Connect with us

Hi, what are you looking for?

သတင်း

သမ္မတရုပ်ရှင်ရုံအနီး စစ်ကောင်စီယာယီဂိတ်အား ဖောက်ခွဲတိုက်ခိုက်

ယုန်လေး​၏ ရုပ်ရှင်ပွဲမသွားရန် GHF တာဝန်ရှိသူတိုက်တွန်း

ရန်ကုန်မြို့ရှိ စစ်ကောင်စီဘန်ကာကင်းတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

သတိုး/People’s Spring

ရန်ကုန်မြို့ ဒဂုံမြို့နယ် သမ္မတရုပ်ရှင်ရုံအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချနေသည့် ယာယီဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces ၏ တာဝန်ခံ ဆရာကျောင်းက ပြောသည်။

“စစ်ကောင်စီနဲ့ပတ်သက်တဲ့လူကို တိုက်ခိုက် နိုင်တဲ့အပြင် သမ္မတရုံပတ်ချာလည်မှာ နှစ် ယောက်တစ်တွဲ၊ သုံးယောက်တတွဲနဲ့ အယောက် ၃၀ လောက်ကင်းချထားတယ်။ အဓိကကတော့ ယုန်လေးရဲ့ပွဲရှိလို့ လုပ်တယ်လို့ယူဆတယ်။ သူ့ဟာသူဘယ်လောက်ပဲကင်းချချ ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာကိုသိစေချင်တာပါ။ ဒီပွဲကို မဆိုင်သူတွေ မလိုအပ်ပဲမသွားကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဆရာကျောင်းက ပြောသည်။

အထက်ပါစစ်ဆင်‌ရေးကို ယနေ့ နေ့လည် ၁၁ နာရီ ၄၅မိနစ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရာသီဥတု အခြေ‌အနေကြောင့် ထင်သလောက် မထိရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးသည် M043 စစ်ဆင်ရေးအဖြစ် ခုနစ်ကြိမ်မြောက်လုပ်ဆောင်ခြင်းဖြစ်ပြီး မြို့ပြတိုက်ခိုက်မှုများအတွက် နည်းပညာနှင့်ခဲယမ်းကူညီပေးသော Tiger Dragon Revolution Force (TDRF)အား ကျေးဇူးတင်ကြောင်း God’s Hand Forces က သတင်းထုတ်ပြန်ထားသည်။

သမ္မတရုပ်ရှင်ရုံ၌ စစ်ကောင်စီအမာခံထောက် တိုင် ယုန်လေး၏ ရုပ်ရှင်ဇာတ်ကားကို ယခုလအတွင်း ရုံတင်ရန် စီစဉ်နေပြီး အောက်တိုဘာ ၁၄ ရက်တွင် အထူးပွဲပြသရန် စီစဉ်ထားသည်။

ယုန်လေး၏ ရုပ်ရှင်အထူးပွဲကို ယခင်က အောက်တိုဘာ ၈ ရက်တွင်ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း မပြုလုပ်ခဲ့ပဲ ရက်ရွှေ့ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲသို့ တတ်ရောက်မည့် မီဒီယာများကို လည်ဆွဲကတ်များဆွဲရန် နှင့် လုံခြုံရေးအရ စစ်ဆေးမည်ဖြစ်ကြောင်း မင်္ဂလာရုပ်ရှင်ရုံဘက်ကအသိပေးထားသည်။

လက်ရှိရုံတင်မည့် ဇာတ်ကားသည် တန်းစီစနစ်အရ ရုံများပြန်ဖွင့်သည့် ၂၀၂၂ တွင် ရုံတင်ရမည်ဖြစ်သော်လည်း ယင်းအချိန်က ပြည်သူလူထုက စစ်ကောင်စီထောက်တိုင် ယုန်လေးကို Social Punishment ပြုလုပ်ခံနေရသောကြောင့် ရုံမတင်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ယုန်လေးက ပရဟိတအလုပ်များလုပ်ပြကာ လူထုရှေ့သို့ ပြန်ထွက်လာခဲ့ပြီး လက်ရှိရေဘေးတွင်လည်း သွားရောက်လှူဒါန်းမှုများပြုလုပ်ကာ ယင်းရုပ်ရှင်ကြည့်ရှုသူများသည်လည်းရေဘေးတွင် အလှူပါဝင်နိုင်မည်ဟု ဆွဲဆောင်ထားသည်။

ယုန်လေးသည် စစ်ကောင်စီနှင့် ပူးပေါင်းနေသူဖြစ်သောကြောင့် ပြည်သူများဘက်မှ Social Punishment ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများဘက်မှ အကြိမ်ကြိမ် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးတိုင်းအတွင်း ၉/အညာမြေ စစ်ဆင်ရေးအဖြစ် မေလ ၁၅ရက်ကစ၍ မြင်းခြံ၊နွားထိုးကြီး၊တောင်သာနှင့် ငါးန်းဇွန်မြို့နယ်တို့ရှိ စစ်ကောင်စီဂိတ်စခန်းများတိုက်ခိုက်ရာ စစ်အုပ်စုဝင် ၅၀ထက်မနည်းသေဆုံးကာ လက်နက် ၃၀ခန့် သိမ်းဆည်းရရှိကြောင်း အဆိုပါ စစ်ဆင်ရေးက ယနေ့(မေလ ၂၄ရက်) ထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ဂိတ်ချ၍ ပြည်သူများအားဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ဧရာဝတီနှင့်ရန်ကုန်တိုင်းကို အဓိက ဆက်သွယ်သည့် ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ဟင်္သာတလမ်းတလျှောက်မှ စစ်ကောင်စီဂိတ်များသည် တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိကဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တစ်ခုတည်းတွင် တနေ့ သိန်း ၂၀၀ ရအောင်ကောက်ယူရန်နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်းစုံစမ်းသိရသည်။