Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမှာအထိနာနေတဲ့စစ်တပ်က ရသေ့တောင်ကိုလက်နက်ကြီးပစ်တာ​ကြောင့် သားအမိ နှစ်ဦးသေဆုံး

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

(ဇီးကိုင်းရွာမှ စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးသွားခဲ့တဲ့သားမိနှစ်ဦး။ဓါတ်ပုံ-ပေးပို့)

စက်တင်ဘာ-၂၁၊၂၀၂၆။ခိုင်မြတ်/ People’s Spring

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ ဆက်တိုက်သိမ်းပိုက်ခံနေရပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ရသေ့တောင်မြို့နယ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားသားအမိနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် မိုးစဲကမ်း ဇီုးကိုင်းရွာထဲ ကျရောက်ပေါက် ကွဲခဲ့ပြီး အဲဒီရွာမှ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သူ့ရဲ့သမီးဖြစ်သူ ၄၂ နှစ်အရွယ် ဒေါ်မရွှေတင်တို့ သေဆုံး သွားခဲ့တာပါ။

“သားမိနှစ်ယောက်နေတဲ့အိမ်ထဲကိုတည့်တည့်ကျတာ။တကယ်ဆိုရင်စစ်တွေမှာတိုက်ပွဲဖြစ်နေတာနဲ့ဒီဘက်တွေနဲ့ ဘာမှမဆိုင်ဘူး။ ယုတ်ကန်းပြီးတော့ပစ်နေတာ။ဒီနေ့လည်းလက်နက်ကြီးတွေနဲ့ ပစ်နေပါတယ် မူစဲကမ်း ဘက်ကို” လို့ ရသေ့တောင်မြို့နယ် မူစဲကမ်းဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇီးကိုင်းရွာဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ငါးမိုင်ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။ စစ်တပ်ဟာ အဲဒီလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်ဘက်ခြမ်းလူနေကျေးရွာတွေကိုလည်း လေကြောင်း၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ကို လေယာဉ် အုပ်လိုက်နဲ့ ဗုံးပတ်ကြဲခဲ့ပြီး သံတွဲမြို့နယ်မှ ဒေသခံတဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၇ ရက်နေ့ ကလည်း စစ်တပ်ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျရွာမှ ဒေသခံအမျိုးသားတဦး ဒဏ်ရာရခဲ့ပါတယ်။

အလားတူစက်တင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား တောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွား ခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက်ကြီးအမျိုးသမီးသေဆုံးခဲ့ရပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ်နဲ့ချီသေဆုံးမှုရှိနေပြီးအထိနာ​နေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။

အဲဒီလိုစစ်တပ်ရဲ့စစ်ဆင်ရေစတဲ့ စက်တင်ဘာ ၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ၁၇ ရက်အတွင်း စစ်တပ်လက်ချက် ကြောင့် ရခိုင်ဒေသခံအရပ်သားပြည်သူ၆ ဦးထက်မနည်း သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ နေ့တိုင်း ဆယ်ချီသေဆုံးကာ အထိနာ နေပြီး သူတို့ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ လက်လွှတ်ရတာတွေလည်း ဆက်တိုက်ရှိနေတာပါ။လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်းကျင်၊ စစ်တွေမြို့နယ်အမြင့်ကျွန်း၊ တောကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက် ပွဲနှစ်ပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူရာနဲ့ချီရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။