Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်တပ်က တနေ့တည်းသုံးကြိမ် လေကြောင်းတိုက်ခိုက်

ညနေပိုင်းတွင် အမှတ်(၃)ရဲစခန်း ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ မယ်ဟန်ကျးရွာအုပ်စု ခိုဆန်တန် ကျေးရွာရှိ ရိုရာ ဆန်အရက်ချက်စက်ရုံအား လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA

လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ်(၃) ရဲစခန်းနှင့် မြို့ပေါ်ရပ်ကွက်ကို စစ်ကောင်စီက ယနေ့ တနေ့တည်း လေကြောင်းမှ သုံးကြိမ်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ဝေဟင်တွင် လေကြောင်းပျံသန်းမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၂၃ရက်) နံနက် ၈ နာရီ ၃၅ မိနစ်တွင် လားရှိုးမြို့၊မယ်ဟန်ကျးရွာအုပ်စု၊ ခိုဆန်တန်ကျေးရွာရှိ ရိုးရာ ဆန်အရက်ချက်စက်ရုံ၊၁၀နာရီ ၅မိနစ်တွင် ရပ်ကွက်(၁၂)နှင့် ညနေ ၃နာရီ ခန့်တွင် လားရှိုးမြို့အမှတ်(၃)ရဲစခန်းကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)ကနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ခိုဆန်တန်ကျေးရွာရှိ ရိုးရာဆန်အရက်ချက်စက်ရုံတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ပြင်းထန် သောပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့ကြောင်းMNDAA က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နောက်ထပ်လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်တွင် လူထိခိုက်မှုရှိကြောင်း သိရသော်လည်း အသေးစိတ်မသိရှိရသေးပေ။

ထို့အပြင် စစ်ကောင်စီ၏ ဂျက်ဖိုင်တာတစ်စီးနှင့် Y-12 လေယာဉ်တစ်စီးသည် လှည့်ပတ်ပျံဝဲနေဆဲဟု လားရှိုးမြို့ခံချို့က ပြောသည်။

” လားရှိုးမြို့ဒီနေ့တော်တော်လေး သတိထားရမယ်။ စစ်ကောင်စီလေယာဉ်တွေကို ပြန်ပြီးပစ်ခတ်နေတဲ့အသံတွေလည်းကြားရတယ်။ ကျနော်တို့အသေးစိတ်တော့ မသိဘူးပေါ့။ ဒါပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနိုင်တယ်”ဟု လားရှိုးမြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၂ရက် ယနေ့နံနက်စောတွင်လည်း စစ်ကောင်စီက လားရှိုးမြို့ မန်ဆူဘုရားအနီးရှိ ရပ်ကွက် (၁၂)ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်သည် MNDAA၏ အထူးဒေသ(၁) လောက်ကိုင်မြို့ ၊ သိန္နီခရိုင်နှင့် လားရှိုးမြို့တို့ကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ သုံးလကျော်အတွင်း အရပ်သားသေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ကြောင်း MNDAAက ယမန်နေ့က သတင်းထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။