Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ထပ်မံရရှိဟု ကိုးကန့်ထုတ်ပြန်

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်နှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း အကောင်းဆုံး ခုခံနိုင်ခဲ့ကြောင်း MNDAA က ဆိုသည်။

—ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ကျော်တွေ့ဟုဆို

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ် ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ထပ်မံရရှိခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က ထုတ်ပြန် သည်။

ထို့ပြင် စစ်မြေပြင်သို့ နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ အလောင်း ၂၀ကျော်တွေ့ရှိခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

လတ်တလောတွင် စစ်ကောင်စီ၏ထိုးစစ်ဆင်မှုများပြေလျော့လာ၍ ကိုးကန့်MNDAAတပ် သည်လည်း အထူးဒေသ(၁)မုံးကိုးခရိုင် ၊ဖောင်းဆိုင်‌ဒေသ၏စစ်မြေပြင်များကို ရှင်းလင်းရေးများပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ တွင် ရှီကျိကျတောင်တန်းတွင် အခြေစိုက်နေသော ကိုးကန့် (MNDAA)တပ်သည် စစ်မြေပြင်ရှင်းလင်း‌ရေး လုပ်ဆောင်နေစဉ်မှာ စစ်ကောင်စီမှစွန့်လွတ်ခဲ့သောလက်နက်များကို ထပ်မံသိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်နှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း အကောင်းဆုံး ခုခံနိုင်ခဲ့ကြောင်း MNDAA က ဆိုသည်။

ယခုရက်ပိုင်းတွင် ကိုးကန့်MNDAAတပ်သည် တိုက်ပွဲဖြစ်ပွားခဲ့သော စစ်မြေပြင်များကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီဘက်မှ စွန့်လွတ်ခဲ့သောလက်နက် အချို့ကိုသိမ်းဆည်းရမည့်သည့်အပြင် စစ်ကောင်စီဘက်မှကျဆုံးသောအလောင်း ၂၀ကျော်ကိုလည်း တွေ့မြင်ရသည်ဟု ဖော်ပြခဲ့သည်။

MNDAAနှင့် စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းမှ စ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး လားရှိုး၊ သိန္နီမြို့နယ်များ၌လည်း တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သည်။

အောက်တိုဘာ ၂၂ရက် သိန္နီဒေသတွင် အခြေချနေသောစစ်ကောင်စီ (၅၆၇)တပ်ရင်းသည် အင်အား ၈၀ ကျော်ဖြင့် ကိုးကန့်MNDAAတပ်ရှိရာသို့ချီလာ၍ ကြာရမ်းကျေးရွာနှင့် ထန်ကြာပရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။