စက်တင်ဘာ-၂၁၊၂၀၂၆။ရှိန်း/People’s Spring
ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီကနေ့ မနက်မှာ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
၂၀၂၅ခုနှစ်၊ဇူလိုင်လ ကတည်းက မန္တလေးမြို့ကနေ ဗန်းမော်မြို့ကိုပို့ထားတဲ့ စစ်သားတွေထဲက ဒဏ်ရာရစစ်သားတွေပြန်ခေါ်လာတဲ့ စစ်သင်္ဘောတွေဟာ စက်တင်ဘာ ၂၁ရက်မနက်ပိုင်းမှာ မန္တလေးဆိပ်ကမ်းကို ကပ်ခဲ့ပါတယ်။ဆိပ်ကမ်းမှာလူနာတင်ကားတွေအပါအဝင်ကားအစီးရေ ၂၀ လောက်နဲ့ မန္တလေးနန်းတွင်းထဲကိုစစ်သားတွေကိုသယ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ၂၀၂၄ ကတည်းဗန်းမော်ကိုပို့ထားတဲ့စစ်သားအချို့လည်းပြန်ပါတယ်လို့သတင်းရရှိပါတယ်။
“အပြန်မှာ တော်တော်ဆိုးတယ်အတိုက်ခံရတာ။ဒဏ်ရာ ရတဲ့သူ တွေလည်းများတယ်။အရင်ကတည်းကတိုက်ပွဲမှာဒဏ်ရာရတဲ့သူတွေနဲ့ တခြားသူနည်းနည်းတပ်အချိန်းလုပ်တာ လမ်းမှာလှိမ့်နေအောင်အဆော်ခံရတယ်”လို့ စစ်သားတဦးကပြောပါတယ်။

Public Service Announcement
မန္တလေးမြို့မှာ ဒဏ်ရာရစစ်သားတွေဆေးကုသဖို့ ဝန်ထမ်းအင်အားနဲ့ ဆေးအင်အားအလုံ အလောက်မရှိတာ ကြောင့် ပြင်ဦးလွင် စစ်ဆေးရုံကိုချက်ချင်းပို့တာတွေလည်းရှိတယ်လို့ဒေသခံ တွေကပြောပါတယ်။
ဗန်းမော်မြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ၂၀၂၅ခုနှစ်မှာ ဧရာဝတီမြစ်ကြောင်းကနေ စစ်သားအင်အားထောင်ချီပို့ခဲ့တာဖြစ်ပါတယ်။ဗန်းမော်မြို့မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့သလို တပ်အပြောင်းအလဲလုပ်လို့ မန္တလေးပြန်လာချိန်မှာလည်း KIAနဲ့ ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်တပ်သင်္ဘောတွေ မီးလောင်ခဲ့သလို ဒဏ်ရာရသူ တွေလည်းများခဲ့ပါတယ်။ ဒါကြောင့် ဒဏ်ရာပြင်းထန်တဲ့စစ်သားတွေကိုသပိတ်ကျင်းမြို့မှာအရေးပေါ် ချခဲ့သေးတယ်လို့လည်း စုံစမ်းသိရပါတယ်။
ဩဂုတ်လ၂၁ရက်နဲ့ စက်တင်ဘာလ၄ ရက်နေ့ကလည်း နောက်ထပ် သင်္ဘောအစီးရေ စုစုပေါင်း၅၀ ကျော်နဲ့ စစ်တပ်က စစ်ကူနဲ့လက်နက်ခဲယမ်း၊ရိက္ခာတွေထပ်မံပို့ခဲ့ပေမယ့် KIAနဲ့ ပူး ပေါင်းတပ်က စစ်တပ်ရဲ့သင်္ဘောအစီးရေ (၂၀) ဝန်းကျင်ကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါ့အပြင် စစ်တပ်သင်္ဘော ၂ စီးက တိုက်ခိုက်ခံရပြီး KIA ထံလက်နက်ချခဲ့ပါတယ် ။
ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ စစ်တပ်ရဲ့သင်္ဘောအစီး (၂၀)ဝန်းကျင်တိုက်ခိုက်ခံခဲ့ရတဲ့အပြင် စစ်သားရာနဲ့ချီ သေဆုံး ၊ဒဏ်ရာရခဲ့ပါတယ် ။ဒါအပြင်စစ်သား နဲ့ စစ်သားမိသားစုဝင် စုစုပေါင်း ၁၅၀ ကျော် KIA ပူးပေါင်းတပ်ထံလက်နက်ချခဲ့ပါတယ် ။စစ်တပ်သင်္ဘောတွေ လုံခြုံရေး ယူပေးတဲ့ ကြည်းကြောင်းက စစ်သားတွေကိုလည်း KIA ပူးပေါင်းတပ်ကတိုက်ခိုက်လို့ သေဆုံး ဒဏ်ရာရသူများပြီးစစ်ကြောင်းအချို့ ပျက်ခဲ့ပါတယ်။



















































