Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာမှာ ဈေးရောင်းဖို့လာတဲ့ လူငယ် ၃ ဦးကို စစ်တပ်ဖမ်းဆီးပြီး စစ်မှုထမ်းပို့

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇူလိုင်-၁၄၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဃ ရပ်ကွက်ရုံးကို ဖမ်းသွား၊ ရုံးတံခါးပိတ် ခဏချုပ်ထားပြီး အဲ့မနက်တွင်းပဲ စစ်မှုထမ်းဖို့ တခြားနေရာကို လွှဲလိုက်တယ်လို့ သိရပါတယ်ဗျ။” လို့ ပြောပါတယ်။

ဇူလိုင် ၁၀ ရက် မနက် ၅ နာရီခွဲလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေက အသက် ၂၃ နှစ်ဝန်းကျင် လူငယ်တွေလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့မှာ ဇူလိုင် ၆ရက် ကနေ ၁၂ ရက်အတွင်း ဖမ်းဆီးခံရသူ ၉ဦးရှိပြီး လမ်းပေါ်မှာ အဖမ်းခံရသူ ၆ဦး နဲ့ စက်ရုံအတွင်း ရှာဖွေကာ ဖမ်းဆီးခံရသူ ၃ ဦးရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၅ ရက်ကလည်း လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို ရဲတစ်ဦးနဲ့ အရပ်ဝတ်တစ်ဦးက ဖုန်းတွေယူစစ်ပြီး ပရဟိတကားနဲ့ ဖမ်းဆီးသွားတယ်လို့ RSN က အသိပေးထားပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်းအပတ်စဉ် ၁ခုကို လူဦးရေ ၅,၀၀၀ ခေါ်ယူမယ်လို့ ကြေညာထားပြီး လက်ရှိမှာ အပတ်စဉ် (၂၇)ကို စတင်ခေါ်ယူနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။