Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှုဖော်ဆောင်ရန် အမေရိကန်အထူးသံအမတ် ထိုင်းသို့ လာရောက်မည်

အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေး ကိစ္စရပ်များဆွေးနွေးရန် အမေရိကန်အစိုးရ၏ အထူးသံအမတ်ကြီးတစ်ဦး ထိုင်းနိုင်ငံသို့ လေးရက်ကြာလာရောက်မည်ဟု သိရသည်။

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေး ကိစ္စရပ်များဆွေးနွေးရန် အမေရိကန်အစိုးရ၏ အထူးသံအမတ်ကြီးတစ်ဦး ထိုင်းနိုင်ငံသို့ လေးရက်ကြာလာရောက်မည်ဟု သိရသည်။

ကမ္ဘာတဝန်းရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု အထူးသံအမတ်ကြီး ဒေါက်တာဘာ့သ်ဗန်ရှအက်သည် အောက်တိုဘာ ၄ရက်မှ ၇ရက်အထိ ထိုင်းနိုင်ငံသို့သွားရောက်မည်ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အထက်ပါ အမေရိကန် အထူးသံအမတ်ကြီးသည် ထိုင်းနိုင်ငံခရီးစဥ်အတွင်း ထိုင်းအစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်း၊ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေးအတွက် ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြသည်။

မြန်မာနိုင်ငံတဝန်းကျူးလွန်ခဲ့သောရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ရန် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို အထူးသံအမတ်ကြီးက ထပ်လောင်းအတည်ပြုခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများ၊ ခံစားခဲ့ရသူများနှင့်အတူ ရပ်တည်ကာ တရားမျှတမှုအတွက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထို့အပြင် အမေရိကန်သည် ရိုဟင်ဂျာဒုက္ခသည်များ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ရေးအတွက် အခြေအနေများဖြစ်ပေါ်စေရေး ဖန်တီးပေးရန် ထပ်လောင်းတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။