Connect with us

Hi, what are you looking for?

သတင်း

လှည်းကူးမြို့၊အုန်းနှဲကုန်း ရပ်ကွက်အုပ်ချုပ်ရေးရုံးကို မြို့ပြအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

စက်တင်ဘာ-၂၅၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

“ရုံးစဖွင့်ပြီးရောက်လာကြတာ။ စွန့်တော့စွန့်စားလိုက်ရတယ်။ထိခိုက်မှုကအနည်းဆုံး၄ယောက် ၅ယောက်လောက်ထိခိုက်နိုင်တယ်” ဟု အထက်ပါစစ်ဆင်ရေး နှင့်ပတ်သက်၍ ၎င်းကပြောသည်။

အဆိုပါစစ်ဆင်ရေးကိုစက်တင်ဘာ၂၅ ရက်ည ၇ နာရီခန့်တွင် Yangon Army ရဲဘော်များက ​ဖော်​ဆောင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပြီးချိန်၌ လူနာတင်ကားများ ရောက်ရှိလာကြောင်း မြေပြင်မှ သတင်းရရှိသည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှုးသည် လူမိုက်များနှင့် ပေါင်း၍ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကိစ္စများ ဆောင်ရွက်ခြင်း ၊ လူငယ်များကို ပေါ်တာဆွဲ၍ စစ်မှုထမ်းလိုအပ်သည့်နေရာများကိုရောင်းစားကာ လူကုန်ကူးမှုလုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Yangon Army ကထုတ်ပြန်ထားသည်။

“ပထွေးအားကိုးနဲ့ပြည်သူကိုလူပါးဝနေတာကြာပြီ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ပြည်သူများအနေဖြင့်စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တတ်နိုင်သည့် ဘက်မှ ဆန့်ကျင်ကြရန် ၎င်းကတိုက်တွန်းသည်။

“ရွေးကောက်ပွဲအတွက် အားတက်သရောလုပ်ဆောင်နေကြတဲ့ကောင်တွေစာရင်းအသေးစိတ်ပြုစုထားတယ်..တချိန်မဟုတ်တချိန်လုပ်နေတဲ့ကောင်တွေဆီကျနော်တို့အရောက်လာမယ်ဆိုတာသတင်းပါးချင်ပါတယ်” အထက်ပါတာဝန်ရှိသူကပြောသည်။

Yangon Army အဖွဲ့ အနေဖြင့်ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက်လုပ်​ပေးနေသော လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး ၊ အင်းစိန်မြို့နယ် မြို့သစ် (ဂ) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတို့ကိုတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။