Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

တခါက မိုးရက်များ

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။

The Garden of Words (2013)

ဝဇီရာ/People’s Spring

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။

​မိုးသည်းသည်းရွာတဲ့နေ့တွေဆိုရင် ဇရပ်အမိုးပေါ်ကနေ မိုးရေစက်တွေ တစိမ့်စိမ့် စီးကျ​လာလေ့ရှိတယ်။ ရေကန်မျက်နှာပြင်မှာလည်း လှိုင်းလေးတွေ ယိမ်းထိုးကခုန်နေတတ်တယ်။ ပန်းခြံထဲက သစ်ရွက်စိမ်းစိမ်းတွေပေါ်မှာ မိုးရေစက်တွေ တဖြောက်ဖြောက်ကခုန်နေတတ်ပြီး တောအုပ်တစ်ခုလုံးကလည်း မှိုင်းညို့နေတာပေါ့။

Public Service Announcement

Public Service Announcement

​ကျွန်တော်သွားနေကျ မိုးရွာနေတဲ့ အချိန်တွေဆိုရင် ပန်းခြံထဲမှာ လူသူရှင်းနေတတ်တယ်။ ဇရပ်ထဲမှာ ထိုင်ပြီး မိုးရွာသံကို နားထောင်နေရတာဟာ ကမ္ဘာကြီးရဲ့ အဝေးဆုံးနေရာကို ရောက်နေသလိုပါပဲ။ ပတ်ဝန်းကျင်က မိုးနံ့၊ မြေနံ့တွေနဲ့အတူ စိုစွတ်တဲ့ လေအေးလေးကို ရှူရှိုက်နေရတဲ့ အဲဒီခံစားမှုက တကယ့်ကို အေးမြဆိတ်ငြိမ်လှပါတယ်။

ကျွန်တော်ဟာ ဇရပ်ကိုရောက်ရင် ကျောပိုးအိတ်ထဲက ပုံဆွဲစာအုပ်ကိုထုတ်ပြီး ဖိနပ်ဒီဇိုင်းဆွဲလေ့ရှိတယ်။ မိုးစက်တွေနဲ့အတူ ငြိမ်သက်နေတဲ့ အဲဒီဇရပ်လေးဟာ ကျွန်တော့်အိမ်မက်တွေကို အလှပဆုံး ပုံဖော်ပေးရာ နေရာလေးပေါ့။

မိုးရွာတဲ့တနေ့ ကျွန်တော် ဇရပ်ကလေးဆီသွားတော့ ကျွန်တော့်အထက် ရောက်နှင့်နေသူတစ်ယောက် ရှိနေပြီ။ အမျိုးသမီးလေးတစ်ဦးပါ။ သူ့လက်ထဲမှာလည်း ဘီယာတစ်ဘူးနဲ့ ချောကလတ်ကလည်း ပါသေးတယ်။ ဘီယာကို ချောကလတ်နဲ့ မြည်းသတဲ့။

ကျွန်တော်ကလည်း မိုးရွာတဲ့နေ့ဆို ကျောင်းလစ်သလို သူကလည်း မိုးရွာရင် အလုပ်ကနေ လစ်လာတတ်တယ်ထင်ပါတယ်။ နှစ်ယောက်လုံး ကျောင်းနဲ့အလုပ်က ကိုယ်စီလစ်လာပြီး ဒီနေရာလေးမှာ လာဆုံံကြတာ။ တိုတိုပြောရရင် ကျွန်တော်နဲ့ သူ ရင်းနှီးသွားခဲ့ကြတယ်။မိုးရွာတဲ့ရက် ဇရပ်က​​လေးမှာ ဆုံကြပြီဆို ကျွန်တော်လည်း ဖိနပ်ဒီဇိုင်းလေးတွေဆွဲ၊ သူလည်း မိုးစက်​တွေကြည့်ရင်း ဘီယာကိုမြုံ့နေခဲ့တာ။

ဖိနပ်ဒီဇိုင်းတွေကို ဆွဲနေတတ်တဲ့ ကျွန်တော့်အတွက် သူက ဖိနပ်နဲ့ပတ်သက်တဲ့လေ့လာစရာ တန်ဖိုးကြီးစာအုပ်တစ်အုပ် လက်ဆောင်ပေးခဲ့တယ်။ ကျွန်တော် အံ့သြဝမ်းသာ ပျော်ရွှင်ရတယ်။ ဒီကမ္ဘာမှာ ကျွန်တော့်ဝါသနာနဲ့ ရည်မှန်းချက်ကို အသိအမှတ်ပြုနားလည်ပေးသူ ရှိသေးပါလားဆိုတဲ့စိတ်နဲ့ပါ။

ဇရပ်ကလေးမှာဆုံတိုင်း ကျွန်တော်တို့ စကားများများ မပြောဖြစ်ကြပါဘူး။ ဒါပေမဲ့ သူကော ကျွန်တော်ပါ တစ်ယောက်ကိုတစ်ယောက် နားလည်နေတယ်လို့ ခံစားနေမိတယ်။

ကျွန်တော်က အမျိုးသမီးစီးဖိနပ်လေးတစ်ရံကို စမ်းချုပ်ချင်နေခဲ့တာ။အဲဒီအတွက်သူ့ခြေထောက်လေးတွေကို ခေတ္တငှားဖို့အကူအညီတောင်းတော့ သူအံ့သြစွာနဲ့ ကူညီပေးပါတယ်။ သူကော ကျွန်တော်ပါ ပြင်ပမှာမိုးရွာနေသလိုပဲ တစ်ယောက်တည်ရှိနေတာဟာ တစ်ယောက်အတွက် အေးချမ်းနေတယ်။

မိုးရက်တွေလွန်မြောက်ခဲ့ပြီ။ မိုးမရွာတော့ ကျွန်တော်တို့ ဇရပ်ကလေးမှာ မဆုံဖြစ်ကြတော့ဘူးပေါ့။ နောက်တော့ ဇရပ်ကလေးမှာ ဆုံနေကျ သူဟာ ကျွန်တော်တို့ကျောင်းက စာပေဆရာမ Yukino ဖြစ်နေခဲ့တာကို သိလိုက်ရတယ်။

သူဟာ ဘာကြောင့် ကျောင်းမလာနိုင်ဘဲ ပန်းခြံထဲမှာ တစ်ယောက်တည်း ပုန်းအောင်းနေခဲ့ရတာလဲ ဆိုတာကို သိလိုက်ရချိန်မှာ ကျွန်တော် နာကျင်ရပါတယ်။

​သူဟာ ကျွန်တော့်ထက် အများကြီး ပိုပြီး ခက်ခဲတဲ့ လောကဓံကို ရင်ဆိုင်နေရတာပဲလို့ သိလိုက်ရတဲ့အခါ၊ ကျွန်တော် ချုပ်ပေးချင်တဲ့ ဖိနပ်တစ်စုံဟာ သူအတွက် ဘယ်လောက်တောင် လိုအပ်နေမလဲဆိုတာ ပိုပြီး နားလည်သွားခဲ့တယ်။

ရာသီတွေ ပြောင်းခဲ့ပြီ။ သူလည်း နယ်မြို့လေးမှာ။ ကျွန်တော်လည်း မြို့ကြီးပြကြီးမှာ ရုန်းလိုက်ကန်လိုက်ပဲ။ မိုးတွေရွာတိုင်း ကျွန်တော်သူ့ကို သတိရနေတုန်းပဲ။ ဒါပေမဲ့ သူကော ကျွန်တော်ကော ကိုယ့်လမ်းကို ကိုယ်ဆက်လျှောက်နေနိုင်ခဲ့ပြီ။

အခုတော့ ကျွန်တော် နားလည်သွားပါပြီ။ လူတစ်ယောက် ဘဝကို ရှေ့ဆက်လျှောက်ဖို့ဆိုတာ ဘေးကနေ စကားတွေအများကြီး အားပေးနေဖို့ မလိုပါဘူး။ မိုးစက်တွေအောက်မှာ တစ်ယောက်ကိုတစ်ယောက် ပေးခဲ့တဲ့ တိတ်ဆိတ်တဲ့ နားလည်မှုနဲ့ နွေးထွေးမှုလေးတွေ ရှိရုံနဲ့တင်… ရှေ့ဆက်ဖို့ ခွန်အားတွေက လုံလောက်နေခဲ့ပါပြီ။ 

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

အမီတာဘဂျန်က အသက် ၁၀၂ အရွယ် အဘိုးကြီးတစ်ယောက်ပါ။ သူ့မှာ အသက် ၇၅ နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ ဘာဘူလားလ်တဲ့။ သားဖြစ်သူ ဘာဘူလားလ်ဟာ ဖခင်ထက်ကို ပိုပြီးအိုစာတယ်။ အရာရာကို စိုးရိမ်ပူပန်တတ်သူပါ။ ဘာဘူဟာရှင်ဖို့ရော သေဖို့ပါ ကြောက်ရွံ့နေတဲ့သူတဲ့။