Connect with us

Hi, what are you looking for?

သတင်း

နပခတိုင်းစစ်ဌာနချုပ်နှင့် (၉)မိုင်ခန့်သာဝေးသည့် မဲတောင်ဗျူဟာစခန်း AAသိမ်းပိုက်

ကျိန္တလီဒေသရှိ စခန်း ၂ခုအသိမ်းခံရသည့် စစ်ကောင်စီတပ်က ချောင်းကူးတံတားဖျက်ဆီးပြီး ဂွမြို့ဘက်ဆုတ်ခွာ၊ တောင်ကုန် စကခ(၅) လက်အောက်ခံတပ်ရင်းများ အပြီးသတ်သိမ်းယူနိုင်ရေး ဆောင်ရွက်နေဟု အသိပေး

မဲတောင်ဗျူဟာစခန်းကို AA သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA

ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ် အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နှင့် ၉မိုင်ခန့်သာ ဝေးသည့် စစ်ကောင်စီ၏ မဲတောင် ဗျူဟာစခန်းကို အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၇ရက် ညနေပိုင်း၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။

အမ်းမြို့နယ်အတွင်း လက်ကျန် စခန်းများထဲမှတစ်ခုဖြစ်သောမဲတောင် ဗျူဟာကို AAက စက်တင်ဘာ ၂၆ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ၁၂ ရက်ခန့် အကြာတွင် မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ ရန်သူ့စခန်းများအားလုံးကို သိမ်းနိုင်ခဲ့ပြီးလက်နက်ခဲယမ်းများစွာ ရရှိခဲ့ဟု AAက အသိပေးသည်။

အဆိုပါ ဗျူဟာစခန်းသည် အမ်းမြို့ နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် ၁၄ ကီလိုမီတာ( ၉မိုင်)ခန့်သာ ကွာဝေးသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း၌ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်ဆက်လက်သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းလျက် ရှိသောကြောင့် မောင်တော၊ ကျိန္တလီ နှင့်အမ်းစသည့်ဒေသများအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွား လျက်ဟု အသိပေးသည်။

မောင်တောမြို့သိမ်းတိုက်ပွဲ၏ တစ်ခုတည်းသောစခန်းဖြစ်သည့် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ARSO၊ RSO မူဆလင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ မောင်တော၊ ဘူးသီးတောင်ဒေသများ၌ အတင့်ရဲစွာ ပြုလုပ်လျက်ရှိသောအကြမ်းဖက် လုပ်ငန်းများကို တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ကျိန္တလီဒေသအတွင်း၌လည်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ် ခန့်ကြာမြင့်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ရန်သူသည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုံးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား ယမန်နေ့ အောက်တိုဘာ ၇ရက်တွင် တံတား အလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာသွားကြောင်း AAက ထုတ်ပြန်သည်။

အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းများကို အောက်တိုဘာ ၆ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီက တံတားအား ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း၊ ဆုတ်ခွာသွားသည့် ရန်သူများအား လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း အသိပေးသည်။

စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း AAက ထုတ်ပြန်သည်။

တောင်ကုတ်မြို့ ရွာမကျေးရွာအတွင်းသို့ စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးထိခိုက် ဒဏ်ရာရမှုများရှိခဲ့ဟု အောက်တိုဘာ ၇ရက်ညပိုင်း၌ အသိပေးထားပြီး အသေးစိတ် အခြေအနေများ ဖော်ပြမထားပေ။

AA အနေဖြင့် စစ်ကောင်စီ၏ တောင်ကုတ်မြို့ စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆/၅၄၄) တပ်စခန်းများနှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ရက္ခိုင်ပြည်နယ်တွင် စစ်ကောင်စီအနေဖြင့် စကခ ဌာနချုပ် ၃ခုရှိရာ စကခ(၉) ကျောက်တော် နှင့် စကခ (၁၅)ဘူးသီးတောင်ကို စသည့် စကခ နှစ်ခုနှင့် ၎င်း၏ လက်အောက်ခံတပ်ရင်းများအားလုံးကို AAက သိမ်းပိုက်ထားပြီး တောင်ကုတ်မြို့ စကခ (၅)တစ်ခုသာ ကျန်တော့သည်။

(မဲတောင်ဗျူဟာစခန်းကို AA သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – AA)

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။