန်သေကုန်ကြပြီကျွန်တော်ဟာ နောက်ဆုံးမျက်မြင်သက်သေပဲ။ စစ်ကြီးထဲမှာ မှတ်ညာဏ်တွေပါဗုံးကျဲခံရတယ်။ သဲလွန်စက ကျွန်တော်ဟာသက်ြန်မှာ ပျော်ရွှင်ဖူးခဲ့တဲ့ကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။...

Short Story

​ရေ​အေး ၁။ “တောင်တွေက ငါတို့ကို လက်ယပ်ပြီး ခေါ်နေပြီ။ ငါတို့ တက်မှရတော့မယ်” ကျနော်သိသလောက် တောင်တခါမှ မတက်ဖူးသော ကဗျာဆရာမိတ်ဆွေတဦး လွန်ခဲ့သည့်နှစ်များစွာက ပြောဖူးသည့် တောင်တွေ၏ ခေါ်သံအ​ကြောင်းကို ဒီရက်ပိုင်း မဆီမဆိုင် သတိရနေမိသည်။ ထိုစကားကို ကြားကြားချင်းတုန်းက အတော်ငယ်ရွယ်သေးသည့် ကျနော်က တဖက်သားကို...