Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာမှာ ဈေးရောင်းဖို့လာတဲ့ လူငယ် ၃ ဦးကို စစ်တပ်ဖမ်းဆီးပြီး စစ်မှုထမ်းပို့

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇူလိုင်-၁၄၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဃ ရပ်ကွက်ရုံးကို ဖမ်းသွား၊ ရုံးတံခါးပိတ် ခဏချုပ်ထားပြီး အဲ့မနက်တွင်းပဲ စစ်မှုထမ်းဖို့ တခြားနေရာကို လွှဲလိုက်တယ်လို့ သိရပါတယ်ဗျ။” လို့ ပြောပါတယ်။

ဇူလိုင် ၁၀ ရက် မနက် ၅ နာရီခွဲလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေက အသက် ၂၃ နှစ်ဝန်းကျင် လူငယ်တွေလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့မှာ ဇူလိုင် ၆ရက် ကနေ ၁၂ ရက်အတွင်း ဖမ်းဆီးခံရသူ ၉ဦးရှိပြီး လမ်းပေါ်မှာ အဖမ်းခံရသူ ၆ဦး နဲ့ စက်ရုံအတွင်း ရှာဖွေကာ ဖမ်းဆီးခံရသူ ၃ ဦးရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၅ ရက်ကလည်း လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို ရဲတစ်ဦးနဲ့ အရပ်ဝတ်တစ်ဦးက ဖုန်းတွေယူစစ်ပြီး ပရဟိတကားနဲ့ ဖမ်းဆီးသွားတယ်လို့ RSN က အသိပေးထားပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်းအပတ်စဉ် ၁ခုကို လူဦးရေ ၅,၀၀၀ ခေါ်ယူမယ်လို့ ကြေညာထားပြီး လက်ရှိမှာ အပတ်စဉ် (၂၇)ကို စတင်ခေါ်ယူနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။