Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ကို စစ်ကောင်စီဗုံးကြဲ၍ နေအိမ်များ မီးလောင်

လားရှိုးကို ယနေ့ နေ့လည်တွင်ထပ်မံ ဗုံးကြဲ

​အောက်တိုဘာ ၅ ရက်ညတွင် စစ်​ကောင်စီကသီ​ပေါမြို့ကို ဗုံးကြဲ၍ ​နေအိမ်များမီး​လောင်​​​နေရာ ပြည်သူများ မီးငြှိမ်းသတ်​နေစဥ်။ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခဲ့၍ နေအိမ်မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်းရှမ်းမြောက်ဒေသ သတင်းရင်းမြစ်က ပြောသည်။

ယမန်​နေ့ (အောက်တိုဘာ ၅ရက်)ည ၉နာရီ ၄၅ ဝန်းကျင်တွင် သီပေါမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သီပေါမြို့ကို တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ထားပြီး လက်ကျန် ခလရ(၂၃) တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

“ဆိုင်ခန်းနဲ့ ဒေသခံ ပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ကနဦး သတင်းရထားတယ်” ဟု ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကပြောသည်။

Public Service Announcement

Public Service Announcement

နေ့လည်ပိုင်း၌ TNLAနှင့် စစ်ကောင်စီအကြား သီပေါ ခလရ(၂၃)၌တိုက်ပွဲရှိခဲ့သော်လည်း ယခု ဗုံးကြဲတိုက်ခိုက်ခံရသည့် မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဟုသိရသည်။

“သီပေါမြို့ မနေ့က ဗုံးကြဲတိုက်ခိုက်မှုမှာတော့ အခြား ပြည်သူတွေ ထိခိုက်မှုတော့ မကြားမိသေးဘူး။ ရပ်ကွက်မှာ ကျန်ရှိနေတဲ့ လူနာတစ်ဦးကိုတော့ မြို့ပေါ်မှာ ရှိတဲ့ ပရဟိတနဲ့ ဒေသခံ ပြည်သူတွေ ပူးပေါင်းပြီး နေရာပြောင်းရွှေ့ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောတယ်။” ဟုဦးဇော်ဆန်ကပြောသည်။

အမျိုးသားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး၎င်းကို ရှာဖွေနေဆဲဟုသိရသည်။

​အောက်တိုဘာ ၅ ရက်ညတွင် စစ်​ကောင်စီကသီ​ပေါမြို့ကို ဗုံးကြဲ၍ ​နေအိမ်များမီး​လောင်​​​နေရာ ပြည်သူများ မီးငြှိမ်းသတ်​နေစဥ်။ ဓါတ်ပုံ-CJ

“မီးလောင်တဲ့အထဲ ပါသွားတာလား အခြားတစ်နေရာကို စစ်ဘေးရှောင်နေတာလားအဲဒါကိုတော့ အတည်တော့ မပြုနိုင်သေးဘူးလို့ပြောထားပါတယ်။” ဟု​ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၆ရက် မွန်းလွဲ ၁နာရီ ၃၆ ဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၅)ကျေးရွာဘက် လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု သတင်းရကြောင်း ဦး​ဇော်ဆန်က ပြောသည်။

“စစ်ရေး နိုင်ငံရေး တောက်လျှောက် အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီက တော့ တောက်လျှောက် ဒီလို လေကြောင်းကနေ၊ သူက ကုန်းကြောင်းကနေ ဘယ်လိုမှ ထိုးစစ်ဆင်ဖို့ မဖြစ်နိုင်တော့ လေကြောင်းနဲ့ နေ့စဉ် တောက်လျှောက်ထိုးစစ်ဆင်နေမယ်လို့ရှုမြင်တယ်” ဟုဦးဇော်ဆန်က ပြောသည်။

ယခု စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် သီပေါမြို့ကို တအာင်းတပ်(TNLA)က သိမ်းပိုက်ထားပြီး လားရှိုမြို့ကို ကိုးကန့်တပ်မတော်(MNDAA)က သိမ်းပိုက်ထားသည်။စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ဩဂုတ်၃၀ရက်မှစ၍ လေကြောင်းမှဗုံးကြဲတိုက်ခဲ့ရာ ယနေ့အထိ လေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်ထက်မနည်းရှိခဲ့ပြီး ​သေခံပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။