သွေးမြတ်
ရွေးစရာမရှိတော့
လုပ်စရာရှိတာ လုပ်ဖို့ပဲပေါ့။
မှောင်နေတဲ့လမ်းကိုလျှောက်တယ်ဆိုတာ ဒီလမ်းကိုကျော်မှ အလင်းရောက်မှာမို့
နှစ်ချို့အတွေးလို့ ပြောချင်ပြော
ထပ်စဥ်းစားရင် ထပ်တွေဝေဖို့ပဲရှိရဲ့။
တိမ်းပါးသွားတဲ့ ငြိမ်းချမ်းရေးကို
သွေးနဲ့ပဲ ပြန်တည်ဆောက်ရမှာမို့
အသက်ရင်းရမယ့်လမ်းကိုရွေးတာ
ပြောစရာစကားက ကုန်ခဲ့ပြီ။

Public Service Announcement
ဘယ်အရပ်မှာနေနေ
အိမ်ခြေရာခြေမဲ့မို့
ကိုယ့်အသက်ကိုယ်မြဲဖို့ဆို ခုခံဖို့လိုတယ်။
မျိုးဆက်ရဲ့အနာဂတ်ကို ခိုးယူခံရ
တောက်ပမယ့်အလင်း အကျဥ်းချခံရတဲ့နောက်
ပုခုံးပေါ်ရောက်လာတဲ့ သမိုင်းတာဝန်ဟာ
ငါရှင်သူသေတိုက်ဖို့ပဲ။
အခု ငါ
လက်ပတော့ကို ပိတ်ပြီး
စစ်တောင်းကို ကူးပြီ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘သွေးမြတ်’ ရေးဖွဲ့တဲ့ “လက်ပတော့ကိုပိတ်လိုက်ပြီ” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်


















































