Connect with us

Hi, what are you looking for?

ကဗျာ

ရွာလုံးကျွတ်သီတင်း

■​အောင်​စေ​နွေဦး

ဝါလကင်းလွတ်
သီတင်းကျွတ်…တဲ့၊

​သေနတ်သံ ဗုံးသံ​လောက်မှ မကျယ်​လောင် ရင်
ဘာလို့ ​​ဗျောက်အိုး​ဖောက်​နေ​တော့မလဲ၊
ရှူးဒိုင်း ဆိုတာလည်း
အ​မြောက်သံနဲ့ ယှဥ်ရင်
ရယ်စရာ​ပေါ့၊

မီးပန်း ကလွင့်တဲ့ မီးပွားမဟုတ်ဘူး
အဲတာ အိမ်တိုင်ကို မီး​လောင်​နေတာ၊

Public Service Announcement

Public Service Announcement

တရွာလုံး တရပ်လုံး
မီးဟုန်းဟုန်း​တောက် ​နေပြီးမှ
ဖ​ယောင်းတိုင်က ထွန်းစရာလို​သေးလိုလား။

သီတင်းကျွတ်ကျွတ် မကျွတ်ကျွတ်
အပူမီးက​တော့ ရွာလုံးကျွတ်ပဲ။

ဆက်စပ်သတင်းများ