Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်တွေတပ်စွဲထားလို့ လွတ်ရှမ်းရွာကရွာသားတွေ အိမ်မပြန်ရဲသေး

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးလည်း ပါဝင်တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝင်းရေးမြို့နယ် လွတ်ရှမ်းကျေးရွာက ကေအဲန်ယူစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်တွေ့ နေရာယူတပ်စွဲနေတာကြောင့် ဒေသခံတွေ နေအိမ်မပြန်ရဲကြသေးဘူးလို့ သတင်းရရှိပါတယ်။

အောက်တိုဘာ ၂၀ ရက် ည ၈ နာရီကနေ ၁၀ နာရီခွဲအထိ နယ်မြေခံ KNLA တပ်ရင်း ၁၆ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးလည်း ပါဝင်တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်မှာရှိတဲ့ လွတ်ရှမ်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် အင်အားအများအပြားနဲ့ နယ်မြေကျော် စစ်ရေးဝင်ရောက်လှုပ်ရှားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရတယ်လို့ နယ်မြေခံ KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ လွတ်ရှမ်းရွာက ကေအဲန်ယူ စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက တပ်စွဲထားပြီး နောက်နှစ်ရက်လောက်အထိ ဆက်လက်တပ်စွဲနေရာယူဦးမယ်လို့ လွတ်ရှမ်းရွာအုပ်ချုပ်ရေးမှူးကို အသိပေးခဲ့ကြောင့် ကြားသိရပါတယ်။

“လွတ်ရှမ်းမှာ တစ်ရက်နှစ်ရက်တော့ နေမယ်တဲ့။ စစ်ကောင်စီက ဥက္ကဌကို ပြောသွားတာ။ အကြောင်းရင်းတော့ မသိသေးဘူး။ သက်သက်မဲ့ရန်စချင်တဲ့ သဘောပဲ ကြည့်ရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် လွတ်ရှမ်းရွာလမ်းဘေးက အိမ်တွေနဲ့ ဂိတ်အနီးအနားမှာရှိတဲ့ အိမ်တွေက ဒေသခံပြည်သူတွေဟာ ရှောင်တိမ်းနေခဲ့ရပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားမှာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook