Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ ပြည်သူ တစ်ဦးသေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ အောက်တိုဘာ ၉ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ချင်းဒေသ သတင်းရင်းမြစ်က ပြောသည်။

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ အောက်တိုဘာ ၉ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ချင်းဒေသ သတင်းရင်းမြစ်က ပြောသည်။

ဖလမ်းအခြေစိုက် ခလရ(၂၆၈)တပ်ကုန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့၍ (၅၇)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖလမ်းနှင့် ဟားခါးအကြား၊ ဖလမ်းမြို့နယ် ဆူရ်ဘုံလေယာဉ်းကွင်းဘက်တွင်လည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး ချင်းသတင်းရင်းမြစ်က ပြောသည်။

“ဖလမ်းမြို့အထွက်ပေါ့ လုံပီနဲ့ လုံရမ်ကျေးရွာနဲ့ဆူဘုန်ရ် လေယာဉ်ကွင်းဘက်မှာ ဗုံးကြဲတိုက်ခိုက်တယ်တဲ့။ ဒီနေ့လည် ၁နာရီမှာပေါ့” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဖလမ်မြို့အနီးတွင် မည်သည့်တိုက်ပွဲမှ မရှိသကဲ့သို့ ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့်လည်း တိုက်ပွဲပြင်ဆင်မှုမရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ဘာမှ တိုက်ပွဲမရှိဘဲ အဲဒီလိုမျိုးလုပ်တာကတော့ ဘာသဘောလဲတော့ မသိဘူးပေါ့”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ် ထန်တလန်မြို့၌ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ စစ်ကောင်စီက ဟားခါးရှိ စစ်ကောင်စီတပ်သို့ လက်နက်ခဲယမ်းများ လေကြောင်းမှချပေးကာ ဖြည့်တင်းလျက်ရှိသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသကဲ့သို့

ချင်းဒေသ ကာကွယ်ရေးအဖွဲ့အချို့က အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်စုဖွဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook