Connect with us

Hi, what are you looking for?

News

ဟားခါးမှပြန်လာသည့် စစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေ

စစ်ကောင်စီတပ်သည် ချင်းမြောက်ပိုင်း ဟားခါးစစ်ဗျူဟာသို့ တပ်အင်အားနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်လာသည့် ယာဉ်တန်းသည် အောက်တိုဘာ ၂၀ ရက်တွင် ဟားခါးမြို့သို့ ရောက်ရှိခဲ့သည်။

People's Spring
People's Spring

ဖလမ်းမြို့မှ ဟားခါးမြို့သို့ တပ်အင်အားများ ပို့ဆောင်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဟားခါးမြို့ အထွက်တွင် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) နှင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံးခဲ့သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြော သည်။

စစ်ကောင်စီတပ်သည် ချင်းမြောက်ပိုင်း ဟားခါးစစ်ဗျူဟာသို့ တပ်အင်အားနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်လာသည့် ယာဉ်တန်းသည် အောက်တိုဘာ ၂၀ ရက်တွင် ဟားခါးမြို့သို့ ရောက်ရှိခဲ့သည်။

“မနေ့က ဖလမ်းကနေ ဟားခါးမြို့အဝင်နား ကျေးရွာတစ်ရွာနားမှာ တိုက်ပွဲငယ် တစ်ကြိမ်ဖြစ်တာပေါ့။ ဟားခါး ကို ယာဉ်တန်းသွားပို့ပြီး ပြန်လာတဲ့ ယာဉ်တန်းကို စစ်ကောင်စီစစ်တပ်ကို ပစ်တာပေါ့။ တိုက်ပွဲငယ်ပေါ့။ ဒီဘက်က ခြုံခိုပြီးတိုက်တာ။ သူတို့ဘက်က လေးယောက်လောက်ကျတယ်။ ဒဏ်ရာတော့ အများကြီးရတယ်။ ကျွန်တော်တို့ဘက်က ကြိုတင်အကာအကွယ်ယူထားတယ်ဆိုတော့ အထိအခိုက်မရှိပါဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းသည် ဟားခါးသို့ အလာတွင်လည်း ချင်းလက်နက်ကိုင်တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ မိုင် ၄၀ကျော်သာကွာဝေးသည့် ဖလမ်း – ဟာခါးလမ်းကို တစ်ပတ်ကျော်ကြာ ခရီးနှင့်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၃ရက်မှ ၂၀ရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရကာ စစ်ကားများလည်း ပျက်စီးခဲ့သည်ဟု CNF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။