Connect with us

Hi, what are you looking for?

ကဗျာ

‘သဲလွန်စ’

◼️ယောနသံ

ကျွန်‌တော်က
ငလျင်လှုပ်တဲ့ အထဲလည်းမပါ
တိုက်ပိတဲ့ အထဲလည်းမပါပဲ
ပျောက်နေခဲ့တာ။

စစ်ကြီး စဖြစ်ကတည်းက
ကျွန်တော့်ကို မတွေ့ရတော့တာပဲ။

ကျွန်တော့်ကို မတွေ့ဖူးတဲ့လူတွေကြား
ကျွန်တော့်ကို တွေ့မိကြလားလို့
ဘယ်လိုမေးလို့ ရမှာလဲ။

Public Service Announcement

Public Service Announcement

ကျွန်တော့်ကို မြင်ဖူးသူတွေက
စစ်ကြီးထဲမှာ အကုန်သေကုန်ကြပြီ
ကျွန်တော်ဟာ နောက်ဆုံး
မျက်မြင်သက်သေပဲ။

စစ်ကြီးထဲမှာ မှတ်ညာဏ်တွေပါ
ဗုံးကျဲခံရတယ်။

သဲလွန်စက ကျွန်တော်ဟာ
သက်ြန်မှာ ပျော်ရွှင်ဖူးခဲ့တဲ့
ကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ​’ယောနသံ’ ရဲ့ “သဲလွန်စ”ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

နွံဆိုင် ၁၊တံခါးအပြင်က အတုယောင်ဘဝများတကယ်ဆို ဒီကလေးတွေဟာ ဆော့နေခဲ့သင့်တာ။ ၂၊စာနာစိတ်အကြောင်းပြောတဲ့ ပါးစပ်တွေကကလေးတယောက်ရှေ့မှာ ပြုံးပြရင်းသက်သေပြချင်နေကြတယ်ချိုသောမေတ္တာတိုင်း အခါးဓာတ်ကင်းမဲ့မနေပါ။ ၃၊လက္ဘက်ရည်ဆိုင်တွေကို ပြန်လိုချင်တယ်ခွက်ထဲမှာ အမှတ်တရတွေ ပါကောင်းပါနိုင်တယ်ငယ်ငယ်ကဆို အဖေဘာလို့ပေါ့ဆိမ့်မှာလဲ နားမလည်ခဲ့။ Public Service Announcement ၄၊တွေ့ရာလူနဲ့ နားလည်မှုရှိဖို့ဆိုတာတယောက်ဒဏ်ရာ တယောက်မြင်တာမျိုးဖြစ်မယ်တခါတလေ ပြောစရာစကားမရှာတာလည်းအဆုံးစွန် ကိုယ်ချင်းစာတရားဖြစ်နေတတ်သေးတယ်။ ၅၊လိပ်ပြာတွေနောက်မှာ...

Short Story

အထက်ပါ ခေါင်းစဥ်ကတော့ ပုသိမ်မောင်စိမ်းသူရေးပြီး မင်းမင်းလတ်ဆိုထားတဲ့ သီချင်းတပုဒ်ရဲ့အမည်ပါ။ ဒီသီချင်းကို ကျ​နော်အရင်က သေသေချာချာ မသိခဲ့ဖူးဘူး။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကမှ တရင်းတနှီးရှိလာတာ။ ဘယ်လိုဖြစ်လို့ ရင်းနှီးမိသလဲဆိုတော့ ပန်းချီကိုထိန်လင်း ရေးတဲ့ လူကက်ဆက်ထဲကနေ အဲဒီသီချင်းအကြောင်းဖတ်မိလို့လို့ ​ပြောရမှာပဲ။

Short Story

​ရေ​အေး ၁။ “တောင်တွေက ငါတို့ကို လက်ယပ်ပြီး ခေါ်နေပြီ။ ငါတို့ တက်မှရတော့မယ်” ကျနော်သိသလောက် တောင်တခါမှ မတက်ဖူးသော ကဗျာဆရာမိတ်ဆွေတဦး လွန်ခဲ့သည့်နှစ်များစွာက ပြောဖူးသည့် တောင်တွေ၏ ခေါ်သံအ​ကြောင်းကို ဒီရက်ပိုင်း မဆီမဆိုင် သတိရနေမိသည်။ ထိုစကားကို ကြားကြားချင်းတုန်းက အတော်ငယ်ရွယ်သေးသည့် ကျနော်က တဖက်သားကို...

ကဗျာ

▪️DLY ရေပတ်လည် ဝန်းရံနေသော ကုန်းမြေကိုကျွန်းလို့ခေါ်ရင် ..မုန်တိုင်းပတ်လည် ခြံရံထားတဲ့ ငါတို့ကိုဘယ်လိုခေါ်ကြမလဲ ?? တနာရီ လေတိုက်နှုန်း တရာကျော်တဲ့ မင်းနဲ့တနာရီ အိမ်ခြေ ၇၀ ပြာကျသွားတဲ့ငါတို့မုန်တိုင်း .. ဘယ်သူ ပိုလူမဆန်ဘူးလဲ အမှောင်ထဲမှာ နေသားကျလာတော့မင်း ယူလာတဲ့ တိမ်မည်းတွေကိုလည်းမော့ကြည့်ပြီး ခပ်ထေ့ထေ့ပြုံးလိုက်ရုံ၊အပူမီးတွေလောင်နေတော့မင်း သယ်လာတဲ့...