Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေး နှင့် နိုင်ငံခြားငွေဈေးနှုန်းများ အနည်းငယ် ပြန်တက်လာ

ပြည်တွင်းရွှေဈေးနှင့်နိုင်ငံခြားငွေဈေးများ ယနေ့(​အောက်တိုဘာ ၃) အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

(​​ဒေါ်လာ​ဈေးမှာ သြဂုတ်လတွင် ၁ ​ဒေါ်လာ ၇၀၀၀ ကျပ်အထိစံချိန်တင်မြင့်တက်ခဲ့ရာမှ ၄၆၀၀ ကျပ်အထိ့ကျခဲ့ပြီး ​အောက်တိုဘာ ၃ ရက်တွင် ၄၇၀၀ ကျပ်သို့အနည်းငယ်ပြန်တက်လာသည်။ ဓါတ်ပုံ-ရိုက်တာ

စောနွေဦး/People’s Spring

ပြည်တွင်းရွှေဈေးနှင့်နိုင်ငံခြားငွေဈေးများ ယနေ့(​အောက်တိုဘာ ၃) အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းအကျဘက်သို့ ဦးတည်နေသည့် ရွှေဈေးနှင့်နိုင်ငံခြားငွေဈေးများသည် အောက်တိုဘာ ၃ ရက်တွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းဈေးကွက်တွင် အောက်တိုဘာလ ၁ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၆၂သိန်းအထိ ကျဆင်းခဲ့သော်လည်းယနေ့(အောက်တိုဘာ ၃ ရက်)တွင် ၆၄သိန်းကျော်အထိ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဒေါ်လာဈေးမှာလည်း စက်တင်ဘာလကုန်ပိုင်းတွင် တစ်ဒေါ်လာ ၄၆၀၀ ကျပ်အထိကျဆင်းခဲ့သော်လည်းအောက်တိုဘာ ၃ ရက်တွင် ၄၇၀၀ ကျပ်အထိပြန်လည်မြင့်တက်လာသည်။ ထိုင်းဘတ်ဈေးမှာလည်း တစ်ဘတ်ကို ၁၃၆ ကျပ်အထိကျဆင်းခဲ့ရာမှ ​အောက်တိုဘာ ၃ ရက်တွင် ၁၄၂ ကျပ်ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။တရုတ်ယွမ်မှာလည်း ၆၆၅ ကျပ်အထိကျဆင်းခဲ့သော်လည်း ​​အောက်တိုဘာ ၃ တွင် တစ်ယွမ်ကို ကျပ် ၇၀၀ ခန့်အထိ ပြန်လည်မြင့်တက်လာသည်။

ပြည်တွင်းရွှေဈေးမြင့်တက်လာသော်လည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ၅၄ သိန်းခန့်သာ ဈေးနှုန်းသတ်မှတ်ထားသည်။

“ကမ္ဘာ့အရေးနဲ့ နိုင်ငံရေးအခြေအနေရ ပြန်တက်လာတာလို့ပဲ ပြောရမယ်။ အရင်ကျခဲ့တာကလည်း စီးပွားရေးကောင်းလို့ ကျတာမဟုတ်ဘူးလေ။ ပြင်ပက သက်ရောက်တဲ့ အချက်အလက်တွေကြောင့် ယာယီကျတဲ့သဘောပါပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောကြးသည်။

တရုတ်နိုင်ငံ၏ချေးငွေကြောင့် နိုင်ငံခြားငွေလဲနှုန်းများကျဆင်းခဲ့ခြင်းဖြစ်သည်ဟုလည်း၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာကို ကျပ် ၇၀၀၀ အထိမြင့်တက်ခဲ့​သော်လည်း တရုတ်နိုင်ငံက စစ်​ကောင်စီ ကို ယွမ် ၃ ဘီလီယံ(​​ဒေါ်လာသန်း ၄၃၀ခန့် ) ​ပေးအပ်ပြး​နောက် စက်တင်လကုန်ပိုင်းတွင် နိုင်ငံခြား​ငွေလဲ​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးတက်ပြီး နိုင်ငံခြား​ငွေ​ဈေးများပြန်လည်ကျဆင်းခဲ့သည်။

နိုင်ငံခြားငွေလဲနှုန်းများကျဆင်းခဲ့သော်လည်း ပြည်တွင်းမှ ကုန်ဈေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်ကြီးမြင့်နေဆဲဖြစ်၍ ပြည်သူများ အခက်​တွေ့​နေသည်ဟု ပြည်သူများက​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ရွှေဟာ အခြေခံလူတန်းစားတွေ ငွေပိုငွေလျှံရှိိလာချိန် ပိုက်ဆံမပွန်းမပဲ့အောင် ဝယ်ယူစုဆောင်းထားဖို့ ဒီနေ့အချိန်မှာမသင့်တော်တော့ပါဘူး။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းက စျေးဝယ်စင်တာ တစ်ခုရဲ့ ရွှေဆိုင်တစ်ခုကနေ လုယက်ခံခဲ့ရတဲ့ ရွှေတွေဟာ နိုင်ငံပိုင်နက်ထဲမှာ မရှိလောက်တော့ဘူးလို့ ထိုင်းစစ်တပ်က ပြောပါတယ်။