Connect with us

Hi, what are you looking for?

ကဗျာ

“ နွေဦးတော်လှန်ရေး ၃ပုဒ်”

တော်လှန်ရေး – ၁၊ အလုံပိတ်လိပ်ပြာ

အရာရာဟာ ဒရွတ်ဆွဲပြီး တအိအိ ရွေ့လျားနေတယ်

ထုထည်တခုလုံး လေးလံထိုင်းမှိုင်း

အလင်းနဲ့အတူ စိတ်တွေက မတအားမြန်ဆန်လွန်း

ရုပ်ဝတ္ထုတွေက မတအားလေးပင်လွန်း

မျှော်လင့်ချက်တွေက မတအား မှောင်မိုက်လွန်း

သေဆုံးပြီး ၇၂နာရီကြာအထိ မလှုပ်လာတော့ရင် တကယ်သေကြရမှာ

ကယ်တင်ရှင်ဘယ်သောအခါမှမရှိ*

- ** သီချင်းစာသား - *** ဂျန်ဇီးဘာသာစကား (The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'သရဲ'ရေးဖွဲ့တဲ့ “​​နွေဦးတော်လှန်ရေး ၃ပုဒ်" ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◾️ သရဲ

တော်လှန်ရေး – ၁၊ အလုံပိတ်လိပ်ပြာ

အရာရာဟာ ဒရွတ်ဆွဲပြီး တအိအိ ရွေ့လျားနေတယ်

ထုထည်တခုလုံး လေးလံထိုင်းမှိုင်း

Public Service Announcement

Public Service Announcement

အလင်းနဲ့အတူ စိတ်တွေက မတအားမြန်ဆန်လွန်း

ရုပ်ဝတ္ထုတွေက မတအားလေးပင်လွန်း

မျှော်လင့်ချက်တွေက မတအား မှောင်မိုက်လွန်း

သေဆုံးပြီး ၇၂နာရီကြာအထိ မလှုပ်လာတော့ရင် တကယ်သေကြရမှာ

ကယ်တင်ရှင်ဘယ်သောအခါမှမရှိ*

သိခဲ့ကျွမ်းခဲ့ဖူးတဲ့ လူတွေအကြောင်း ပြန်တွေးမိရင် မီးခိုးချည်းပဲရှူမိတယ်

မျက်စိစပ်တယ်

တိုက်ကြိုတိုက်ကြားထဲ ပြေးပုန်းပြီး ကိုကာကိုလာနဲ့ဆေးလည်း ရွံစရာအနံ့ဆိုးကြီးက စိတ်ထဲကနေပျောက်မသွားဘူး

မျက်နှာကို လက်ကိုင်ပုဝါနဲ့အုပ်ထားလည်းပဲ လက်သီးဆုပ်ပေါ်က တတ်တူးက ထင်းထင်းကြီးလေ

အယုတ်တမာ အရိုင်းအစိုင်းတွေကို လက်ပိုက်ကြည့်နေရင်းနဲ့

ကိုယ်ခန္ဓာတွေ ပေါက်ကွဲထွက်သွားတယ်

လွင့်စင်လာတဲ့အသားစတွေကို သေဒါဏ်ချမှတ်လိုက်ပေမယ့်

တကယ်သတ်လို့မရခဲ့ဘူး

—-

တော်လှန်ရေး – ၂၊ မြေအောက်ထဲ နစ်ဝင်သွားတဲ့ကြယ်

မတရားမှုကို မတရားဘူး လို့ထိုင်အော်နေတာကလည်း မတရားဘူး

မကျေနပ်တာပဲသိတယ်

မခံနိုင်တာပဲသိတယ်

အဲ့ဒီသိမှုတွေကလည်း ခံနိုင်ရည်အားတမျိုးပဲ

အဆုံးမရှိဘူး

သူသေ ကိုယ်သေပဲ

အစမှာတော့ အရာရာဟာ ကြည်လင်ပြတ်သား

တိတိကျကျ၊ သေသေချာချာ

အားလုံးစုစည်းနေရင်ဘာမှမဖြစ်**

ဘာမှမဖြစ်ချင်တဲ့ လူအုပ်ကြီးက ဟိုဟိုဒီဒီ ပြေးလွှားနေကြ

ပြန်လမ်းမရှိ

ဖိနပ်မပါ

ခရီးဆောင်အိတ်မပါ

အတိတ်မပါ

အနာဂါတ်မပါ

အချိုတွေလည်း မပါခဲ့ဘူး

အားလုံးဖြစ်စေချင်သလို မဖြစ်လာတော့ ရူးသွပ်ကြရတယ်

တိုက်ပွဲဝင်ကြရတယ်

အားလုံးဖြစ်စေချင်သလို တိတိကျကျကြီးဖြစ်လာရင်လည်း အားလုံးရူးသွားကြမှာပဲ

အဆက်အသွယ်တွေ ဖြတ်လိုက်တော့

ကိုယ်ယောင်ဖျောက်တော့

နာမည်ပြောင်းတော့

၁၀ရက်လောက် ဝပ်နေပြီးရင် မြေအောက်ထဲကို အဝီစိထိ တူးဆင်းသွားလိုက်တော့

လှည့်မကြည့်နဲ့

သွေးမထွက်ရတဲ့ရက်ဟာ ပြဿဒါးပဲ

လူသေမရှိတဲ့ရက်ဟာ အဓိပ္ပါယ်မရှိတဲ့ရက်ပဲ

—-

တောာ်လှန်ရေး – ၃၊ လမ်းများအားလုံး အိပ်မက်ဆီသို့

ဘဝ အဓိပ္ပါယ်ကိုဆိုလိုတာပါ

သေစရာမလိုတော့ဘူး ဆိုရင် ဇါတ်လမ်းပြီးသွားတာပဲ

လွတ်ရာကျွတ်ရာရောက်သွားရင်လည်း ရှုံးသွားတာပဲ

ဆုံးသွားတာပဲ

ငရဲသားတွေအဖြစ်နဲ့ ပြန်ဝင်စားကြရုံပေါ့

ခေတ်အဆက်ဆက်မှာ နိုးထတဲ့လူတွေ အမြဲရှိတယ်

ပြန်မအိပ်တတ်ကြတော့ဘူး

အိပ်ရတာလည်း မပျော်

ပြန်နိုးရမှာလည်း မပျော်

အိပ်မက်တွေလည်း ပျော်စရာ မကောင်းနေဘူး

တညလုံးအိပ်မပျော်ဘဲ ငေါင်းစင်းစင်းကြီး မနက်လင်းသွားချိန်

ကမ္ဘာပျက်နေတာကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရလိုက်တယ်

အချိန်အခါမဟုတ်မိုးတွေက တနှစ်ပတ်လုံးရွာနေတော့တာပဲ

အဲ့လိုဆို အချိန်အခါမဟုတ်မိုး ဘယ်ဟုတ်တော့မလဲ

ဒါဏ်ရာမိုး အနာမိုးပဲဖြစ်မှာ

တဖွဲ့လုံးစိုရွှဲ

ငိုထားတာ မျက်လုံးတွေပါအစ်နေ

ရာသီဥတုက မတအားဆိုးနေတော့ တယောက်နဲ့တယောက် သေချာမမြင်ရ

မကြားရ

စမ်းတဝါးဝါး ပွေ့ဖက်ကြ

အနာ အနာချင်း ထိမိပွတ်မိကြ

ထွီ…. အေးဆေးပဲဟျောင့်***

ကျောချင်းကပ်ထား

လက်ချင်းချိတ်ထား

အရိပ်ကိုမေ့ထား

အရာရာဟာ ဒရွတ်ဆွဲပြီး တအိအိ ရွေ့လျားနေတယ်၊ ဘယ်ထိလဲ ဆို အဆုံးထိ ပေါ့။

နိုဝင်ဘာ ၂၀၂၅

ဝန်ခံချက်

– ကိုမောင်ကျော် ကို လွမ်းလို့ ဒီခေါင်းစဉ်နဲ့ ဒီကဗျာ၃ပုဒ်တွဲ ရေးမိပါတယ်

နောက်ခံ

– ဒီရက်ပိုင်း ဘာကြောင့်မှန်းမသိ Lorna Shore ရဲ့ Pain Remains (trilogy) ကို သေသေချာချာ ခဏခဏ နားထောင်ဖြစ်နေရင်းနဲ့ ကဗျာရေးတော့ ၃ပုဒ်တွဲ ရေးဖြစ်သွားတယ်

ရည်ညွှန်း

– * နွေဦးတော်လှန်ရေး

ဆက်စပ်သတင်းများ

ကဗျာ

အိပ်ယာကျဥ်းကျဥ်းလေးကနေ အတွေးအကျယ်ကြီးကို ကိုယ်ဖြတ်ကူးနေမိတယ် မာရီနာ။ အိပ်ယာဆိုတာထက် အိပ်စရာနေရာပါ မြေကြီးနံ့နဲ့ယမ်းနံ့တွေ တခါတလေသွေးညှီနံ့တွေနဲ့ ဝေါဟာရ အရတော့အိပ်ယာပေါ့ ပျော်တာမပျော်တာအကြောင်းမပြချင်ဘူး မျက်လုံးခဏမှိတ်ထားဖို့နေရာဆိုရင် ပိုသင့်တော်ပါတယ် မာရီနာ ။

ကဗျာ

အမြှီးကျက်လည်းခေါင်းစားတာပဲ ခေါင်းကျက်တော့လည်းခေါင်းစားတာပါပဲ ခေါင်းစားရင်မင်းဖြစ်တယ်ဆိုလို့ ဒီဘက်ခေတ်စျေးတွေထဲမှာ ခေါင်းတွေရောင်းကောင်းလိုက်တာ လူတွေအကုန်လုံး ခေါင်းပဲစားတော့တယ်

ကဗျာ

ပြည်တွင်းစစ် ဒုက္ခသစ်ပင်ကြီးအောက် အမှိုက်ပုံတွေကြားမှာ ကျနော်တို့ ... အိမ်ထောင်စုဇယားတွေရှိတယ်။

ကဗျာ

အိပ်မက်ထဲကို ကျနော်ရောက်နေပြန်ပြီ။ ဘယ်လိုရောက်လာမှန်းတော့ ကျနော်မသိဘူးပေါ့။ ကျနော်ရောက်တော့ ရှေ့တန်းနေရာတခုမှာ ဖြစ်နေပြီ။ ကျနော့်လက်ဖျံမှာ ရှရာတွေတွေ့တယ်၊ သွေးတွေရော သဲတွေရောနဲ့ဖြစ်နေတာ။ နာလိုက်တာလို့ တွေးနေတုန်း အသံအကျယ်ကြီးတခုကြားရတယ်။ "ဝပ်နေ... ဝပ်နေ" ဆိုတဲ့ ဆက်တိုက်အော်သံတွေပါ အသံအကျယ်ကြီးနောက်မှာ ကပ်ပါလာတယ်။ နောက်တော့ ပေါက်ကွဲသံအကျယ်ကြီးကိုပါ မရှေးမနှောင်းမှာ ကြားလိုက်ရတယ်။