Connect with us

Hi, what are you looking for?

ကဗျာ

အလွမ်း”

​နေ့အိပ်မက်​တွေက ​ခြောက်​သွေ့ပြီး ညအိပ်မက်​တွေဟာ ရှည်လျားလွန်းတယ်

Sarah

​နေ့အိပ်မက်​တွေက ​ခြောက်​သွေ့ပြီး ညအိပ်မက်​တွေဟာ ရှည်လျားလွန်းတယ်

ခနခနမက်တဲ့ အဖြစ်အပျက်​တွေ
လန့်နိုးတဲ့အခါ မျက်ရည်​တွေ
​ဝေဝါးတဲ့မြင်ကွင်းထဲက ​နောက်လှည့်ထွက်ခဲ့မိတယ်
တရက်နှစ်ရက်မက ရက်​ပေါင်းများစွာလိုလို

ပြတင်း​ပေါက်ကမြင်ရတဲ့ အလင်း​ရောင်​တွေ​ငေး​မျှော်ကြည့်ရင်း
အ​တွေး​တွေပြန့်ကြဲ​နေလိုက်တာ
​ခြေသံ​ပေါင်းများစွာ ဒီအခန်းထဲဝင်​ရောက်ဖူးတယ်
ရယ်သံ​တွေ သီချင်းသံ​တွေ မျက်ရည်​တွေနဲ့​ ထွေး​ပွေ့ထားခဲ့ဖူးကြတယ်
အဆင်မသင့်တဲ့အခါ အသဲကွဲရတာပဲ

Public Service Announcement

Public Service Announcement

​ခြောက်​သွေ့လွန်းတဲ့နှုတ်ခမ်း​တွေအတွက် ​ဖြေ​ဆေးမရှိဘူး
ဘာကိုလိုချင်ပြီး ဘာကိုရယူချင်မှန်းမသိ​အောင်
ဘာမှ မဖြစ်ချင်​တော့တာ
ဒါဟာ အနက်​ရောင်​ချောက်ကမ်းပါးများလား
အ​တောင်ချိုးခံထားရတဲ့ ငှက်​တွေလို
ကိုယ့်အသိုက်ကိုယ်ပြန်ဖို့ပဲ ​တောင့်တမိတယ်

ဆန္ဒရဲ့ ဆန့်ကျင်ဘက်အရပ်ဟာ စိတ်ကို နာကျင်​စေတယ်
သက်ဆိုးရှည်ဖို့ ရှင်ကျန်ရစ်ခဲ့တဲ့ ဘဝ​တွေ
ဘယ်လိုဖြစ်ဖြစ် ​ရှေ့ဆက်ကြ
ဒီမျိုး​စေ့ရဲ့ အချိုးအ​ကွေ့မှာ
မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်
​ဆန္ဒ​တွေရှိသ​လောက်ဆို ​ဟေ့ လူကြီး
ခင်ဗျားနဲ့​တွေ့ချင်​သေးတယ်
အခုမဟုတ်လဲ ​နောက်များမှ​ပေါ့…

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​Sarah’
ရေးဖွဲ့တဲ့ “​အလွမ်း” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...