Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ ပြည်သူ တစ်ဦးသေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ အောက်တိုဘာ ၉ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ချင်းဒေသ သတင်းရင်းမြစ်က ပြောသည်။

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ အောက်တိုဘာ ၉ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ချင်းဒေသ သတင်းရင်းမြစ်က ပြောသည်။

ဖလမ်းအခြေစိုက် ခလရ(၂၆၈)တပ်ကုန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့၍ (၅၇)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖလမ်းနှင့် ဟားခါးအကြား၊ ဖလမ်းမြို့နယ် ဆူရ်ဘုံလေယာဉ်းကွင်းဘက်တွင်လည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး ချင်းသတင်းရင်းမြစ်က ပြောသည်။

“ဖလမ်းမြို့အထွက်ပေါ့ လုံပီနဲ့ လုံရမ်ကျေးရွာနဲ့ဆူဘုန်ရ် လေယာဉ်ကွင်းဘက်မှာ ဗုံးကြဲတိုက်ခိုက်တယ်တဲ့။ ဒီနေ့လည် ၁နာရီမှာပေါ့” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဖလမ်မြို့အနီးတွင် မည်သည့်တိုက်ပွဲမှ မရှိသကဲ့သို့ ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့်လည်း တိုက်ပွဲပြင်ဆင်မှုမရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ဘာမှ တိုက်ပွဲမရှိဘဲ အဲဒီလိုမျိုးလုပ်တာကတော့ ဘာသဘောလဲတော့ မသိဘူးပေါ့”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ် ထန်တလန်မြို့၌ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ စစ်ကောင်စီက ဟားခါးရှိ စစ်ကောင်စီတပ်သို့ လက်နက်ခဲယမ်းများ လေကြောင်းမှချပေးကာ ဖြည့်တင်းလျက်ရှိသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသကဲ့သို့

ချင်းဒေသ ကာကွယ်ရေးအဖွဲ့အချို့က အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်စုဖွဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။