Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ ရေလွှမ်းမိုးမှုတွေကြောင့် ဆန်တန်ချိန် ၁ သန်းကျော် ဆုံးရှုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရေလွှမ်းမိုးမှုတွေကြောင့် ခန့်မှန်းခြေ စုစုပေါင်း ဆန်တန်ချိန် ၁ သန်းကျော် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရေလွှမ်းမိုးမှုတွေကြောင့် ခန့်မှန်းခြေ စုစုပေါင်း ဆန်တန်ချိန် ၁ သန်းကျော် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

စိုက်ပျိုးရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ရေကြီးမှုတွေအတွက် ပျက်စီးခဲ့တဲ့ ဆန်ပမာဏဟာ တန်ချိန် ၁.၁ သန်း ဝန်းကျင်လောက် ရှိခဲ့ကြောင်း သိရပါတယ်။ ရှိရင်းစွဲ အခြေအနေမှာတောင် စားသောက်ကုန် စျေးနှုန်းတွေ မြင့်တက်မှုနဲ့ ရုန်းကန်နေရတဲ့ အာရှတောင်ပိုင်း နိုင်ငံဟာ ဒီပြဿနာကြောင့် ပြည်ပကနေ ဆန်တင်သွင်းမှုကို အပူတပြင်း မြှင့်တင်ရဖွယ် ရှိနေပါတယ်။

မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအနှံ့မှာ အောက်တိုဘာလနဲ့ ဩဂုတ်လတွေတုန်းက နှစ်ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီ သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူသန်းနဲ့ချီ ထိခိုက်သက်ရောက်မှုတွေ ခံစားခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

စိုက်ပျိုးရေး ဝန်ကြီးဌာန ကြေညာချက်အရ အခုနှစ် ရေကြီးမှုတွေကြောင့် နိုင်ငံရဲ့ ဆန်စပါး ထုတ်လုပ်နိုင်စွမ်းကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေအနေကို တုံ့ပြန်ဖို့အတွက် အစိုးရဟာ ဆန်တန်ချိန် ၅ သိန်းလောက်ကို ဖြည့်တင်း တင်သွင်းနိုင်ရေးအတွက် အဆောတလျင် လုပ်ဆောင်နေတယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ ပြည်ပကို ထွက်ပြေးသွားခဲ့တဲ့နောက် နိုင်ငံကို ဦးဆောင်နေတဲ့ ယာယီ အစိုးရဟာ စားနပ်ရိက္ခာဆိုင်ရာ နောက်ထပ် အကျပ်အတည်း တစ်ခုကို ကြုံတွေ့လာခြင်းလည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာရဲ့ လက်ထက်ကတည်းက စားနပ်ရိက္ခာ စျေးနှုူန်းတွေ ၂၀ ရာခိုင်နှုန်းလောက် မတန်တဆ ထိုးတက်လာတဲ့ ပြဿနာကို မထိန်းချုပ်နိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဆန်တင်သွင်းမှုတွေ မြှင့်တင်ဖို့ကို ကမ္ဘာ့ ဆန်တင်ပို့မှု ဦးဆောင်နိုင်ငံ တစ်ခုဖြစ်တဲ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံဆီ မှီခိုရဖွယ် ရှိနေပါတယ်။ ရေကြီးမှုတွေဟာ ဆန်ထုတ်လုပ်မှု တစ်ခုတည်းကိုသာ မကဘဲ ဘင်္ဂလားဒေ့ရှ်ရဲ့ တခြား စိုက်ပျိုးသီးနှံတွေကိုပါ အကြီးအကျယ် အထိနာစေခဲ့ပါတယ်။ ဥပမာ ရေကြီးမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ဟင်းသီးဟင်းရွက် တန်ချိန် ၂ သိန်းကျော် ပျက်စီးခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ ထိခိုက်ဆုံးရှုံးမှု စုစုပေါင်း ပမာဏဟာ ဒေါ်လာ သန်း ၃၈၀ ဖိုးလောက်ထိ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ကိုယ်တိုင်က ကမ္ဘာပေါ်မှာ ဆန်စိုက်ပျိုး ထုတ်လုပ်မှုနှုန်း တတိယ အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း ၁၇၀ လောက် နေထိုင်တဲ့ နိုင်ငံဟာ နှစ်စဉ် ဆန်တန်ချိန် သန်း ၄၀ ဝန်းကျင်လောက် ထုတ်လုပ်လေ့ ရှိပါတယ်။ ဒါပေမဲ့လည်း သဘာဝ ဘေးအန္တရာယ် ကျရောက်မှုတွေကြောင့် ထုတ်လုပ်မှု စွမ်းအားအပေါ် ထိခိုက် သက်ရောက်လာပြီး ပြည်ပကနေ တင်သွင်းမှုတွေကို ပိုမို မှီခိုလာရတာ ဖြစ်ပါတယ်။

အခုနှစ်မှာ ကြုံခဲ့တဲ့ ရေကြီးရေလျှံမှုတွေက ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု အခြေအနေတွေကို ကိုင်တွယ်တုံ့ပြန်နိုင်စွမ်း အရမ်းအားနည်းနေဆဲ ဆိုတာကို မြင်သာစောပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃.၅ သန်းလောက်ဟာ နှစ်စဉ် ပုံမှန် ရေကြီးရေလျှံမှု ပြဿနာတွေနဲ့ ရုန်းကန်ရလိမ့်မယ်လို့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့ဘဏ်က ခန့်မှန်း ဖော်ပြထားခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး