နိုဝင်ဘာ-၈၊၂၀၂၆။မိထက်/People’s Spring
ပဲခူးတိုင်း၊ တောင်ငူမြို့အနီးကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး၄ဒသမ၂အဆင့်ရှိတဲ့ မြေငလျင် ဒီနေ့ လှုပ်ရှားသွားပြီး သိသိသာသာပြင်းထန်တယ်လို့ မြို့ခံတွေကပြောပါတယ်။
နိုဝင်ဘာလ၈ရက်နေ့လယ် ၂နာရီ၂၄မိနစ်မှာ လှုပ်ရှားသွားတာဖြစ်ပါတယ်။
“အသံမြည်ပြီးမှလှုပ်သွားတာ။သိသိသာသာကြီး။အပျက်အစီးသတင်းတော့မကြားမိသေးဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ငလျင်က တောင်ငူမြို့အနောက်-အနောက်တောင်ဘက်၁၆ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်သွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။အဆိုပါငလျင်သတင်းကိုထိုင်းမိုးလေဝသဌာန (TMD) ကလည်းထုတ်ပြန်ထားပါတယ်။
တောင်ငူမြို့ဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ပိုင်း(ပဲခူးပိုင်း)နဲ့ ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းကနေအောက်ပိုင်းအထိ ကီလိုမီတာ၁၀၀၀ကျော်ရှည်လျားတဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ ၂၀၂၅ မတ်လ၂၈ရက်နေ့က စစ်ကိုင်းနဲ့မန္တလေးမြို့အနီးကိုဗဟိုပြုပြီး အင်အားပြင်းကလျင်လှုပ်ခဲ့တဲ့အတွက် သမိုင်းတလျှောက်အဆိုးဝါးဆုံး ထိခိုက် သေဆုံးမှုတွေကြုံတွေ့ခဲ့ပါတယ်။
အဲဒီငလျင်နောက်ပိုင်းမြန်မာနိုင်ငံအနှံ့အပြားမှာ အင်အားအနည်းငယ်အဆင့်ရှိတဲ့ငလျင် တွေ မကြာခဏလှုပ်ရှားနေပါတယ်။




















































