Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီဂိတ်အား တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ဂိတ်ချ၍ ပြည်သူများအားဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒူရကစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - ဒူရကစစ်ကြောင်း

မတ် – ၂၄ ၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ဂိတ်ချ၍ ပြည်သူများအားဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်တွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို မတ်လ ၂၂ ရက် နေ့လယ် ၃ နာရီခန့်တွင် ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“၂၀၊၃၀လောက် ယာယီတပ်စွဲပြီး ၁ ရက် ၂ရက်လောက်နေပြီး ပြန်သွားလေ့ရှိပါတယ်ဗျ”ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေရာမှ စစ်ကောင်စီတပ်အခြေအနေကို ဒူရကစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်းက အသိပေးသည်။

အလားတူ မတ်လ ၁၈ ရက်ကလည်း ထား ဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စျေးထွက်ဝယ်ချိန် ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ သေနတ်သုံးလက် ရရှိခဲ့သည်။

ထို့အပြင် မတ်လ ၇ ရက် တစ်ရက်တည်းတွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး ဟာလီကွေ့ရှိ စစ်တပ်စစ်ရေးဂိတ်နှင့် ရေဖြူမြို့အဝင် တံတားထိပ်စစ်ဆေးရေးဂိတ်တို့ကို ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ငါးဦးသေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ထိခိုက်သေဆုံးသူတွေရှိပြီး လက်နက်နဲ့ခဲယမ်းတချို့ရတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း ၉/အညာမြေ စစ်ဆင်ရေးအဖြစ် မေလ ၁၅ရက်ကစ၍ မြင်းခြံ၊နွားထိုးကြီး၊တောင်သာနှင့် ငါးန်းဇွန်မြို့နယ်တို့ရှိ စစ်ကောင်စီဂိတ်စခန်းများတိုက်ခိုက်ရာ စစ်အုပ်စုဝင် ၅၀ထက်မနည်းသေဆုံးကာ လက်နက် ၃၀ခန့် သိမ်းဆည်းရရှိကြောင်း အဆိုပါ စစ်ဆင်ရေးက ယနေ့(မေလ ၂၄ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီဗိုလ်ကြီးက အဖမ်းခံရမည်စိုး၍ သေနတ်ဖြင့်ပစ် အဆုံးစီရင်၊ စစ်သား ၁၆ဦး အလံဖြူထောင် လက်နက်ချ

သတင်း

ဧရာဝတီနှင့်ရန်ကုန်တိုင်းကို အဓိက ဆက်သွယ်သည့် ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ဟင်္သာတလမ်းတလျှောက်မှ စစ်ကောင်စီဂိတ်များသည် တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိကဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တစ်ခုတည်းတွင် တနေ့ သိန်း ၂၀၀ ရအောင်ကောက်ယူရန်နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်းစုံစမ်းသိရသည်။