Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပကဖ တိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများနိုင်ကြောင်း မြောက်ဥက္ကလာပမြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်ခံရသည့် အုပ်ကြီးရုံးနှင့် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများအား တွေ့ရစဉ်။ ဓာတ်ပုံ - မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

သတိုး/People’s Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများနိုင်ကြောင်း မြောက်ဥက္ကလာပမြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

ရုံးထဲမှာ လူတွေရှိတယ်။သုံးလုံးပစ်တာ နှစ်လုံးကတော့ ပြင်းတယ်။ တစ်လုံးကတော့ Damage နည်းနည်းနည်းတော့ အသံပျော့တယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါရုံးကို အောက်တိုဘာ ၁၃ ရက် ည ၈နာရီ ၄၅ မိနစ်တွင် ဗုံးသုံးလုံးဖြင့် တစ်ပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သန်ခေါင်စာရင်းကောက်ယူမှုများ မုဒိန်းမှုကျူးလွန်ထားသော သူအားငွေကြေးရရယူပီးပြန်လွှတ်ပေးခြင်း(2)ရပ်ကွက်ပြည်သူများတိုင်ကြားမှုများပြားလာခြင်းကြောင့်ဖောက်ခွဲတိုက်ခိုက်ရခြင်းဖြစ်ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရောက်ရှိလာကာ လမ်းများပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း စစ်ဆင်ရေးဆောင်ရွက်သူအားလုံး ဘေးကင်းပြီဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်ခံရသည့် အုပ်ကြီးရုံးနှင့် အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများအား တွေ့ရစဉ်။ ဓာတ်ပုံ – မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

မြောက်ဥက္ကလာပမြို့နယ်ပကဖသည် အောက်တိုဘာ ၁၁ ရက်ကလည်း ၎င်းတို့၏ မဟာမိတ်အဖွဲ့နှင့်အတူ (ဋ) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် မြို့ပြပြောက်ကျား အဖွဲ့များကို ထောက်ပံ့ပေးရန်အတွက်လည်း ၎င်းကတောင်းဆိုထားသည်။

” UG တွေကိုပစ်မထားကြပါနဲ့။ မြို့ပြမှ အဖမ်းခံရရင် သေမယ်ဆိုတာ သိသိကြီးနဲ့ လုပ်နေကြတာ။ တချို့ကလေးတွေ ဆန်တစ်အိတ်တောင်မရကြဘူး။ အိမ်လခဆို ဝေလာဝေး ။ ကျွန်တော်တို့ဆို ပကဖကရတာလေးနဲ့ ခွဲဝေပေးနေတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲတွေ ကားနဲ့တိုက်သတ်ခံရပြီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

စစ်ကောင်စီ၏ ‌ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။